Wednesday, February 19, 2025

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot...

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်သည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေး ကပြောသည်။ နေပြည်တော်၌ ဖေဖော်ဝါရီ...

သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ စိန်ခေါ်ပွဲပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည်

သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ အထူးစိန်ခေါ်ပွဲအပါအဝင် နာမည်ကျော် ရိုးရာဖိုက်တာများ၏ တွဲဆိုင်းများပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယခုလ ဖေဖော်ဝါရီ (၂၃) ရက်နှင့် (၂၄)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း...

ကလီဖိုးနီးယား၌တုပ်‌ကွေးကကိုဗစ်ထက်အ‌ေ-သအပျောက်များ

ဆေခရာမန်တို၊ဖေဖော်ဝါရီ ၁၉ ကလီဖိုးနီးယား၌ ကိုဗစ်ကပ်ရောဂါစတင်ချိန်မှစ၍ ကိုဗစ်ကိုကျော်လွန်ကာ တုပ်‌ကွေးရောဂါသည်လက်ရှိအချိန်တွင် လူအ‌ေ-သအပျောက်အများဆုံးအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်လာပြီး ဆေးရုံများတွင်လူများပြည့်ကာ ခက်ခက်ခဲခဲကုသနေကြရသည်ဟုသိရသည်။ တုပ်ကွေးကာကွယ်ဆေးထိုးနှုန်းကျဆင်းသွားချိန်တွင် ယခုကဲ့သို့ အ‌ေ-သအပျောက်များလာခြင်းဖြစ်ပြီး ယခုနှစ်အတွင်း...

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း‌ရွာမှ စစ်ရှောင် ယာဉ်တစ်စီး...

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတိုက်ပွဲများကြောင့် မြိတ်မြို့ဘက်သို့ တိမ်းရှောင်ခဲ့သည့် ဒေသခံ စစ်ဘေးရှောင် ယာဉ်တစ်စီးကို ဒေသတွင်း လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင်...
HomeInternationalအမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ဆေးရုံတက်ရ

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် ဆေးရုံတက်ရ

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်သည် အဖျားတက်သဖြင့် တနင်္လာနေ့မွန်းလွဲပိုင်းက ဝါရှင်တန်ဒီစီရှိ ဆေးရုံတစ်ခုတွင် တက်ရောက်ခဲ့ရကာ ဆေးစစ်‌ဆေး ၍ ကုသမှု ခံယူခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက စီအင်န်အင်န်သတင်းဌာနကို ပြောကြားခဲ့သည်။

“သမ္မတကြီး အခြေအနေကောင်းပါတယ်” ဟု ကလင်တန်၏ ဒုတိယဦးစီးအရာရှိချုပ် အိန်ဂျယ် အာရန်နာက စီအင်န်အင်န်နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့ပြီး သမ္မတဟောင်းအနေဖြင့် ခရစ္စမတ်နေ့တွင် ဆေးရုံမှ ဆင်းရမည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။ သူ့ စိတ်အခြေအနေ ပုံမှန်ပင်ရှိနေကြောင်းနှင့် သူ့ကို ပြုစုကုသပေးမှုအတွက် အလွန်ကျေးဇူးတင်နေကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

ဝါရှင်တန်ရှိ နေအိမ်တွင် နေထိုင်နေသည့် အသက် ၇၈ နှစ်အရွယ် ကလင်တန်ကို MedStar ဂျော့တောင်းဆေးတက္ကသိုလ်သို့ တင်ပေးခဲ့ကြောင်းနှင့် သူသည် ဆေးရုံတွင် အနည်းဆုံး တစ်ညအိပ်ခန့် နေထိုင်ရမည်ဟု မျှော်လင့်ကြောင်း လက်ထောက်ဖြစ်သူက ပြောကြားခဲ့ပြီး သမ္မတသည် သတိကောင်းကောင်း ရှိနေသည်ဟု ဆိုခဲ့သည်။

ခရစ္စမတ်မတိုင်မီ နှစ်ရက်အလိုတွင် သမ္မတဟောင်း ဆေးရုံတက်ရသည့် သတင်းစကားသည် ကလင်တန် လုပ်ဖော်ကိုင်ဖက်ဟောင်းများအကြား အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။ သမ္မတဟောင်း၏ အခြေအနေသည် အရေးပေါ်အခြေအနေ၊ စိုးရိမ်ဖွယ် အခြေအနေမဟုတ်ဟု ကလင်တန်၏ သက်တမ်းရှည် လက်တွဲဖော်တစ်ဦးက ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် ၂၅ နှစ်နီးပါးက အိမ်ဖြူတော်မှ ထွက်ခွာပြီးချိန်မှစကာ အမေရိက၏ ၄၂ ဦးမြောက် သမ္မတသည် ကျန်းမာရေးပြဿနာများစွာကို ကြံ့ကြံ့ခံ ကျော်ဖြတ်ထားခဲ့သည်။

Ref: စီအင်န်အင်န်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်ဟု ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေးပြော

နွေရာသီကာလဖြစ်သည့် မတ်၊ ဧပြီလများတွင် Hotspot အရေအတွက်ပိုမိုများပြားလာနိုင်သည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ်ကိုလေး ကပြောသည်။ နေပြည်တော်၌ ဖေဖော်ဝါရီ ၁၈ ရက်မွန်းလွဲပိုင်းကကျင်းပသည့် မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင် ရွက်ရေးကော်မတီ၏ (၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် Fire Hot-spot ဖြစ်ပေါ်မှု(၅၆၅၀၄)ကြိမ်ရှိပြီး ၂၀၂၄ ခုနှစ်တွင် (၅၁၀၉၁)ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလတွင် Fire Hotspot ဖြစ်ပေါ်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၁၂၇၉)ကြိမ်ဖြစ်ပေါ်ခဲ့ကာ ၂၀၂၅...

သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ စိန်ခေါ်ပွဲပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည်

သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့၏ အထူးစိန်ခေါ်ပွဲအပါအဝင် နာမည်ကျော် ရိုးရာဖိုက်တာများ၏ တွဲဆိုင်းများပါဝင်သည့် ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ယခုလ ဖေဖော်ဝါရီ (၂၃) ရက်နှင့် (၂၄)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ လှိုင်ကမ္ဘာကျေး ရွာအုပ်စုရှိ သမိုင်းဝင် အောက်ရေတံခွန်တိုက်ကျောင်း ဦးစီးပဓာနနာယကဆရာတော် တေဇနိယမထေရ်မြတ် အန္တိမ အဂ္ဂိစျာပန ပူဇာသဘင်အခမ်းအနားအတွင်း ထည့်သွင်းကျင်းပပြုလုပ်ခြင်းဖြစ်သည်။ သွေးသစ်ဝင်းလှိုင်နှင့် အောင်ခိုင်တို့နှစ်ဦး သည် တတိယအကြိမ်မြောက် စိန်ခေါ်ထိုးသ-တ်သည့်ပွဲတစ်ပွဲဖြစ်ပြီး၊ ယခင် နှစ်ကြိမ်မြောက်ထိုးသ-တ်ခဲ့စဉ်က သွေးသစ်ဝင်းလှိုင်အနေဖြင့် တစ်ပွဲနိုင် တစ်ပွဲသရေ ရလဒ်ထွက်ပေါ်ထားသည်။ "ဒီတစ်ကြိမ်တွေ့ဆုံမှုက...

ကလီဖိုးနီးယား၌တုပ်‌ကွေးကကိုဗစ်ထက်အ‌ေ-သအပျောက်များ

ဆေခရာမန်တို၊ဖေဖော်ဝါရီ ၁၉ ကလီဖိုးနီးယား၌ ကိုဗစ်ကပ်ရောဂါစတင်ချိန်မှစ၍ ကိုဗစ်ကိုကျော်လွန်ကာ တုပ်‌ကွေးရောဂါသည်လက်ရှိအချိန်တွင် လူအ‌ေ-သအပျောက်အများဆုံးအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုဖြစ်လာပြီး ဆေးရုံများတွင်လူများပြည့်ကာ ခက်ခက်ခဲခဲကုသနေကြရသည်ဟုသိရသည်။ တုပ်ကွေးကာကွယ်ဆေးထိုးနှုန်းကျဆင်းသွားချိန်တွင် ယခုကဲ့သို့ အ‌ေ-သအပျောက်များလာခြင်းဖြစ်ပြီး ယခုနှစ်အတွင်း အရွယ်ရောက်ပြီးသူ ၄၄ ရာခိုင်နှုန်းနှင့်ကလေ-းငယ် ၄၆ ရာခိုင်နှုန်းသာကာကွယ်ဆေးထိုးနှံခဲ့ကြသည်ဟုသိရသည်။ "ကျွန်တော်တို့ဆေးရုံတွေမှာ အခုဆို လူနာအပြည့်ဖြစ်နေပါတယ်၊တုပ်ကွေးကနေရာအနှံ့ဖြစ်နေတဲ့ပုံပါပဲ" ဟု ကလီဖိုးနီးယားတက္ကသိုလ်မှ ကူးစက်ရောဂါ အထူးကု ဆရာဝန် ပီတာချင်ဟောင်က ဒေသခံ သတင်းမီဒီယာကို ပြောကြားခဲ့သည်။ ဇူလိုင်လ ၁ ရက်နေ့မှစပြီး ကလီဖိုးနီးယားတွင် တုပ်ကွေးရောဂါကြောင့် ‌ေ-သဆုံးသူ ၅၆၁ ဦးထက်မနည်းရှိခဲ့ပြီး အများစုမှာ အသက် ၆၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071