Saturday, August 1, 2026

တာချီလိတ်၌ မြစ်ရေကျစပြုသော်လည်း နောက်ထပ် ၁၂...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်ပိုင်းက မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ငယ်အချို့ ရေမြုပ်သည်အထိ စိုးရိမ်ဖွယ်...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး လွှတ်တော်က IPU...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက...

Sky Villa Condo ပြိုကျမှုနှင့်...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေးမြို့ရှိ Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးပြီး လူ‌ေ-သဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးကုမ္ပဏီ...

သီလဝါအထူးစီးပွားရေးဇုန်၌ ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး...

သီလဝါအထူးစီးပွားရေးဇုန်အတွင်း Thilawa Property Development Limited (TPD) မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃.၃၇ မဂ္ဂါဝပ်ထွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း...
HomeNewsLocal Newsအမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍...

အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍ ဘက်မျှဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေး တည်ဆောက်မည်

နေပြည်တော်၊ ဇူလိုင် ၃၁

မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာစွဲကိုင်ကာ နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အာဆီယံနှင့်ဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ၊ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာတို့ကို အလေးထားကာ မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆက်ဆံရေးပုံမှန်ပြန်လည်တိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

အာဆီယံ၏ ထုတ်ပြန်ချက်များသည် အစိုးရချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေခြင်းနှင့် ASEAN Charter၊ ASEAN Way၊ ASEAN Spirit တို့အပေါ် အခြေခံခြင်းရှိပါက အပြုသဘောဆောင်စွာ စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ရှင်းလင်းပြောကြားသည်။

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအချို့၏ သဘောထားများနှင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

သို့ရာတွင် အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများအပေါ် နိုင်ငံတော်အနေဖြင့် ဖြစ်စဉ်တစ်ရပ်ချင်းအလိုက် လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာချီလိတ်၌ မြစ်ရေကျစပြုသော်လည်း နောက်ထပ် ၁၂ နာရီအတွင်း ရေပြန်တက်နိုင်၍ သတိပေးထား၊ နှစ်စဉ်ကြုံတွေ့နေရသည့် ရှမ်းအရှေ့ ရေဘေးအတွက် ရေရှည်အဖြေများ လိုအပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) နံနက်ပိုင်းက မြို့တွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယာဉ်ငယ်အချို့ ရေမြုပ်သည်အထိ စိုးရိမ်ဖွယ် ဖြစ်ပွားခဲ့သော်လည်း မွန်းလွဲပိုင်းမှစ၍ ရေပြန်လည် ကျဆင်းလာနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ သို့သော်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ) ရှိ မယ်ဆိုင်ချောင်းရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေဆဲဖြစ်ပြီး နောက်ထပ် (၁၂) နာရီအတွင်း အနည်းငယ် ပြန်လည်တက်လာနိုင်ကြောင်း ခန့်မှန်းထားသဖြင့် ချောင်းအနီးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအနေဖြင့် ဆက်လက် သတိပြုရန်...

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းရေး လွှတ်တော်က IPU နှင့် ချိတ်ဆက်ဆောင်ရွက်နေဟု ဦးခင်ရီ ပြော

အာဆီယံအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသကဲ့သို့ လွှတ်တော်ဘက်မှလည်း အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) နှင့် ချိတ်ဆက်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားခဲ့သည်။ ဦးခင်ရီက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတွင် ပါဝင်ရန် ကိုယ်တိုင်ရွေးချယ်ခဲ့သည့်အတွက် ယင်းအသိုက်အဝန်းနှင့် ပြန်လည်ပေါင်းစည်းနိုင်ရေးကို အလေးထားဆောင်ရွက်နေကြောင်း၊ အစိုးရပိုင်းက သံတမန်ရေးရာနည်းလမ်းများဖြင့် ဆောင်ရွက်နေသကဲ့သို့ လွှတ်တော်ပိုင်းမှလည်း IPU နှင့် ချိတ်ဆက်ကာ တတ်နိုင်သမျှ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် လွှတ်တော်အတွင်း အဆိုတင်သွင်းဆွေးနွေးရာတွင် ထောက်ခံသူနှင့် ကန့်ကွက်သူများ...

Sky Villa Condo ပြိုကျမှုနှင့် ဆက်စပ်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုကို အမည်မည်းစာရင်းသွင်း

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေးမြို့ရှိ Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးပြီး လူ‌ေ-သဆုံးမှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောက်လုပ်ရေးကုမ္ပဏီ ၃ ခုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို အမည်မည်းစာရင်း (Blacklist) သွင်းလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ကြေညာထားသည်။ အဆိုပါကုမ္ပဏီ၃ ခုနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများကို ၂၀၂၆ ခုနှစ် ဇွန် ၁၉ ရက်မှ စတင်ကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမည်မည်းစာရင်း ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အကြောင်းကြားချက်အရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071