အရည်အသွေးကောင်းသည့် ထောပတ်သီးများရရှိရန် မြန်မာနိုင်ငံ ထောပတ်သီးအသင်းမှ ထောပတ်သီးစိုက်တောင်သူများအတွက် လာမည့်နှစ်တွင် ထောပတ်သီးနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီးကို ပြည်တွင်းစျေးကွက်ဖြစ်သည့် နေပြည်တော် ၊ ရန်ကုန်နှင့် မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြည်ပစျေးကွက်အနေဖြင့် ထိုင်းနိုင်ငံသို့ Border Trade ဖြင့် တင်ပို့လျက်ရှိကြောင်း သိရသည်။
” ထောပတ်သီးစပေါ်တဲ့အချိန်တုန်းက စျေးကောင်းမရဘူး။ ဘာကြောင့်လဲဆိုတော့ တာချီလိတ်လမ်းကြောင်းတစ်ခုပဲရှိတဲ့အတွက် စျေးကောင်းမရဘူး။ အခု ဒီဇင်ဘာမှစျေးကောင်းစရတာ။ ဒီနှစ်မှာ အသီးရဲ့ Quality ကလည်း အရမ်းညံ့တယ်” ဟု မြန်မာနိုင်ငံထောပတ်သီးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားမျိုးများဖြစ်သည့် ထောပတ်သီးမျိုးများကို စိုက်ဧက (၁၅၀၀၀) ကျော်စိုက်ပျိုးထားပြီး ယင်းမှ တန်ချိန် (၂၀၀၀) ခန့်ထွက်ရှိမည်ဖြ စ်ကြောင်း သိရသည်။