Sunday, December 14, 2025

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊"...

အိန္ဒိယက တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် ဗီဇာကို ဖြေလျှော့ပေး

         အိန္ဒိယသည် တရုတ်ကျွမ်းကျင်ပညာရှင်များအတွက် စီးပွားရေးလုပ်ငန်းဗီဇာကိုမြန်ဆန် စွာရရှိစေရန် ကြိုးနီစနစ်များကို ဖြေလျှော့ပေးခဲ့ကြောင်း အရာရှိနှစ်ဦးက ပြောကြားခဲ့ပြီး အဆိုပါ ဆောင်ရွက်ချက်သည် အာရှအင်အားကြီးနှစ်နိုင်ငံအကြား ဆက်ဆံရေးကို မြှင့်တင်ရန်နှင့်...
HomeInternationalအရှေ့တီမောနိုင်ငံသည် အာဆီယံ၏ ၁၁...

အရှေ့တီမောနိုင်ငံသည် အာဆီယံ၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင် ဖြစ်လာတော့မည်

အရှေ့တီမောနိုင်ငံအား လာမည့်အောက်တိုဘာလတွင် အာဆီယံဒေသဆိုင်ရာအဖွဲ့၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာရန် စီစဉ်ထားကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့သည်။

လက်ရှိ အရှေ့တောင်အာရှနိုင်ငံများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ အန်ဝါ၏ အတည်ပြုပြောကြားချက်အရ အဖွဲ့ဝင်အဖြစ် တရားဝင်ပူးပေါင်းခြင်းကို ကွာလာလမ်ပူတွင်ကျင်းပမည့် ကမ္ဘာ့ခေါင်းဆောင်များစည်းဝေးပွဲတွင် ပြုလုပ်မည်ဖြစ်သည်။ အရှေ့တီမောသည် ၂၄ နှစ်ကြာ အင်ဒိုနီးရှား၏ သိမ်းပိုက်မှုကိုခံခဲ့ရပြီးနောက် ၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော ဒေသတွင်းနိုင်ငံသစ် ဖြစ်သည်။

အရှေ့တီမောနိုင်ငံ၏မြို့တော် ဒီလီတွင် အရှေ့တီမောသမ္မတ ရာမို့စ်-ဟော်တာနှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အန်ဝါက “အရှေ့တီမောရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်လာမှုက ကျွန်တော်တို့အားလုံးအတွက် အကျိုးကျေးဇူး အလွန်ကြီးမားမှာပါ”ဟု ပြောသည်။

“၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ခင်ဗျားတို့ရဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်လာမှုကို ကျွန်တော်တို့ အကြီးအကျယ် ကျင်းပပေးမှာပါ” ဟုလည်း သူက ဆိုသည်။

အန်ဝါက နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုအတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် ကာကွယ်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟုလည်း ပြောကြားခဲ့သည်။ ၎င်း၏ ခရီးစဉ်အတွင်း အရှေ့တီမောဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံရန်လည်း စီစဉ်ထားသည်။

သမ္မတ ဟိုဆေး ရာမို့စ်-ဟော်တာသည် အရှေ့တီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် ၂၀၁၁ ခုနှစ်တွင် ပထမဆုံးအကြိမ် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဟော်တာက “ကျွန်တော်တို့ရဲ့ ဆွေးနွေးမှုတွေက နွေးထွေးပြီး အပြုသဘောဆောင်ပါတယ်၊ အောက်တိုဘာလ ကွာလာလမ်ပူမှာ သမိုင်းဝင်အာဆီယံအဖွဲ့ဝင်ဖြစ်ဖို့ ကျွန်တော်တို့ပြင်ဆင်နေချိန်မှာ အနာဂတ်ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်”ဟု ပြောသည်။ “အဖွဲ့ဝင်အဖြစ် အပြည့်အဝရရှိဖို့အတွက် ကျန်ရှိနေတဲ့မှတ်ကျောက်တွေကို စံမီပြည့်မီစေဖို့ မလေးရှားနဲ့ရော အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ ကတိပြုပါတယ်” ဟုလည်း သူက ဆိုသည်။

အာဆီယံအဖွဲ့ကို ၁၉၆၇ ခုနှစ်က အဖွဲ့ဝင် ၅ နိုင်ငံဖြင့် စတင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးအဖြစ် ကမ္ဘောဒီးယားကိုထည့်သွင်းကာ တဖြည်းဖြည်းတိုးချဲ့ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ကလည်း လာမည့်လတွင် ကွာလာလမ်ပူ၌ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ခေါင်းဆေးကျွန်းဆရာတော်ကြီး၏ ရုပ်ထုတော်မှာပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြ၍ နံ နက် ၈ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သော်လည်း ကျောင်း ဆောင်ကြီးမှာမူ ပျက်စီးဆုံးရှုံးခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများအားရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁၁ ရက်တွင်လည်း မွန်ပြည်နယ်ဝန် ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်တော်ကြီးအား ကြည့်ရှုစစ်ဆေး၍...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့ စုဝေးရောက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊" "ထရမ့်ကို စွပ်စွဲပြစ်တင်ပါ၊" "ထရမ့်ကို ရပ်တန့်ပါ" စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသည်။ မိန့်ခွန်းပြောကြားသူများက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ခြင်းကို ဝေဖန်ခဲ့ကြသည်။ ဆန္ဒပြသူများသည် လက်ရှိ ဝါရှင်တန်အစိုးရအား "ဖက်ဆစ်" ဟု ခေါ်ဝေါ်ကာ "ထရမ့် ထွက်သွားရမည်" ဟူ၍ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို စစ်ဆန့်ကျင်ရေး၊ လက်ဝဲယိမ်းနှင့် ရွှေ့ပြောင်းနေထိုင်သူများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071