Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeInternationalအမေရိက-အာဆီယံ ကုန်သွယ်ရေးအဆင့်သစ်တက်ရန်အဆင်သင့်ဖြစ်နေ

အမေရိက-အာဆီယံ ကုန်သွယ်ရေးအဆင့်သစ်တက်ရန်အဆင်သင့်ဖြစ်နေ

အမေရိကနှင့် အာဆီယံတို့သည် ကုန်သွယ်မှု ဆက်ဆံရေး ခိုင်မာစေရန် ၎င်းတို့၏ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။

ဧပြီလ ၂၁ ရက်မှ ၂၂ ရက်အထိ ဆီယမ်ရိမြို့ ၌ ကျင်းပသည့် ၃၇ ကြိမ်မြောက် အမေရိက-အာဆီယံ ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက ၎င်းတို့၏ ရပ်တည်ချက် သဘောထားများကို ပြောကြားခဲ့ကြကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

“အမေရိကန်ပြည်ထောင်စုသည် အာဆီယံဒေသအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ထိပ်တန်းရင်းမြစ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ သမ္မတဒေါ်နယ်ထရမ့်၏ ရည်မှန်းချက်မှာ ကျွန်ုပ်တို့၏ကုန်သွယ်မှုဆက်ဆံရေးများတွင် တန်းတူညီမျှ မှု၊ ပိုမိုတရားမျှတမှုနှင့် အပြန်အလှန် အကျိုးရှိမှုကို ဖော်ဆောင်ရန်ဖြစ်သည်။ ထို့အပြင် အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ် စီးပွားရေးစနစ်အတွက် အမေရိက က ထောက်ပံ့အားပေးကူညီမှုများလည်းပါဝင်ပါသည် ဟု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဆိုင်ရာ အမေရိကန်အကြီးတန်းဗျူရိုအရာရှိ ရှောင် အိုးနီလ် က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အရှေ့တောင်အာရှဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရေး၊ ဆိုက်ဘာလုံခြုံရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး၊ အွန်လိုင်း လိ-မ်လှည့်ဖျားမှုများကို ကာကွယ်ရေး စသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ နှင့် ပြည်တွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အာဆီယံနှင့် အမေရိက တို့က ကတိပြုခဲ့ကြသည်။

တချိန်တည်းမှာပင် အမေရိက သည် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့နှင့် လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အတားအဆီးမဲ့ ခွင့်ပြုပေးဖို့ မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ပါသည်။

အာဆီယံ သဘောတူညီချက် ငါးရပ် နှင့်အညီ မြန်မာနိုင်ငံ၏ အမှန်တကယ် ဒီမိုကရေစီလမ်းကြောင်းသို့ လွယ်ကူချောမွေ့စွာရောက်ရှိစေရန် အတွက် အာဆီယံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိက က အာမခံခဲ့သည်။

မတ်လ ၂၈ ရက် နေ့ က ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အသက်ဆုံးရှုံးခဲ့ရသည့်အတွက် ဝမ်းနည်းကြောင်း အိုးနီလ်က ထပ်လောင်းပြောကြားခဲ့သည်။

ပြန်လည်ထူထောင်ရေးကာလရှည်ကြာနေချိန်တွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးပေးနေ‌ကြောင်း သူက ပြောကြားခဲ့သည်။

အိုးနီလ် သည် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ခွန်းပုဗ် တို့နှင့်တွေ့ဆုံဆွေးနွေးမှုတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

Ref: ဘာနားမား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃ နာ ရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။         ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။        ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071