အမေရိကန်တို့၏ အမြင့်ပျံပူဖောင်းများသည် တရုတ်တို့၏ လေပိုင်နက်အတွင်းသို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ ၁၀ ကြိမ်ထက်မနည်းဝင်ရောက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
“အမေရိကန်တို့သည် အခြားနိုင်ငံများ၏ လေပိုင်နက်အတွင်းသို့ တရားမဝင်ဝင်ရောက်ခြင်းမှာ ဖြစ်နေကျပင်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝမ်ပင်းက ယနေ့ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
“ပြီးခဲ့တဲ့ ၁နှစ်ကစလို့ သက်ဆိုင်ရာတရုတ်အာဏာပိုင်တွေရဲ့ခွင့်ပြုချက်မပါပဲ၊ အမေရိကန် အမြင့်ပျံပူဖောင်းတွေဟာ တရုတ်လေပိုင်နက်ကို ၁၀ ကြိမ်ထက်မနည်းတရားမဝင်ဖြတ်ကျော်လာခဲ့ပါတယ်” ဟု သူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အဆိုပါအသေးစိတ်အချက်အလက်များကို အစောပိုင်းတွင် လူသိရှင်ကြားမထုတ်ပြန်ခဲ့ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းကျူးကျော်ဝင်ရောက်မှုများကို တုံ့ပြန်ခဲ့ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်းမသိရပေ။
တရုတ်နိုင်ငံကို အနီးကပ် ကင်းထောက်ရန် အမေရိကန်သည် စစ်သင်္ဘောများနှင့် လေယာဉ်များ မကြာခဏ စေလွှတ်ခဲ့သည်ဟုလည်း ဝမ်က ပြောကြားခဲ့ပြီး တောင်တရုတ်ပင်လ်အတွင်းတွင် ယမန်နှစ်တွင် စုစုပေါင်း ၆၅၇ ကြိမ်နှင့် ယခု ဇန်နဝါရီလအတွင်းတွင်ပင် ၆၄ ကြိမ် ရှိသည်ဟုလည်း ၎င်းကဆိုသည်။