Tuesday, March 25, 2025

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ...

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်)...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ...

အရည်ပျော်နေသည့်ရေခဲမျောတုံးကြီးကထိုင်းကမ်းရိုးတန်းကိုခြိမ်းခြောက်နေ

ကမ္ဘာ့အပူချိန်များ မြင့်တက်နေမှုကြောင့် ကမ္ဘာ့အကြီးဆုံး ရေခဲမျောတုံးကြီး အလျင်အမြန် အရည်ပျော်နေခြင်းသည် ပင်လယ်ရေမျက်နှာပြင် ကို မြင့်တက်စေကာ လာမည့် ၂၅ နှစ်အတွင်း ထိုင်းနိုင်ငံ၏...
HomeInternationalအမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ--ဇလန်းစကီး

အမေရိကသာ မကူညီပါကယူကရိန်းမှာ‌ေ-သဘွယ်ရာသာရှိ–ဇလန်းစကီး

ဖေဖော်ဝါရီ၊ ၁၅

ယူကရိန်းသည် အဓိက မဟာမိတ် အမေရိက ၏ ပံ့ပိုးကူညီမှုကို ဆုံးရှုံးသွားလျှင် ရုရှား၏ စစ်ပွဲကို ရင်ဆိုင်ရာ၌ အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း သမ္မတ ဗိုလာဒီမာ ဇလန်းစကီး က ယခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇလန်းစကီး နှင့် ရုရှားသမ္မတ ဗလာဒီမီရ် ပူတင် တို့ထံ ဖုန်းခေါ်ဆိုပြီးနောက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

“ဖြစ်နိုင်တယ်၊ဒါမဲ့ အရမ်းခက်လိမ့်မယ်။ သေချာပါတယ်၊ ခက်ခဲတဲ့အခြေအနေတိုင်းမှာ တစ်စုံတစ်ခုအတွက် အခွင့်အရေးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အခွင့်အလမ်းနည်းပါတယ် – အမေရိကန်ပြည်ထောင်စုရဲ့ ကူညီပံ့ပိုးမှုမပါဘဲ ရှင်သန်ဖို့ အခွင့်အလမ်းနည်းပါတယ်” ဟု ဇလန်းစကီး က NBC News အစီအစဉ် “Meet the Press” နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့တွင် ထုတ်လွှင့်မည့် အင်တာဗျူးမှ ကောက်နုတ်ချက်ကို သောကြာနေ့တွင် ကြိုတင်ထုတ်ပြန်ခဲ့သည်။

ထရမ့် သည် အမေရိကန်သမ္မတ၏ ပထမဆုံး သံတမန်ရေးရာ ခြေလှမ်း အနေဖြင့် စစ်ပွဲကို အမြန်အဆုံးသတ်မည်ဟု ကတိပြုထားသည့် ပဋိပက္ခ ကြောင့် ပူတင်နှင့် ဇလန်းစကီး တို့ ကို သီးခြား ဖုန်းခေါ်ဆိုကာ စစ်ပွဲအကြောင်းကို ဗုဒ္ဓဟူးနေ့က ဆွေးနွေးပြောဆိုခဲ့သည်။

ထရမ့်က ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ထဲဝင်ဖို့ သည် ကိယက်ဗ်အတွက် လက်တွေ့မကျဟု ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ ယူကရိန်းက သူ့ရဲ့နယ်မြေဒေသအားလုံးကို ပြန်လည်ရနိုင်ဖွယ်မရှိကြောင်းပြောဆိုထားသည်။ ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သော ရုရှားသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို အပြည့်အ၀ ကျူးကျော်ဝင်ရောက်ခဲ့ပါသည်။

ယူကရိန်းက ရုရှားကို သိမ်းပိုက်ထား သောနယ်မြေများမှ ဆုတ်ခွာပေးဖို့ တောင်းဆိုထားပြီး နေတိုး အဖွဲ့ဝင်အဖြစ် သို့မဟုတ် မော်စကို၏ ထပ်မံတိုက်ခိုက်ခြင်းမှ တားဆီးဖို့ တူညီသော လုံခြုံရေး အာမခံချက်ကိုပေးရမည်ဟု ပြောကြားခဲ့သည်။

ပူတင်က စစ်ပွဲအဆုံးသတ်ရန်မဟုတ်ဘဲ ရုရှားအပေါ် ကမ္ဘာလုံးဆိုင်ရာ ပိတ်ဆို့အရေးယူမှုအချို့ကို ရုတ်သိမ်းရန်နှင့် မော်စကို၏စစ်တပ်ကို ပြန်လည်စုဖွဲ့ခွင့်ပေးရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူရန်အတွက်သာ ပူတင်က စေ့စပ်ညှိနှိုင်းရေးစားပွဲသို့ လာလိုကြောင်း အင်တာဗျူးတွင် ဇလန်းစကီး က ပြောကြားခဲ့သည်။

“ဒါက သူတကယ်လိုချင်တာပါ။ သူက အနားယူပြီး ပြင်ဆင်၊ လေ့ကျင့်ပြီး၊ အပ-စ်အခတ်ရပ်စဲရေး ကြောင့် ပိတ်ဆို့မှုအချို့ကို ယာယီသက်သာစေဖို့အတွက်ပါ” ဟု ဇလန်းစကီက ပြောကြားခဲ့သည်။

ထရမ့်သည် ပူတင်နှင့် ပြောဆိုခဲ့သော တယ်လီဖုန်းခေါ်ဆိုမှုသည် တစ်နာရီကျော်ကြာဆွေးနွေးခဲ့ပြီး အလွန်ကောင်းမွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ခရမ္မလင် အနေဖြင့် ၎င်းတို့သည် တစ်နာရီခွဲကျော် ဆွေးနွေးခဲ့ကြောင်းဆိုထားပြီး ဇလန်းစကီး၏ ရုံးမှ ၎င်းတို့၏ ခေါ်ဆိုမှုသည်လည်း တစ်နာရီခန်ကြာအောင် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က ထိုဖုန်းခေါ်ဆိုမှု “အလွန် အဆင်ပြေခဲ့သည်” ဟု ပြောကြားခဲ့သည်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလ တစ်နှစ်ထပ်မံတိုးမြင့်

အိန္ဒိယသို့ မတ်ပဲလွတ်လပ်စွာ တင်သွင်းခွင့်ကို တစ်နှစ်ထပ်မံမြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဌာနမှ တစ်နှစ်ထပ်မံတိုးမြင့်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ မတ်ပဲအား လွတ်လပ်စွာတင်သွင်း ခွင့်ပြုသည့်ကာလကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မတ်ပဲနှင့် ပဲစင်းငုံလွတ်လပ်စွာတင်သွင်း ခွင့်ကြေညာချက်ကို တစ်ပြိုင်တည်း ကြေညာလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို အမိန့် ကြော်ငြာစာအမှတ် (၅၁/၂၀၂၄-၂၅) ကိုသာ ကြေညာခဲ့ပြီး မတ်ပဲအား လွတ်လပ်စွာ...

Apple ကတရုတ်အတွက် သန့်ရှင်းသောစွမ်းအင်ရန်ပုံငွေ အသစ်ကိုကြေငြာ

ပေကျင်း၊မတ် ၂၄ တရုတ်နိုင်ငံ၌ သန့်ရှင်းသောစွမ်းအင်ရရေးအတွက်ရန်ပုံငွေသစ်တစ်ခုစတင်ထူ‌ထောင်ရန် အမေရိကန်နည်းပညာကုမ္ပဏီ Apple က ယွမ်သန်း ၇၂၀ (အမေရိကန်ဒေါ်လာ ၁၀၀ ဒသမ ၃၁ သန်းခန့်) ရင်းနှီးမြှုပ်နှံမည်ဟု တနင်္လာနေ့ကပြောကြားခဲ့သည်။ ယခုရင်းနှီးမြှုပ်နှံမှု အကောင်အထည်ပါ်လာပါက တရုတ်နိုင်ငံ၏ဓါတ်အားလိုင်းတွင် နှစ်စဉ် ၅၅၀,၀၀၀ မဂ္ဂါဝပ်အထိတိုးလာစေမည်ဖြစ်ပြီး နောက်ထပ်ရင်းနှီးမြှုပ်နှံသူများရှိလာပါက ယခုပမာဏထက် ထပ်တိုးလာနိုင်သည်ဟုလည်းဆိုသည်။ တရုတ်နိုင်ငံရှိ Apple ပစ္စည်းတင်သွင်းသူများသည် ခေတ်မီပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်နိုင်သည့်ထုတ်လုပ်မှုဖြင့် ကမ္ဘာ့အဆင့်မီတိုးတက်မှုကို လုပ်ဆောင်နေကြသည်ဟု Apple လုပ်ငန်းလည်ပတ်‌ရေး အရာရှိချုပ်ကပြောကြားခဲ့သည်။ "တရုတ်မှာ သန့်ရှင်းတဲ့စွမ်းအင်ရန်ပုံငွေအသစ်တစ်ခုကို ကြေငြာလိုက်နိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကုန်ပစ္စည်း ထောက်ပံ့ရေးကွင်းဆက်ရဲ့ သုံးပုံနှစ်ပုံကလည်း...

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း အနိုင်ရ

ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ (၂၅)ရက် ညနေ (၅)နာရီအချိန်၌ မြန်မာ- အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပွဲပြီးချိန်၌ တစ်ဖက်(၁)ဂိုးစီ သွင်းယူထားနိုင်ကြပြီး၊ ဒုတိယပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက နောက်ထပ်သွင်းဂိုး (၁)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။ အာဖဂန်နစ္စတန်အသင်းသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁၅၆)အဆင့်တွင်ရပ်တည်နေပြီး၊ မြန်မာအသင်းအနေဖြင့် (၁၆၇)အဆင်တွင် ရပ်တည်နေခြင်းဖြစ်သည်။ မြန်မာ့လက်‌ရွေးစင်အသင်း ပွဲထွက် ကစားသမားစာရင်းတွင် ဟိန်းဖြိုးဝေ၊ စိုးမိုးကျော် ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071