Friday, June 12, 2026

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာမှဒေသခံများကို အကြမ်းဖက်အဖွဲ့ဝင်များက...

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့မှ ဒေ သခံများကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။ ဇွန်...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန်...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန် ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော်က ဖြေကြားခဲ့သည်။ ယနေ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတဖိတ်ကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတကဖိတ်ကြားသည်ဟု လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ကပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတထံသို့ မြန်မာနိုင်ငံသို့...

SpaceX ကဒေါ်လာ ၁.၇၇ ထရီလျံဖြင့်...

ဆန်ဖရန်စစ္စကို၊ ဇွန်လ ၁၁ ရက် SpaceX ဟု လူသိများသည့် Space Exploration Technologies ကော်ပိုရေးရှင်း သည် ၎င်းတို့၏ ပုဂ္ဂလိကသို့...
HomeMoviesအမေရိကန် National Mall...

အမေရိကန် National Mall မြက်ခင်းပြင်မှာ ‘8647’ လို့ ရေးထားတာကို ရဲတွေ စုံစမ်းစစ်ဆေးနေ

ဝါရှင်တန်ဒီစီက National Mall မြက်ခင်းပြင်မှာ 8-6-4-7 ဂဏန်းတွေကို အကြီးကြီး ရေးဆွဲထားတဲ့ ကိစ္စကို အမေရိကန်ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။

“Eighty-six (86)” ဆိုတာက “ဖယ်ရှားပစ်တာ” ကို ဆိုလိုတဲ့ ဗန်းစကားတစ်ခုပါ။ ဒီဂဏန်းတွေဟာ 47 ဆက်မြောက် သမ္မတဖြစ်တဲ့ ထရမ့်ကို အကြမ်းဖက်ဖို့ လှုံ့ဆော်တဲ့ သဘောမျိုးဖြစ်တယ်လို့ ထရမ့်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ကြာသပတေးနေ့ မနက် ၁၁:၃၀ လောက်မှာ “အများပြည်သူပိုင်နေရာ ဖျက်ဆီးခံရတယ်ဆိုတဲ့ တိုင်ကြားချက်အရ သွားရောက်စစ်ဆေးခဲ့တယ်” လို့ US Park Police က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

“မြက်ခင်းတွေ ဘာလို့ အရောင်ပြောင်းသွားရတယ် ဆိုတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ စမ်းသပ်ဖို့အတွက် မြက်နမူနာတွေကိုတော့ ယူထားပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်” လို့လည်း ဆိုပါတယ်။

မြက်ခင်းပြင် ဓာတ်ပုံတွေအရ 8၊ 6 နဲ့ 7 ဂဏန်းတွေကို တွေ့ရပေမယ့်၊ 4 ဂဏန်းကတော့ သိပ်မထင်ရှားပါဘူး။

FBI ဒါရိုက်တာဟောင်း တစ်ယောက်က ကမ်းခြေမှာ ခရုခွံတွေနဲ့ ဒီဂဏန်းတွေကို ပုံဖော်ထားတာကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့လို့ အမေရိကန် အစိုးရရှေ့နေတွေက သူ့ကို ထောင်ချဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ အခုလို စုံစမ်းစစ်ဆေးမှုက ထွက်ပေါ်လာတာပါ။

ဂျိမ်းစ် ကိုမီ (James Comey) ဟာ ထရမ့်ကို သတ်ဖြတ်ဖို့ ခြိမ်းခြောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုပေါင်းများစွာ ရင်ဆိုင်နေရတာပါ။ သူကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဒါဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ တရားစွဲဆိုတာလို့ တုံ့ပြန်ထားပါတယ်။

ဒီ 8647 ဂဏန်းတွေကို ထရမ့်ကို ဆန့်ကျင်တဲ့သူတွေက အသုံးပြုလေ့ရှိပြီး သူ့အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေမှာလည်း တွေ့ရတတ်ပါတယ်။

မြက်ခင်းပြင်မှာ ရေးထားတဲ့ စာသားက နည်းနည်း မှေးမှိန်နေပြီး၊ နံပါတ် 8 တစ်လုံးတည်းကပဲ တခြားဂဏန်းတွေထက် ပိုထင်ရှားနေပါတယ်။ အဲဒီနေရာက ဒုတိယကမ္ဘာစစ် အောက်မေ့ဖွယ် အထိမ်းအမှတ်နေရာနဲ့လည်း နီးပါတယ်။

ဒီလို ဖျက်ဆီးမှုဆိုတာက ထရမ့် ဦးဆောင်ပြီး မြို့ထဲက အမေရိကန် အထိမ်းအမှတ် အဆောက်အအုံတွေကို အလှဆင်ဖို့ လုပ်နေတဲ့ ကမ်ပိန်းကာလအတွင်းမှာ ပေါ်ပေါက်လာတာပါ။ အဲဒီ အလှဆင်ကမ်ပိန်းမှာ လင်ကွန်း အောက်မေ့ဖွယ်ရာ (Lincoln Memorial) ရေကန်ကို ပြန်ဆေးသုတ်ဖို့ ဒေါ်လာ ၁၃.၁ သန်း (ပေါင် ၉.၆ သန်း) သုံးစွဲမယ့်အပြင်၊ ခြင်္သေ့နဲ့ လင်းယုန်တွေလို ရွှေရောင် ရုပ်တုတွေနဲ့ အလှဆင်ထားတဲ့ မုခ်ဦးတစ်ခု တည်ဆောက်မယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ ကျေးရွာ(၃)ရွာမှဒေသခံများကို အကြမ်းဖက်အဖွဲ့ဝင်များက ဖမ်းဆီးနှိပ် စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြု

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာ၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာနှင့် ကုက္ကိုစုကျေးရွာတို့မှ ဒေ သခံများကို အကြမ်းဖက်အဖွဲ့များက ဖမ်းဆီးနှိပ်စက်မှုအားကန့်ကွက်ရှုံ့ချကြောင်းအဆိုကို မကွေးတိုင်းဒေသကြီးလွှတ်တော်၌ မှတ်တမ်းတင်အတည်ပြုခဲ့ကြောင်း သိရသည်။ ဇွန် ၁၁ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး(စတုတ္ထနေ့)တွင် ယင်း အဆိုကို လွှတ်တော်သို့တင်သွင်းရာ မှတ်တမ်းတင်အတည်ပြုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များက ယင်း ကျေးရွာ(၃)ရွာမှဒေ သခံများကို ဖမ်းဆီးနှိပ်စက်ခြင်းအတွက် ဝမ်းနည်းကြောင်းနှင့် ယင်း အကြမ်းဖက်မှုလုပ်ရပ်အား ကန့် ကွက်ရှုံ့ချကြောင်းအဆိုကို ငဖဲမြို့နယ်မဲဆန္ဒနယ် အ မှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်လင်းကလွှတ်တော်သို့တင်သွင်းခဲ့ကြောင်း...

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန် ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်

ရွှေပြည်သာမြို့နယ်၌ ထရန်စဖော်မာ(၃၁)လုံးတည် ဆောက်ခြင်းအား ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘဏ္ဍာရန် ပုံငွေ ဘတ်ဂျက်ခွင့်ပြုချက်ရရှိပါကဆောင်ရွက်ပေးသွားမည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင် ၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါက်တာမျိုးသော်က ဖြေကြားခဲ့သည်။ ယနေ့ ဇွန် ၁၂ ရက်ကကျင်းပသည့် တတိယအကြိမ် ရန် ကုန်တိုင်းဒေသကြီးလွှတ်‌တော် ဒုတိယပုံမှန်အစည်းအ ဝေး ဒုတိယနေ့တွင် ရွှေပြည်သာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)ဦးသိန်းနိုင်၏ ရွှေပြည်သာ မြို့နယ်အတွင်း လိုအပ်လျှက်ရှိသော ထရမ်စဖော်မာများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းအားပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရွှေပြည်သာမြို့နယ်ရှိ မီးသုံးသူများကို ဌာနပိုင် ထရန်စဖော်မာ(၂၆၀)လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကာ ယင်းတို့အနက် (၁၀၀)လုံးသည်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတဖိတ်ကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်ရန် လာအိုနိုင်ငံသမ္မတကဖိတ်ကြားသည်ဟု လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE ကပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတထံသို့ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင် ငံခြားရေးဝန်ကြီး H.E. Mr. Thongsavan PHOMVIHANE က ယနေ့ ဇွန် ၁၂ ရက်တွင်လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ လာအိုနိုင်ငံသမ္မတက မြန်မာနိုင်ငံသမ္မတကြီးအား လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးလာရောက်ရန်ဖိတ်ကြားကာ တတ်နိုင်သမျှ အစောဆုံးလာရောက်စေလိုပြီး ယင်းသို့လာရောက်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကိုများစွာအထောက်အကူပြုမည်ကို မျှော်လင့်ကြောင်းပြောကြားခဲ့သည်ဟု လာအိုနိုင်ငံ ဒု-...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071