ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။
နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
