Sunday, September 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့...

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည်...

စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းကြောင့် ဘန်ကောက်မြို့ ငလျင်အန္တရာယ်...

​မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ပိုင်းအပိုင်းဟာ ခန့်မှန်းခြေ နှစ် ၁၀၀ လည်ပတ်မှုစက်ဝန်း ကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တာကြောင့် အကယ်၍သာ အဲဒီကနေ အင်အားပြင်း ငလျင်လှုပ်ခတ်လာရင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့...

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့တွင် ကျင်းပသည့်...

အမြန်လမ်းရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေ ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန်သတိပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ကလီထော်ချောင်းကူးတံတား၏ ကွန်ကရစ်ကြမ်းခင်းအားပြင်ဆင်မှုများပြုလုပ်နေသဖြင့် ယာဥ်မောင်းများအရှိန်လျော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးခဲ့သည်။ ကလီထော်ချောင်းကူးတံတားသည် အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆/၅ နှင့် ၆/၆ ကြားတွင်တည်ရှိပြီး လက်ရှိကွန်ကရစ်ကြမ်းခင်းပြင်ဆင်နေခြင်းမှာ...
HomeNewsLocal Newsအမှတ် (၈) အစုန်...

အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU ရထားတွဲ ခဲဖြင့်ပေါက်ခံရ၊ ကျူးလွန်သူ ဖမ်းဆီးရမိရေး ဆောင်ရွက်နေ

နေပြည်တော်၊ စက်တင်ဘာ ၅

ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းတွင် ပြေးဆွဲပေးနေသည့် အမှတ် (၈) အစုန် နေပြည်တော်-ရန်ကုန် DEMU လူစီးအမြန်ရထားတွဲအား ခဲဖြင့်ပစ်ပေါက်ခံရသဖြင့် ရထားတွဲ၏ လေကာမှန် ပျ-က်စီးသွားခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ စက်တင်ဘာ ၄ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှတ် (၈) အစုန် DEMU ရထားသည် ရန်ကုန်ဘူတာကြီးသို့ ခရီးဆုံးရောက်ရှိပြီးနောက် ရထားတွဲဆိုင်းအား သိမ်းဆည်းရန် စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ထွက်ခွာမောင်းနှင်စဉ် လမ်းညာဘက်ခြမ်းမှ ခဲဖြင့် ပစ်ပေါက်ခံခဲ့ရခြင်း ဖြစ်သည်။

ခဲဖြင့်ပစ်ပေါက်ခံရမှုကြောင့် ရထားတွဲဆိုင်း၏ ဒုတိယတွဲဖြစ်သည့် ပထမတန်း DEMU F-4030 တွဲ၊ ခုံအမှတ် 3A၊ 3B နှင့် 4A၊ 4B အကြားရှိ ပြတင်းပေါက်ဘေး လေကာမှန်မှာ ၂ လက်မခန့် ပေါက်ထွက်သွားပြီး မှန်များ ကြေမွကွဲအက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားချိန်တွင် အမှတ် (၈) အစုန်ရထားမှာ ခရီးဆုံးဘူတာသို့ ရောက်ရှိပြီး ရထားသိမ်းဆည်းရန် မိခင်စက်ရုံသို့ ဆက်လက်ထွက်ခွာနေခြင်းဖြစ်သဖြင့် ရထားပေါ်တွင် စက်ခေါင်းမောင်းနှင့် စက်မှုစက်ပြင်အဖွဲ့သာ ပါရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ခဲဖြင့်ပ-စ်ပေါက်ခံရသည့် ဖြစ်စဉ်ကို စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ရောက်ရှိချိန်မှသာ သိရှိခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူ ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ အရေးယူနိုင်ရေးအတွက် အင်းစိန်နယ်မြေရဲစခန်းတွင် အမှုဖွင့်၍ ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားက သိရသည်။

ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ ရထားကို တစ်စုံတစ်ရာဖြင့် ပ-စ်ပေါက်ခြင်း သို့မဟုတ် ရထားပို့ဆောင်ရေးလုပ်ငန်းကို ထိခိုက်စေနိုင်သည့် လုပ်ရပ်များ ပြုလုပ်ခြင်းအတွက် ထောင်ဒ-ဏ်နှင့် ငွေဒ-ဏ်များ ချမှတ်နိုင်ကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ ပိုမိုလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် လေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လူစီးအမြန်ရထားများ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ရထားနှင့် ရထားပို့ဆောင်ရေးဆိုင်ရာ အဆောက်အအုံ၊ ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ခရီးစဉ်ပြီးဆုံး၍ ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဟနွိုင်းမြို့ရှိ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများ၊ စစ်သံမှူးနှင့် စစ်သံရုံးဝန်ထမ်းများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည်...

စစ်ကိုင်းပြတ်ရွေ့ တောင်ပိုင်းကြောင့် ဘန်ကောက်မြို့ ငလျင်အန္တရာယ် စိုးရိမ်ဖွယ်ရှိနိုင်ဟုဆို

​မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ပိုင်းအပိုင်းဟာ ခန့်မှန်းခြေ နှစ် ၁၀၀ လည်ပတ်မှုစက်ဝန်း ကုန်ဆုံးဖို့ နီးကပ်လာပြီဖြစ်တာကြောင့် အကယ်၍သာ အဲဒီကနေ အင်အားပြင်း ငလျင်လှုပ်ခတ်လာရင် ဘန်ကောက်မြို့အနေနဲ့ ပြင်းထန်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ထိုင်းအင်ဂျင်နီယာတွေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ ​သောကြာနေ့က ထမ်မဆတ်(Thammasat) တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ "ရာသီဥတု မသေချာမရေရာတဲ့ခေတ်မှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များ" ဆိုတဲ့ ဘာသာရပ်ပေါင်းစုံ ဆွေးနွေးပွဲမှာ ထိပ်တန်းသုတေသီတွေက အရင်ကလှုပ်ခဲ့တဲ့ ငလျင်တွေအပြီးမှာ ပြည်သူတွေနဲ့ စည်ပင်သာယာရေး အာဏာပိုင်တွေအနေနဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်

ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့တွင် ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။ အဆိုပါဖိုရမ်သို့ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ တက်ရောက်ကြပြီး နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးသည် ယခုနှစ်တွင် နှစ် ၅၀ ပြည့် ရွှေရတုသက်တမ်းသို့ ရောက်ရှိခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံသည် ၂၀၁၇...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071