Tuesday, June 24, 2025

ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ရိုးမရိပ်သာ တန်ဘိုးနည်းအခန်းများရောင်းချနိုင်ရေး အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ကော်မတီမှ စိစစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသော...

MNL League Cup 2025...

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ...

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည်...

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading...
HomeInternationalအယ်လ်အေတွင်လဝကစီမံချက်ကိုဆန္ဒပြ‌နေ၍ အစောင့်တပ်များ ချထား

အယ်လ်အေတွင်လဝကစီမံချက်ကိုဆန္ဒပြ‌နေ၍ အစောင့်တပ်များ ချထား

အမေရိကန်ပြည်ထောင်စု လော့ဆန်းဂျလိစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးကို ကြပ်မတ်သော စီမံချက်များကို ဆန့်ကျင်သည့် ဆန္ဒပြမှုများတွင် ဆန္ဒပြသူများနှင့် အာဏာပိုင်များအကြား ရုန်ရင်းဆန်ခတ်ဖြစ်မှုများ ပေါ်ပေါက်နေသောကြောင့် ထရမ့်ပ်အစိုးရအဖွဲ့က ကယ်လီဖိုးနီးယားနိုင်ငံတော် အစောင့်တပ်များကို ဖြန့်ကြက်ချထားလိုက်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

ပြည်နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် ကြပ်မတ်ရေးစီမံချက်များကို ဆန့်ကျင်မှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ကယ်လီဖိုးနီးယား၌ ဥပဒေမဲ့လုပ်ရပ်များကို ဖြေရှင်းရန်အတွက် နိုင်ငံတော်အစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို ဖြန့်ကြက်ချထားရေး စာချွန်လွှာကို သမ္မတဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ကာရိုလင်းလီဗစ်က စနေနေ့ညပိုင်း သတင်းထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

“ဒီအကြမ်းဖက်ဖြစ်စဉ်တွေအရ ကယ်လီဖိုးနီးယားရဲ့ ဒီမိုကရက်ခေါင်းဆောင်တွေဟာ နိုင်ငံသားတွေကို ကာကွယ်ရမယ့် သူတို့တာဝန်ကို လုံးလုံးလျားလျား စွန့်လွှတ်လိုက်ပါပြီ” ဟု လီဗစ်က ပြောကြားခဲ့သည်။ ထို့ကြောင့်ပင် ဥပဒေမဲ့လုပ်ရပ်များကို ဖြေရှင်းရန်အတွက် နိုင်ငံတော်အစောင့်တပ်ဖွဲ့ဝင် ၂,၀၀၀ ကို တပ်ဖြန့်ရန် သမ္မတအမိန့်ကို သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်ဟု လီဗစ်က ဆိုခဲ့သည်။

လော့ဆန်းဂျလိစ်တွင် ပြည်ထောင်စုတရားဥပဒေစိုးမိုးရေးကို အထောက်အကူပေးရန်အတွက် နိုင်ငံတော်အစောင့်တပ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းခေါ်ယူထားသည်ဟု ကာကွယ်ရေးဝန်ကြီး Pete Hegseth က X ပေါ်တွင် ပို့စ်တင်၍ ပြောဆိုခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက Camp Pendleton တွင် တာဝန်ကျနေသည့် မရိန်းတပ်သားများကို ခေါ်ယူသွားမည်ဖြစ်ကြောင်းနှင့် ၎င်းတို့ကို တပ်လှန့်ထားကြောင်းကိုလည်း ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နူးဆမ်းက စနေနေ့အစောပိုင်းတွင် ပြောဆိုခဲ့ရာ၌ ဖက်ဒရယ်အစိုးရသည် ကယ်လီဖိုးနီးယားနိုင်ငံတော်အစောင့်တပ်ကို လွှဲပြောင်းရယူရန် လုပ်ဆောင်နေပြီး ယင်းလုပ်ရပ်သည် ရည်ရွယ်ချက်ရှိရှိဖြင့် ချဲ့ကားမှုဖြစ်ကြောင်းနှင့် တင်းမာမှုများကို ပိုမိုမြင့်တက်စေမည်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယား ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် အကူအညီမလိုအပ်ကြောင်း နူးဆမ်းက ပြန်လည်ပြောကြားခဲ့သည်။

Ref: အေဘီစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရိုးမရိပ်သာ တို-က်ခန်းဝယ်ယူခွင့်ရရှိသူများကိုမဲနှိုက်ရွေးချယ်ပြီးဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ရိုးမရိပ်သာ တန်ဘိုးနည်းအခန်းများရောင်းချနိုင်ရေး အိမ်ခန်းဝယ်ယူခွင့် လျှောက်လွှာများကို ကော်မတီမှ စိစစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီမှု မရှိသော လျှောက်လွှာများကို ပယ်ဖျက်ကာ သတ်မှတ်ချက်ကိုက်ညီသော လျှောက်လွှာ ( ၂၂,၂၄၆)စောင်ကို အိမ်ရာရောင်းချရေးကော်မတီမှ ဇွန် ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) ၌ တို-က်ခန်း ဝယ်ယူခွင့်ရရှိမည့်သူများကို မဲနှိုက်ရွေးချယ်ခဲ့ပြီးဖြစ်သည်။ အဆိုပါ တို-က်ခန်းဝယ်ယူခွင့် မဲပေါက်သူများ အနေဖြင့် တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ကိုယ်တိုင် မဲနှိုက်သွားရမည်ဖြစ်သည်။  မဲနှိုက်ခွင့်ရရှိသူများကို တစ်ဦးချင်း ဆက်သွယ်အကြောင်းကြားသွားမည်...

MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပြီဖြစ်သည့် ရန်ကုန်ယူနိုက်တက်

ဇွန် (၂၃) ရက်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံ ယူနိုက်တက်အသင်းတို့ MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်ရန် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၃)ဂိုး(၁)ဂိုးဖြင့် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီဖြစ်သည်။ ပထမပိုင်းပွဲစဉ်အတွင်း တစ်ဖက်(၁)ဂိုးစီဖြင့် သရေကစားခဲ့ရာမှ ဒုတိယပိုင်းပွဲချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို ကျောနံပါတ်(၂၈) သာယာဝင်းထက်က သွင်းယူပေးခဲ့သလို ဒုတိယဂိုးကို ကျောနံပါတ်(၁) ကောင်းစည်သူနှင့် တတိယဂိုးကို ကျောနံပါတ်(၂၇) အီစိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ ဇွန်လ (၂၄)ရက် ဆီမီးဖိုင်နယ်တွင် ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့်...

ပဲခူးတိုင်း မြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းမြို့နယ် (၂၈) မြို့နယ်ရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခမဲ့ဆေးဝါး တစ်လစာ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ (၂၃)ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးမှုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၁)ကြိမ်မြောက်ရှိပြီဖြစ်ကာ၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ယ‌နေ့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့် ရှောက်မှုပေးနေခြင်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကသွား ရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071