ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ နိုဝင် ဘာ ၂၂ ရက်နံနက် ၅ နာရီခွဲခန့်က Surf ကားမှ ရပ်ထားသည့်ကုန်တင်ကားနောက်ပိုင်းကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် Surf ကားသည် မိုင်တိုင်အမှတ် ၁၈၀/၂ နှင့် ၁၈၀/၃ ကြားတွင်ရပ်နားနေသည့်ကုန်တင်ကားအား နောက်မှဝင်တို-က်မိသဖြင့် သာဂရအမြန်လမ်းမီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် Surf ကားပေါ်မှ အမျိုးသား (၃) ဦးသည် အခင်းဖြစ်နေရာ၌ ေ-သဆုံးသွားသဖြင့် ဆွာမြို့မနာရေးကူညီမှုအသင်း၊ MR တို့မှ ဆွာမြို့တို-က်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
