(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများအနေဖြင့် ဆုဖလားနှင့် ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ် ခူးရရှိထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ သြဂုတ် (၁၈) ရက်မှ (၂၅) ရက်အထိ ကျင်းပနေသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲ ကျင်းပနေခြင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမားများက Champion of Champion Overall Champion ဆုဖလားနှင့် ရွှေလေးခု၊ ငွေနှစ်ခု၊ ကြေးသုံးခုဆွတ်ခူး ရရှိထားကြောင်း သိရသည်။
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၌ မြန်မာကစားသမား(၁၀) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ (၇)ဦး ဆုတံဆိပ်ရရှိခဲ့သည်။
ဩဂုတ် (၂၂) ရက်မှ (၂၄) ရက်အထိ ကျင်းပမည့် (၅၇) ကြိ မ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲတွင်လည်း မြန်မာ့လက်ရွေးစင် ကာယဗလအားကစားသမားများ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၌ မြန်မာ့ကာယဗလ အားကစားအဖွဲ့မှ အားကစားသမား (၁၀) ဦး၊ (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်အားကစားပြိုင်ပွဲ၌ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
