Monday, May 4, 2026

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊...

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖ လှယ်မှုအစီအစဉ်၌  Virtual စနစ်ဖြင့်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌...

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့်...

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်က ပြောသည်။ မြန်မာသံအမတ်ကြီးက တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုမြို့တွင် ဧပြီ...
HomeNewsFootballအမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၂)...

အမျိုးသမီးဘောလုံးပြိုင်ပွဲ ပွဲစဉ် (၁၂) အပြီး ISPE အသင်း ရမှတ်အများဆုံးဖြင့် ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နေ

မြန်မာနေရှင်နယ်လိဂ် ၂၀၂၄ ပြိုင်ပွဲ ပွဲစဉ် (၁၂)အပြီးတွင် အမှတ်ပေးဇယားတွင် ရမှတ်(၂၆)မှတ်ဖြင့် ထိပ်ဆုံး၌ ဆက်လက်ရပ်တည်လျက်ရှိသည်။

ယမန်နေ့က ဧရာဝတီအသင်းနှင့် ISPE အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ISPE အသင်းက (၄)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကာ ရမှတ်(၃)မှတ် ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ်(၂၅)မှတ်ဖြင့် အဆင့် (၂)၊ မြဝတီအသင်းက ရမှတ်(၁၇)မှတ်ဖြင့် အဆင့် (၃)တွင်ရပ်တည်နေသလို ဧရာဝတီအသင်းက ရမှတ်(၁၆)မှတ်ဖြင့်အဆင့် (၄) နေရာတွင် ရပ်တည်နေခြင်းဖြစ်သည်။

ထို့အတူ သစ္စာအားမာန်အသင်းက အမှတ်(၁၂)မှတ်ဖြင့် အဆင့်(၅)၊ YREO အသင်းက ရမှတ်(၇)မှတ်ဖြင့် အဆင့် (၆) တွင် ရပ်တည်နေပြီး၊ ရှမ်းအသင်းကမူ ရမှတ်သုညဖြင့် အောက်ဆုံးအဆင့်တွင် ပွဲစဉ်တစ်လျှောက်ရပ်တည်နေသည်။

ရှမ်းယူနိုက်တက် အမျိုးသမီးအသင်းသည် ပြိုင်ပွဲ၏ ဒုတိယအကျော့ ပွဲစဉ် (၁၂)ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ရမှတ်မရရှိသေးပေ။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေ(၇) ရက်မှ ဇွန်(၁၁)ရက်အတွင်း ပွဲစဉ် (၇)ပွဲအား လည်းကောင်း၊ ဒုတိယအကျော့အားဇူလိုင် (၁၇) ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲအားလည်းကောင်း၊ တတိယအကျော့အား စက်တင်ဘာ(၆)ရက်မှ နိုဝင်ဘာ (၅) ရက်အတွင်း ပွဲစဉ် (၇)ပွဲအားလည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်း စသည့်အသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပုံစာ – ပွဲစဉ် (၁၂)တွင် Ayeyawady အသင်းနှင့် ISPE အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြသည့် ပုံရိပ်များ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇသန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို ပြန်ဖွင့်မည်ဟု သိရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များက (ဧပြီ ၃ ရက်)နေ့တွင် စုပေါင်းသန့်ရှင်းရေးနှင့် လိုအပ်သည်များဆောင်ရွက်နေကြကြောင်း သိရသည်။ ကျောင်းဆောင်အတွင်း လက်နက်ကြီးကျည်ကျပြီး ပျက်စီးနေမှုများရှိကာ လက်နက်ငယ်ကျ၍ ဇကာပေါက်ဖြစ်နေသော ခေါင်မိုးများ၊ မျက်နှာကြက်များ၊ စာရေးစားပွဲခုံများ၊ နံရံများကို ပြန်လည်ပြုပြင်ခြင်းများလည်း ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အတူ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်မည့်အစီအစဉ်များလည်းရှိပြီး ဗိုလ်ချုပ် စောချစ်သူနှင့် ဗိုလ်မှူးချုပ်...

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖ လှယ်မှုအစီအစဉ်၌  Virtual စနစ်ဖြင့်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အသက်(၁၅)နှစ်မှ (၆၄)နှစ်အ တွင်းရှိ လူဦးရေမှာ(၆၆ ဒသမ ၉)ရာခိုင်နှုန်းရှိနေခြင်းသည် အခွန်ရငွေတိုးတက်ရရှိရေးအခွင့်အလမ်းဖြစ်ပြီး ထိုအခွင့်အရေးကို အောင်မြင်စွာအသုံးချနိုင်ရန် နိုင်ငံ တော်၏ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် မ ဟာဗျူဟာများချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်အစိုးရများကြားရှိ ဘ ဏ္ဍာရေးချိတ်ဆက်မှုနှင့် ဘတ်ဂျက်ခွဲဝေမှုများကိုလည်း MTFF မှတစ်ဆင့်မူဝါဒအခြေခံသော ဘတ်ဂျက်နှင့် စည်းမျဉ်းအပေါ်အခြေခံသည့်ဘတ်ဂျက်တို့ဖြင့်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071