Saturday, May 30, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပထမနှစ်လျှောက်လွှာခေါ်ယူ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပထမနှစ်လျှောက်လွှာခေါ်ယူ

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်၊ အမျိုးသားယဉ်ကျေးမှု နှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာ ပထမနှစ်သင်တန်းသားများကို ခေါ်ယူလျက်ရှိကြောင်း သိရသည်။

ဂီတပညာအထူးပြု ဝိဇ္ဇာဘွဲ့ (ဂီတ) (၄) နှစ်၊ သဘင်ပညာအထူးပြု ဝိဇ္ဇာဘွဲ့(သဘင်) (၄) နှစ်၊ ပန်းချီပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်းချီ) (၄) နှစ်၊ ပန်းပုပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်းပု) (၄) နှစ်၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်) (၄) နှစ်၊ ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုပညာအထူးပြု ဝိဇ္ဇာဘွဲ့(ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု) (၄) နှစ် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့် မဆို အောင်မြင်သူ ဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျန်းမာသန်စွမ်းသူ၊အနုပညာဝါသနာပါသူဖြစ်ရမည် ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၁/ဈ၊ အောင်ဇေယျလမ်း၊ (၂၆) ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဝယ်ယူ၍ နိုဝင်ဘာလ (၁၀) ရက်အထိ ရုံးချိန်အတွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ မှတ်ပုံတင်မိတ္တူ၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ ကျန်းမာကြောင်းထောက်ခံစာ ပတ်စပို့အရွယ် ဓာတ်ပုံ (၇) ပုံတို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက် ၊ နံနက် (၉) နာရီတွင် စွယ်တော်ဆောင်တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာလ (၁၇)ရက်တွင် စွယ်တော်ဆောင်ရှိ ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ကျောင်းအပ်လက်ခံသွားမည်ဖြစ်သည်။

ထို့ပြင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071