Monday, April 20, 2026

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့်...

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့...

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို...

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှတောင်သူများကို ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင် (၁၀၀,၅၀၀)ကျပ်ဖြင့်ရောင်းချပေး

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား မြန်မာ့သြဘာကောမတ် G-46 ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင်(၁၀၀,၅၀၀)ကျပ်နှုန်း တိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာစင်တာ၌ ယနေ့ ဧပြီ ၁၉...
HomeInternationalအမေရိကမှကူးစက်လာသည့်တောမီးကြောင့် ကနေဒါအနောက်ပိုင်း၌ ပြောင်းရွှေ့အမိန့်ထုတ်ထားရဟုဆို

အမေရိကမှကူးစက်လာသည့်တောမီးကြောင့် ကနေဒါအနောက်ပိုင်း၌ ပြောင်းရွှေ့အမိန့်ထုတ်ထားရဟုဆို

အော်ဆိုးယူး၊ဇူလိုင် ၃၁

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်မှ နယ်စပ်ဖြတ်ကျော်ကူးစက်လာသည့်တောမီးလောင်ကျွမ်းမှုကြောင့် ကနေဒါနိုင်ငံ အော်ဆိုးယူးမြို့နှင့် ကိုလမ်ဘီယာအနီးတစ်ဝိုက်ရှိခရိုင်များအား စနေနေ့ညနှောင်းပိုင်းက ရွှေ့ပြောင်းအမိန့် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

Eagle Bluff ဟုခေါ်သောတောမီးသည် အော်ဆိုးရူးမှ ၄ ကီလိုမီတာခန့်အကွာတွင်ရှိပြီး လက်ရှိတွင် လောင်ကျွမ်း‌နေသည်မှာ ကနေဒါနယ်စပ်၌ ဟက်တာ ၈၈၅ ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဗြိတိသျှကိုလမ်ဘီယာ တောမီးဌာန ၏အဆိုအရသိရသည်။

တောမီးဌာန ၏ခန့်မှန်းချက်အရ အမေရိကန်ပြည်ထောင်စုဘက်ခြမ်းတွင် ဟက်တာ ၂,၀၀၀ ခန့် လောင်ကျွမ်းနေနိုင်သည်ဟုဆိုသည်။

ကနေဒါ – အမေရိကန်နယ်စပ်ရှိ မြောက်ဘက်အဝေးပြေးလမ်းမကြီး အမှတ် ၉၇ နှင့် အဝေးပြေးလမ်းမအမှတ် ၃ အနီးတစ်ဝိုက်ဧရိယာများနှင့် အနောက်နှင့်မြောက်ဘက်ရှိ အမှတ် ၃ အဝေးပြေးလမ်းမကြီးတို့အား ပြောင်းရွှေ့အမိန့်ထုတ်ထားသည်ဟုသိရသည်။

“စုစုပေါင်း နေအိမ် ၇၃၂ လုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန်အမိန့်ပေးထားပြီး ကျန် ၂,၀၉၄ လုံးကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းရန်သတိပေးထားပါတယ်” ဟုတာဝန်ရှိသူတစ်ဦးကဆိုသည်။ လူပေါင်း ၁၃၀ ကျော်သည်လည်း အရေးပေါ်အကူအညီတောင်းခံခဲ့ကြောင်း မစ္စတာ သမ်ဆန်က ပြောကြားခဲ့သည်။

Source : The Straits Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်သည် ဧပြီ ၁၉ ရက်၊ နေ့လယ်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ရေနံ နှင့် ရေနံထွက်ပစ္စည်းများ ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့်...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့ သစ်ပင်အများအပြားလဲကျ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ ကျေးရွာချင်းဆက်ကားလမ်း၊ ပွင့်ဖြူ-စလင်းသွားကားလမ်းမပေါ်တို့သို့ ကုက္ကိုပင်၊ ကု လားမန်ကျည်းပင်၊ ကင်ပွန်းခါးပင်၊ ထနောင်းပင်၊ ယူ ကလစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးပဲ့ကျခြင်းများဖြစ်ပေါ်ကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ‌မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျေးရွာနေသူများက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ဧပြီ ၁၉ ရက်ကကြည့်ရှုစစ်ဆေး၍ တည်ဆောက်ရေးတာဝန်ယူထားသူများအနေဖြင့် တံတားအသစ်ပြန်လည်တည်ဆောက်ရာတွင် ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာကြပ်မတ်ဆောင်ရွက်ရန်၊ အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုအားအမြဲမပြတ်စစ်ဆေးရန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံတားလုပ်ငန်းခွင်၌ P-1 မှ P-9 အထိ Steel Plate Girder များတပ်ဆင်ပြီးစီး၍ တံတားကြမ်းခင်း ကွန်ကရစ်လောင်းပြီးမှု၊ Bearing များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071