Friday, April 3, 2026

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့်...

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု...

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့်...

သင်္ကြန်ပိတ်ရက်အတွင်း မြန်မာ့မီးရထားလမ်းကြောင်းများ ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း...

သင်္ကြန်ပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် လမ်းပိုင်းများအပါအဝင် နိုင်ငံတစ်ဝန်းရှိ လူစီးရထားများကို နေ့စဉ်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရှုခင်းကြည့်ရထားများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း...
HomeNewsLocal Newsအမှတ်တရထုတ်မည့် ကျပ်နှစ်​သောင်းတန်​ငွေစက္ကူ နှင့်...

အမှတ်တရထုတ်မည့် ကျပ်နှစ်​သောင်းတန်​ငွေစက္ကူ နှင့် ဂယက်နှစ်​သောင်း

နစက အ​နေဖြင့် ၄င်း၏ မှတ်တမ်းဝင် ​ပြီး​မြောက်မူတစ်ခုဖြစ်​သောမာရဝိဇယဘုရားကြီး တည်ဆောက် ပြီးစီးမှုအထိမ်းအမှတ်အဖြစ် နှစ်​သောင်းတန်​ငွေစက္ကူကို ယခုလကုန်တွင်ထုတ်​ဝေမည်ဖြစ်သည်။

အရေအတွက်ကန့်သတ်၍ သာအမှတ်တရထုတ်ဝေသွားမည်ဟုသိရသည်။

ဟောင်းနွမ်း၍ သုံးစွဲရန်မသင့်သည့် ငွေစက္ကူအမျိုးအစားတို့နှင့် “တန်ဖိုးတူ”လဲလှယ်ပေးရန်အတွက်ရန်ကုန်၊မန္တ​လေး၊​နေပြည်​တော် (၃)မြို့တွင် လဲလှယ်​နိုင်မည့်​ကောင်တာများဖွင့်​ပေးထားမည်။

အမှတ်တရ သိမ်းချင်သူများအား နှစ်​သောင်းတန် ၃ရွက်ထက်မပိုဘဲ လဲလှယ်​ပေးမည်ဟုသိရသည်။

အသစ်ထွက်ရှိလာမည့် နှစ်​သောင်းတန် အား ပြည်တွင်းလှည့်လည်သုံးစွဲ​ငွေ ​ပြောင်းလဲမည် အထင်​ရောက်​နေခြင်း၊မြန်မာကျပ်ငွေ ဖောင်းပွလာမည် တွက်ဆခြင်း၊ကျပ်ငွေ တန်ဖိုးကျမည် ပူပန်၍ ပစ္စည်းဝယ်စုမည့်သူများရှိလာနိုင်၍ စျေးနှုန်းများ မတန်တဆ တက်သွားခြင်း နှင့်အတူအ​ရောင်း​များရပ်ထားရန် စဥ်းစားသူများရှိ​နေခြင်း၊ ​ဒေါ်လာစျေးများ အဆမတန် တက်သွားနိုင်မည်လားဟူသည့် သံသယ​ကြောင့် စီးပွား​ရေးသမားများနှင့်ပြည်သူများကလည်းစိတ်ပူပန်ခြင်းများရှိ​နေသည်။

အထိမ်းအမှတ်အဖြစ်ထုတ်​သောကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေခြင်းသည် နိုင်ငံစီးပွားရေး စနစ်အတွင်း လှည့်လည်သုံးစွဲငွေ (Currency in Circulation – CIC) အတွင်းသို့ထည့်သွင်းခြင်း မဟုတ်ဘဲ ဟောင်းနွမ်းငွေစက္ကူ လာရောက်လဲလှယ်သူ တစ်ဦးလျှင် ဥပမာ-
ငွေစက္ကူအဟောင်း ကျပ် သိန်း ၁၀၀ လာရောက်လဲလှယ်သူအား ငွေစက္ကူအသစ် ကျပ်သိန်း ၁၀၀ ပြန်ပေးသည့်အခါတွင် အမှတ်တရအဖြစ် ကျပ် နှစ်သောင်းတန် ငွေစက္ကူ ၃ရွက် သာ ထည့်သွင်းလဲလှယ်ပေးရန် လျာထားသည်ဟုသိရသည်။

ဤကဲ့သို့ လဲလှယ်ထားသည့်ဟောင်းနွမ်း ငွေစက္ကူများကို ဖျက်ဆီးမည့် စာရင်းနှင့် ဖျက်ဆီးမည့် ငွေစက္ကူလက်ကျန်အတွင်း သို့ ထည့်သွင်းပြီး ဖျက်ဆီးသွားမည် ဖြစ်သဖြင့် အထက်ပါ ကျပ်နှစ်သောင်းတန် ငွေစက္ကူများထုတ်ဝေခြင်းကြောင့် ငွေကြေးပမာဏ တိုးတက်ရန်အခြေအနေ မရှိကြောင်းဗဟိုဘဏ်ကဆိုသည်။

ဤအခြေအနေတွင် အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည်ဈေးနှုန်းများ ဆွဲတင်ရန်
လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ကြိုးစားနေသူများသည်ပြည်သူ အများ၏ အကျိုးစီးပွားကို ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်နေသူများဖြစ်သဖြင့် ၎င်းတို့အား ဖော်ထုတ်ပြီး အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ​သည်ဟုသိရသည်။

အတည်မပြုနိုင်​သော သတင်းတရပ်အရ ​ဒေါ်လာ​စျေးဆွဲတင်သူ ၂၀ ခန့်အား ​ခေါ်ယူစစ်​ဆေးနေ​ကြောင်းအသံများထွက်​ပေါ်​နေသည်။

“ဒီလို​ငွေစက္ကူသစ်​တွေထွက်ရင်​ဒေါ်လာ​စျေးဆွဲတင်ဖို့ ကြိုးစား​လေ့ရှိကြတာက​တော့ ဖြစ်​နေကျ​ပေါ့​လေ၊အရင် အ​တွေ့အကြုံ တွေအရ စီမံခန့်ခွဲမူ​ ညင်သာထိ​ရောက်သ​လောက် ရက်ပိုင်းအတွင်း​တော့ပြန်ကျ​လေ့ရှိပါတယ်”ဟု သွင်းကုန်းလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၃၅၉,၀၀၀.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄,၁၀၆,၇၂၀.၀၀ အား စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ လည်းကောင်း ဧပြီ ၂ ရက်နေ့က ရောင်းချပေးခဲ့ကြောင်းလည်း သိရသည်။ ဧပြီ ၂ ရက်နေ့တွင် FX Trading ၌ စားသုံးဆီမှ (၁၆)ရာခိုင်နှုန်း ၊...

ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော် လည်း အချုပ်အခြာအာဏာကိုထိပါးစေမည့် ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုလက်မခံ

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း နိုင်ငံတော်၏ အချုပ်အခြာ အာဏာကိုထိပါးစေမည့် မည်သည့်ဖိအားပေးမှုနှင့် စွက်ဖက်မှုကိုမဆိုလက်မခံဟု ယနေ့ ဧပြီ ၂ ရက်ကထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၃ ရက်မှ မတ် ၃၁ ရက်အထိ ဂျီနီဗာမြို့၌ ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၆၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအ နေများကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုကင်းစွာရှုမြင်သုံးသပ်ရန်ပျက်ကွက်နေကာ ဆန့်ကျင်ဖက်အဖွဲ့အစည်းများထံမှရရှိသည့် ခိုင်လုံမှုမရှိသောသတင်းအ ချက်အလက်များကိုအခြေခံသည့် ဆွေးနွေးနေမှုများပြုလုပ်ခဲ့သည်မှာစိတ်ပျက်ဖွယ်ဖြစ်သည်ဟု ထုတ်ပြန်ရေးသားထားသည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့်  ပြည်တွင်းငြိမ်းချမ်းရေး၊...

ရန်ကုန်သင်္ကြန်အတွက် ရေဆက်သွယ်ကစားရန် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု အသိပေး

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်အတွင်း ရေကစားမဏ္ဍပ်များတွင် ရေကိုစနစ်တကျ ဆက်သွယ်အသုံးပြုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။ ရေဆက်သွယ်ကစားလိုသူများအနေဖြင့် ကော်မတီပိုင် ရေပိုက်လိုင်းများ၊ အင်းလျားကန်နှင့် ကန်တော်ကြီးကန်တို့မှ ရေကို ယာယီဆက်သွယ်အသုံးပြုလိုပါက ၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နေ့လည် ၁၂ နာရီမတိုင်မီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) သို့ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ်သည်။ လျှောက်လွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများရှိ (ရေ/သန့်) တာဝန်ခံရုံးများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင် အခမဲ့ထုတ်ယူနိုင်ပြီး လျှောက်ထားရာတွင် သတ်မှတ်ပုံစံအတိုင်း ဖြည့်စွက်ကာ သက်ဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071