မော်စကို၊မေ ၆
တရားမျှတသည့်သဘောတူညီချက်တစ်ခုရရှိရန် တေရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အီရန်နှင့်အမေရိကကြားစေ့စပ်ညှိနှိုင်းရာ၌ အဆင်ပြေချောမွေ့စေရန်ကူညီဖို့ ရုရှားကအသင့်ရှိကြောင်း သမ္မတပူတင်က အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်ဖုန်းဖြင့်ဆွေးနွေးစဉ်ပြောကြားခဲ့သည်ဟုသိရသည်။
ယင်းနောက် ခေါင်းဆောင်နှစ်ဦးသည် အိုမန်နိုင်ငံက ကြားဝင်ဖျန်ဖြေပေးထားသည့် အီရန်နှင့်အမေရိကတို့ကြား နျူကလီးယားဆွေးနွေးပွဲများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ခရမ္မလင်နန်းတော်၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆက်ဆံမှုများတိုးချဲ့ခြင်းနှင့် သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ဆိုင်ရာပူးတွဲစီမံချက်များကိုပါ အဓိကထားဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်းဆွေးနွေးခဲ့ကြောင်း ခရမ္မလင်ကပြောကြားခဲ့သည်။
ခေါင်းဆောင်များသည် လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ဆောင်ရွက်ရန်လည်း သဘောတူခဲ့ကြပြီး နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို ပိုမိုညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်းလည်းသိရသည်။
Source : ရှင်းဟွာ