အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း – ခံတက္ကုန်း – နှမ်းခင်း – ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်သူများ သွားလာရေးလွယ်ကူစေရန်အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း – ခံတက္ကုန်း – နှမ်းခင်း – ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း (၁/၂.၈၃မိုင် X ၁၂’X ၉”)ဆောင်ရွက်နေခြင်းဖြစ်သည်။
အဆိုပါလမ်းပိုင်းကို လမ်းအရှည် (၀/၂)မိုင်အား ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ (၈၇.၈၇၃)
ကျပ်သန်းဖြင့်လည်းကောင်း၊ လမ်းအရှည်(၀/၅ .၁၅)မိုင်အား တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ(၂၂၅.၄၃၇)ကျပ်သန်း
ဖြင့်လည်းကောင်း ၊လမ်းအရှည် (၀/၃.၆၈)မိုင်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(ဒေသဖွံ့ဖြိုးရေး) ရန်ပုံငွေ (၁၆၁.၉၈၁)ကျပ်သန်းတို့ဖြင့်လည်းကောင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းလမ်းပိုင်းကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပိုင်းဆောင်ရွက်ပြီးစီးပါကလမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်ပြီး ကျေးရွာအုပ်စု(၃)ခု ၊ကျေးရွာပေါင်း(၈)ရွာတို့အတွက် ပညာရေး၊ ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကိစ္စရပ်များအတွက် ပိုမိုအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
