Wednesday, March 19, 2025

မကြာမီ အမေရိကသို့ ရှီကျင့်ဖျင် လာမည်–ထရမ့်ပ်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သိပ်မကြာမီတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် ထရမ့်ပ်၏ အခွန်စည်းကြပ်မှုများကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး...

AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ...

မလေးရှားပင်လယ်ရေပြင်သို့ ငွေကျပ်(၉၆)ဘီလီယံကျော်တန်ဖိုးရှိ မူး-ယစ်ဆေးဝါးများအား ပို့ဆောင်ရောင်းချမည့် AA စီးပွားရေးတာဝန်ခံစီမံခန့်ခွဲနေသည့် မူး-ယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင်များအား ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယ-စ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၆...

Online လိ-မ်လည်မှုနှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်သည့်...

ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် Online လော-င်းကစားမှုများ၊ Online လိ-မ်လည်မှုများတွင် ဆက်စပ်ပါဝင်သည့် ဂျပန်နိုင်ငံသား(၁)ဦးအပါအဝင်...

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် တေးသံရှင်များက နှစ်ရက်တာ...

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်သည့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် တေးသံရှင်များက တပေါင်းပွဲတော်ညအဖြစ် နှစ်ရက်တာအခမဲ့ဖျော်ဖြေတင်ဆက်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ...
HomeCelebrities' Newsအမှားတွေကို ထောက်ပြ ဝေဖန်ပေးနိုင်ပါတယ်...

အမှားတွေကို ထောက်ပြ ဝေဖန်ပေးနိုင်ပါတယ် ပိုးအိအိခန့်

poe-ei-ei-1ပိုးအိအိခန့်က လက်ရှိမှာ သူ့ရဲ့   ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကား ဖြစ်လာမယ့် “အယူတော်မင်္ဂလာ” ရုပ်ရှင် ဇာတ်ကားကို နိုဝင်ဘာလ အတွင်း မှာ ရိုက် ကူး သွားတော့ မှာဖြစ်ပါတယ်။ “အယူတော် မင်္ဂလာ” ဇာတ်ကားက ပိုးအိအိခန့် ရဲ့ မိဘတွေ ပိုင်ဆိုင်တဲ့ NOVEL ရုပ်ရှင် ထုတ်လုပ်ရေး ကနေ ရိုက်ကူး တင်ဆက်မယ့် ရုပ်ရှင်ဇာတ်ကား တစ်ကားလည်း ဖြစ်ပါတယ်။ “အယူတော် မင်္ဂလာ” ရုပ်ရှင် ဇာတ်ကား မှာ ပိုးအိအိခန့်က ရန်အောင်၊ မြင့်မြတ်၊ ငြိမ်းချမ်းကျော်၊ ရဲရင့်သွေး၊ နေဝင်း (Snare)၊ နန်းဆုဦး၊ သက်ထား ဝေဇင် တို့နဲ့အတူ သရုပ်ဆောင် သွားမှာဖြစ်ပြီး ရိုက်ကူးမယ့် ဒါရိုက်တာ ကတော့ ညိုမင်းလွင် ဖြစ်ပါတယ်။

“ဒီဇာတ်ကားက ကြီးမားတဲ့ လိမ်လည်မှုတွေ ကို ပြုလုပ်တဲ့ အကြောင်းအရာတွေ ကို ပရိသတ်တွေ အနေနဲ့ စိတ်လှုပ်ရှား ဖွယ် စောင့် ကြည့် ရမယ့် ရုပ်ရှင်ဇာတ် ကား တစ်ခုဖြစ်ပါတယ်။ ညီမ အတွက် ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားပါ။ အဓိက ကတော့ သရုပ်ဆောင် တစ် ယောက်ဖြစ် တဲ့အတွက် သရုပ်ဆောင်မှု အပိုင်းမှာ ရုပ်ရှင်ရယ်၊ ဗီဒီယို ရယ်လို့ ခွဲခြား လုပ်တာမျိုး မရှိဘူး။ ဗီဒီယိုဆိုတာက အိမ်မှာ ကြည့်ရတဲ့ အပန်းဖြေစရာ အင်တာတိန်းမန့် တစ်ခု၊ ရုပ်ရှင် ဆိုတာကတော့ ရုပ်ရှင် ရုံပေါ်မှာ သွားရောက် ကြည့်ရတာ ဖြစ်တယ်။ အနုပညာရှင် သရုပ် ဆောင်တွေ အတွက်ကတော့ ဘယ် ကာရိုက်တာပဲ လာလာ၊ ဘယ်လိုဇာတ် မျိုးပဲ ကိုယ့်လက်ထဲ ကို ရောက် လာ ရောက်လာ တာဝန်ကျေအောင် ထမ်းဆောင် ရမှာဖြစ်ပါတယ်” လို့ ပိုးအိအိခန့်က ဆိုပါ တယ်။ ပိုးအိအိခန့်က လက်ရှိ မှာ ဖြစ်ပေါ်နေတဲ့ “မြန်မာပေါကားများရပ်” ဆိုတဲ့ အကြောင်းအရာ တွေကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ ဝင်ရောက် ကြည့်ရှု ဖြစ်ပြီး သူ့တစ် ဦး တစ်ယောက်တည်း အမြင်အရ ပြောရမယ် ဆိုရင် ပရိသတ်တွေ ဘက်က ပြောနေတာ တွေလည်း မမှားပါဘူး လို့ မှတ်ချက် ပြု ဆိုလာပါတယ်။

“ပရိသတ်တွေ အနေနဲ့ကလည်း အခုလိုမျိုး ဝေဖန်ထောက်ပြ လာကြ တယ်ဆိုတာ သူတို့တွေကလည်း မြင်လို့၊ ခံစားရလို့ လုပ်လာ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့။ လူမှုဝန်းကျင် ဆိုတာ သူ့ပတ်ဝန်းကျင်၊ သူ့အသိုင်းအဝိုင်း ဆိုတာ ရှိပြီးသားလေ။ ကိုယ်တွေက ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် အသိုင်းအဝိုင်းကို နားလည်တယ်။ ဥပမာ- ကိုယ်က အနုပညာလောက ထဲကလူ ဆိုရင် စီးပွားရေး လောကထဲက သူတို့ရဲ့ အခက်အခဲတွေ၊ သူတို့ ရင်းနှီး မြှုပ်နှံမှုတွေကို နားမလည် နိုင်ဘူးလေ။ နားမလည်နိုင်တဲ့ အခါ မြင် ရုံလေး ကိုပဲ ကြည့်ပြီး တော့ ဝေဖန်မိ တာမျိုးရှိတယ်။ အဲဒီလိုပါပဲ ပရိသတ်တွေ အခု အနုပညာ ထုတ်ကုန်တွေ အပေါ် ဝေဖန်နေ ကြ တာ တွေ က မှားလား ဆိုတော့လည်း သူတို့ ဝေဖန်နေတဲ့ အချက်အလက် တွေက မမှားပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်ရ တဲ့ အကြောင်း အရင်းမှာ နက်နက် နဲနဲ လုပ်နေတဲ့ သူတွေကတော့ ကိုယ့်အခက်အခဲ ကိုယ် တွေပဲ သိကြတာ ဖြစ်ပါတယ်။ အဲဒီတော့ နောက်ပိုင်း ကာလမှာ ရုပ်ရှင် နဲ့ဗီဒီယိုတွေ  ခေတ်ပြန်ကောင်း လာတဲ့အချိန် ပြန်ရောက်လာရင် အခု ဝေဖန်ခံနေရ တာတွေ လျော့နည်း သွားမယ်လို့ ထင်ပါတယ်။ အခု လက်ရှိ ဝေဖန် ထောက်ပြနေတဲ့ အချက်အလက် တွေကနေ ရုန်းထွက်နိုင်ဖို့ ဆိုတာ အကုန်လုံး ဝိုင်း ဝန်းပြီးတော့ လက်တွဲ လုပ်သွားမှ သာ အဆင်ပြေ သွားမှာဖြစ်ပါတယ်” လို့ ပိုးအိအိခန့် က သူ့ရဲ့ အမြင်ကို ပြောပြပေးပါတယ်။

ပိုးအိအိခန့်က အခုလက်ရှိမှာတော့ “ဟတ်ထိ ပြီး ကပ်ငြိသွားမယ်” ဆိုတဲ့ ဗီဒီယိုဇာတ်ကား ထွက် ရှိဖို့ရှိနေပြီး ထပ်မံ ထွက်ရှိလာစရာ ဗီဒီယိုဇာတ် ကား တွေရှိနေသေးတဲ့ အပြင် ဗီဒီယို ဇာတ်ကား ရိုက် ကူးဖို့ တွေ အတွက်လည်း လက်ခံ ထားတာတွေ ရှိနေပြီ လို့ ဆိုပါတယ်။

“ညီမက အနုပညာ အပေါ်ကို တအားရူးသွပ် လွန်းလို့သာ အဖေနဲ့ အမေက NOVEL ထုတ်လုပ်ရေးကို တည် ထောင်ပေးခဲ့တာပါ။ ညီမမှာ အနုပညာ မျိုးရိုး လည်း မရှိပါဘူး။ ဒါပေမဲ့ အနုပညာလောက ဟာ ကိုယ် ဝါသနာ တအားပါတဲ့ အလုပ်ဖြစ်တဲ့ အတွက် ကြိုးစားမှု ပိုထည့်ပါတယ်။ သင်ယူမှု ဆိုတာ ဇာတ်ကားတွေ ရိုက်ကူး နေရင်းကပဲ ရခဲ့ပါတယ်။ သရုပ်ဆောင် သင်တန်းတွေ လည်း မတက်ခဲ့ဖူး ပါဘူး။ အဲဒီ အတွက် လိုအပ်ချက် ဆိုတာ အများကြီး ရှိနေမှာပါ။ ပရိသတ်တွေ အနေနဲ့ ဝေဖန်ပေး ပါ။ ပရိသတ်တွေ ဝေဖန်ပေးတယ် ဆို တာ ကိုယ့်ရဲ့ဆရာ လိုပါပဲ။ ကိုယ့်ကို ကောင်းစေချင် လို့သာ ဝေဖန်ပေးကြတာ ဖြစ်တယ်လို့ ခံယူပါတယ်။ အမှားတွေ ကို ထောက်ပြေ ဝဖန် ပေးနိုင် ပါတယ်။ ညီမရဲ့ ဖေ့စ်ဘုတ်ကို Poe Ei Ei Khant  ဆိုပြီးတော့ အင်္ဂလိပ် နာမည် နဲ့ သုံးပါတယ်။ ညီမရဲ့ chat box ကနေ လာရောက် ဝေဖန် အကြံပြုပေးနိုင်ပါတယ်” လို့ ပိုးအိအိခန့်က ပြောပြပေးခဲ့ပါတယ်။

ထက်လူ၊
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071