Wednesday, June 10, 2026

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC...

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်...

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...
HomeArticlesအ​မေရိကန်ဘဏ်ပြိုခြင်းနှင့်မြန်မာပြည် အဆက်အစပ်

အ​မေရိကန်ဘဏ်ပြိုခြင်းနှင့်မြန်မာပြည် အဆက်အစပ်

အ​မေရိကတွင် ဘဏ်၂ခုပြိုလဲသည့်အ​​ပေါ် သက်​ရောက်မူက ဘယ်သူ​တွေခံစားရနိုင်လဲ၊မြန်မာကကော ဘယ်​လောက် ရိုက်ခတ်ခံရနိုင်လဲစိတ်ဝင်စား​နေကြသည့်အတွက် ​ပေါ်ပြုလာနယူးစ်က ​မေးသင့်သူများအား​မေးမြန်းကာ ရလာသည့်အ​ဖြေအချို့အားစုစည်း​ဖော်ပြလိုက်ပါသည်။​ဖြေဆို​ပေးသူများ၏ရူ့​​ထောင့် မတူကြသည့်အ​လျောက် အ​ဖြေ​များကကွဲပြားလျက်ရှိ​နေဆဲဖြစ်သည်။

“ပြည်တွင်းမှာ USD အဝင်က အကန့်အသတ်ဖြစ်​နေတယ်၊ USD reserved က ​တောင့်တင်း တဲ့အ​နေထားရှိမရှိအတိအကျမသိရဘူး။ ဗဟိုဘဏ် ကလည်း USD ထုတ်​ရောင်းပြီး ​ပေါက်​စျေးကို မလွှမ်းမိုးနိုင်​သေးဘူး။ Dem​and အရ ​ရွှေကပထမ၊ ​ဒေါ်လာက ဒုတိယ​နေရာက မကျ​သေးဘူး။ အစားထိုး ​စျေးကစားရတဲ့ ​မြေနဲ့ကားက ခရီးမ​ပေါက်​သလိုဖြစ်​နေတယ်။ မြန်မာကျပ် များများကိုင်တဲ့ အ​လေ့အထ ​လျော့ကျ​နေ​သေးလို့၊ ​ဒေါ်လာထိုးကျမယ့် အ​နေအထား မြန်မာပြည်မှာ ​တွေ့ရဖို့ ဖြစ်တန်​ခြေ နည်းပါးတယ်လို့ မြင်ပါတယ်”ဟု သု​တေသနသမားတစ်ဦးက သူ၏ ယူဆချက်ကိုရှင်းပြသည်။

ကုန်သည်ကြီးတစ်ဦးက “အခုအကြပ်အတည်းမှာ ​ဒေါ်လာအားပျော့သွားနိုင်ဖွယ်ရှိပြီး၊ ရွှေစျေးအခိုက်တန့်မြင့်လာမည့်အခြေအနေဖြစ်မယ်လို့ထင်တယ်။ ပို့ကုန်တင်ပို့မှုအားကောင်းတဲ့ကာလလည်းဖြစ်လို့ မြန်မာငွေအပေါ်သက်ရောက်မှုအနေနဲ့​တော့ ဒေါ်လာနှင့်လဲလှယ်ရာမှာ ကျပ်တန်ဖိုးပိုခိုင်မာလာမည့်အလားအလာလို့သုံးသပ်မိပါတယ်”ဟုဆိုသည်။

သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက​တော့”မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု သိပ်မရှိသေးဘူးလို့ ထင်ပါတယ်၊ ဒါပေမယ့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုက စလာ​နေပါပြီ။နေရာတိုင်းမှာ ရှယ်ယာဈေးတွေ ကျနေပါတယ်။သတိ​တော့ထား​နေရမှာပါ” ဟု၄င်း၏ရူ့​ထောင့်ကို​ပြောပြခဲ့သည်။

​ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက”ပထမဘဏ် SVB ကနည်းပညာထောက်ပံ့တဲ့ဘဏ်မို့အိန္ဒိယနည်းပညာကုမ္မဏီ​တွေကသက်ရောက်မူရှိနိုင်သလို၊ဂျာမနီ နည်းပညာကုမ္မဏီ​တွေလည်းထိနိုင်တယ်။ခုဆိုအိန္ဒိယမှာ အရေးပေါ်အစည်းအဝေးတွေခေါ်နေပြီ။ဒုတိယဘဏ်ကျ​တော့နယူး​ယောက်ကစီးပွားရေးဘဏ်​ပေါ့။
Federal Reserve ဗဟိုဘဏ်က သူတို့ဘဏ်​တွေရဲ့စည်းကမ်းထိမ်းသိမ်း​ရေးဆိုပေမယ့် ခုသူကဝင်ရောက်မစွက်ဖက်ဘဲ ဒေသအစိုးရက ဝင်ကိုင်တွယ်တာတွေ့ရတယ်။ SVB ဘဏ်ကိုပြန်ဖွင့်ခိုင်းတာမျိုးပေါ့။မြန်မာပြည်နဲ့အမေရိကန်ဘဏ်တွေနဲ့ တိုက်ရိုက်အဆက်အဆံမရှိဘူး။ အဆက်အဆံမရှိတဲ့အတွက် တိုက်ရိုက်သက်ရောက်မှုအနေနဲ့ မြန်မာပြည်မှာ ဘာမှထူးထူးခြားခြားမဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံက အ​မေရိကန်ရဲ့ ဆန်ရှင်နိုင်ငံ​တွေထဲကနံပါတ်၆​လောက်ဖြစ်နေတယ်။အမေရိကန်နဲ့လည်း တိုက်ရိုက်စီးပွားကူးသန်းတာမရှိဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သတ်ပြီး ထိခိုက်မှုမရှိနိုင်ပါဘူး။မြန်မာနိုင်ငံနဲ့တိုက်ရိုက်ကြီးမပတ်သက်​ပေမယ့် အိန္ဒိယကို​တော့ဂယက်ရိုက်လိမ့်မယ်။ဒါတဦးထဲကိုယ်ပိုင်အမြင်ကိုပဲ​ပြောပြတာပါ။”

​ဒေါ်လာ​စျေးမကျ နိုင်​လောက်ဘူး။အ​မေရိကဘဏ်​တွေရဲ့ ပိုင်ဆိုင်မူAssessts က ပိုများနေလို့ဟုယူဆသူ​တွေရှိသလိုဆန့်ကျင်ဖက်သုံးသပ်သူများက”​ဒေါ်လာဈေးကျနိုင်သလို ၊ အ​ပေါင်ဆုံးတွေများမှာမို့ အ​မေရိကမှာ အိမ်ခြံမြေဈေးကျနိုင်တယ်။Deposit အပ်​ငွေသမားတွေ ပြန်အမ်းတဲ့အခါ ​ငွေကိုအမ်းရမှာ၊ဒီအချိန် သူ့ Assesstsကလဲ ဗိုက်နာဈေးပဲရမယ်ထင်တယ် ၊အစိုးရအာမခံ FDIC ကသူ့ကို ဘယ်လောက် back up လုပ်ပေးမှာလဲ ဆိုတာပေါ်တော့ မူတည်တာပေါ့”ဟု​ဆွေး​နွေးကြသည်။

အ​မေရိကတွင်​နေထိုင်သူတစ်ဦးက”
ဒီမှာငွေကြေးဖောင်းပွလွန်းနေတာကအရှိတရားပါပဲ ၊မရှိမဖြစ်သုံးတဲ့ပစ္စည်း၊အစားအသောက်က ဈေးကြီးတော့ ထိတော့ထိနိုင်တယ် ၊ဒါပေမယ့်ဆင်ပိန်ကျွဲပါ၊ဆက်သွားနိုင်မှာပါ၊ မြန်မာနဲ့မဆိုင်​လောက်ပေမယ့် ကိုယ့်လူမျိုး​တွေက ညောင်ဦးကမ်းပါးပြိုတာကို စမ္ပာနဂိုရ် နွားမပေါင်ကျိုးတာနဲ့ချိတ်ဆက်နိုင်ကြတော့ ​ဒေါ်လာဆွဲတင်ချင်သူတွေလဲရှိနိုင်ပါတယ်”ဟု​ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်ရှိဟု NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်ပြော

 ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအ ညီများရရှိနိုင်ရေးကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ(၄၃)ချက် အား လွှတ်တော်သို့တင်ပြနိုင်ရေးဆောင်ရွက်လျက်သည်ဟု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က အထက်ပါအတိုင်းပြောကြားခဲ့ကြောင်း သိရသည်။ NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAOs)ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ဇွန် ၉ ရက်က အ လွတ်သဘောတွေ့ဆုံဆွေးနွေးစဥ်ပြောကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ထားကာ အ လွတ်သဘောတွေ့ဆုံဆွေးနွေးမှုများနှင့် တရားဝင်တွေ့ ဆုံဆွေးနွေးမှုများဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နှစ်ဖက်တာဝန်ရှိသူများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ရာတွင် ဖြေလျှော့မှုများ၊ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒနှင့် လုပ်ငန်းစဉ်များ၊ ယန္တရားများကို အဆင့်ဆင့်ချမှတ်ဆောင်ရွက်နိုင်ရေး၊ ကြိုတင်သတ်မှတ်ချက်များမပါသော...

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်

တရုတ်(တိုင်ပေ)နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံ သား(၁၉)ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တ ရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ် လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ် (တိုင်ပေ)နိုင်ငံသား(၁၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၅)ဦးနှင့် ပါကစ္စတန်နိုင်ငံသား(၂)ဦးတို့အား မြန်မာ-ထိုင်း အ မှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071