Friday, June 12, 2026

လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့သည့် မန္တလေးက...

မန္တလေးမြို့၏ နေ့ခင်းအချိန်၌ပင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကို လုယက်မှုကျူးလွန်သူ တရားခံများကို ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းအရ သိရသည်။ ထိုလုယက်ခံရသည့် ရုပ်သံဖိုင်သည် လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့ပြီး...

Ayeyawady FC Women အသင်း၏...

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၏ အ များပြည်သူသယ်ယူပို့ဆောင်ရေးလုပ် ငန်းတစ်ခုဖြစ်သော Golden Yangon City Transportation...

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှု တိုးချဲ့လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေများအရ အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှုကို တောင်သူများ ပိုမိုတိုးချဲ့...

ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP...

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ ဇွန် ၆ ရက်ကပြုလုပ်သည့် အပတ်စဥ် စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP ပါတီ ဝင်များကပူးပေါင်းပါဝင်ပြုလုပ်ပေးခဲ့ကြသည်။ ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(အစိုးရ၏အာမခံချက်များကတိများနှင့်တာဝန်ခံချက်များစီစစ်ရေးကော်မတီ၏ ကော်မတီဝင်)ဦးဥာဏ်ဝင်းထိုက်မှ...
HomeInternationalအမေရိကန်တွင် ‌ေ-သဆုံးခဲ့သော သံတမန်များအတွက်...

အမေရိကန်တွင် ‌ေ-သဆုံးခဲ့သော သံတမန်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အစ္စရေးသံရုံးများတွင် အလံများ တိုင်တစ်ဝက်ချထားမည်

အမေရိကန်ပြည်ထောင်စုတွင် အစ္စရေးသံတမန်နှစ်ဦး လုပ်-ကြံခံရပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ သံရုံးအဆောက်အအုံများတွင် အစ္စရေးအလံများကို တိုင်တစ်ဝက်ချလွှင့်ထူထားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ပြောကြားခဲ့သည်။

“ဂျေရုဆလင်ရှိ [အစ္စရေး] နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကမ္ဘာတစ်ဝန်းရှိ အစ္စရေးသံရုံးတွေဟာ ကျွန်တော်တို့ ဝန်ထမ်းတွေ အသ–တ်ခံရပြီးနောက် သူတို့ရဲ့အလံတွေကို တိုင်တစ်ဝက်ချထားမှာပါ” ဟု သူက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

ကွယ်လွန်သွားသော သံရုံးဝန်ထမ်းများသည် Yaron Lischinsky နှင့် Sarah Milgrim တို့ဖြစ်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။

ယင်းမတိုင်မီ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ဝါရှင်တန်ဒီစီတွင် သံတမန်နှစ်ဦး ‌ေ-သဆုံးပြီးနောက် အစ္စရေးသံရုံးအားလုံးတွင် လုံခြုံရေးအစီအမံများ တိုးမြှင့်ရန် အမိန့်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ နေတန်ယာဟုက ယင်းကြေကွဲဖွယ်ရာ ဖြစ်ရပ်သည် ဂျူးလူမျိုးမုန်းတီးရေးဝါဒ ထပ်မံပေါ်ထွက်လာခြင်းတစ်မျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဝါရှင်တန်ဒီစီရှိ Capital Jewish ပြတိုက်အပြင်ဘက်တွင် အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး ‌ေ-သနတ်ဖြင့် ပစ်ခတ်ခံရပြီး ‌ေ-သဆုံးခဲ့ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ခဲ့သည်။ မြို့တော်ရဲချုပ် Pamela Smith ၏ ပြောကြားချက်အရ ‌ေ-သဆုံးသူ သံတမန်များမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။ ၎င်းတို့သည် ပြတိုက်တွင်ကျင်းပသော ပွဲတစ်ခုမှ ပြန်လာစဉ် အသက် ၃၀ အရွယ် သံသယရှိသူက ‌ေ-သနတ်ဖြင့် ပ-စ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူသည် ဖမ်းဆီးခံရစဉ်အတွင်း “Free Palestine” ဟူသော ကြွေးကြော်သံ အော်ဟစ်ခဲ့ကြောင်းကိုလည်း သူက ပြောကြားခဲ့သည်။

အမေရိကန်ရှေ့နေချုပ် Pam Bondi က သူမသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပြီးပြီဖြစ်ကြောင်း ဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social စာမျက်နှာတွင် ဝါရှင်တန် ပစ်ခတ်မှုကို “ဂျူးလူမျိုးမုန်းတီးမှု” ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း သူ၏ X စာမျက်နှာတွင် ယင်းဖြစ်ရပ်သည် “ကြောက်ရွံ့ပြီး ဂျူးလူမျိုးမုန်းတီးသည့် အကြမ်းဖက်မှုလုပ်ရပ်” ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျူးလွန်သူများအားလုံးကို ရှာဖွေဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ကတိပြုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့သည့် မန္တလေးက ဆိုင်ကယ်လုယက်မှုကျူးလွန်သူ တရားခံများကို ဖမ်းမိ

မန္တလေးမြို့၏ နေ့ခင်းအချိန်၌ပင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကို လုယက်မှုကျူးလွန်သူ တရားခံများကို ဖမ်းမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းအရ သိရသည်။ ထိုလုယက်ခံရသည့် ရုပ်သံဖိုင်သည် လူမှုကွန်ယက်ပေါ် ဝေဖန်မှု မြင့်တက်ခဲ့ပြီး သုံးရက်အကြာတွင် ကျူးလွန်ခဲ့သည့် တရားခံလေးဦးကို ဖမ်းမိခြင်း ဖြစ်သည်။ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ) ၈၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ မဟာအောင်မြေခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ဒုရဲမှူး လွင်အောင် ဦးစီးသည့် ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းခဲ့ခြင်းဖြစ်သည်။ စုံစမ်းချက်အရ ဇွန်လ ၉ ရက်နေ့ နေ့လယ် ၃ နာရီခွဲခန့်တွင်...

Ayeyawady FC Women အသင်း၏ Official Co-Sponsor အဖြစ် ရန်ကုန် တိုင်း GYCT သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ တရားဝင် လက်တွဲ

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၏ အ များပြည်သူသယ်ယူပို့ဆောင်ရေးလုပ် ငန်းတစ်ခုဖြစ်သော Golden Yangon City Transportation (GYCT) တို့သည် အသင်း၏ ရှေ့ဆက်မည့် ပြိုင်ပွဲခရီးစဉ်များအတွက် Official Co-Sponsor အဖြစ် ယနေ့တွင် တရားဝင် လက်တွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ GYCT လုပ်ငန်းသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကားလိုင်း (၁၃) လိုင်း၊ အပြည့်အဝပြေးဆွဲနေသော ဘတ်စ်ကားအစီးရေ (၄၉၁) စီးဖြင့် ဘတ်စ်ကားမှတ်တိုင်ပေါင်း (၆၈၅) တိုင်ကို...

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှု တိုးချဲ့လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေများအရ အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှုကို တောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။ အစေ့ထုတ်ပြောင်း(CP) သည် တိရစ္ဆာန်အစာစပ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် သီးနှံဖြစ်သဖြင့် စျေးကွက်လိုအပ်ချက် အမြဲရှိနေခြင်း၊ အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက ပြုစုရလွယ်ကူပြီး အထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများအကြား စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ လက်ရှိတွင် တောင်သူများသည် အထွက်နှုန်းကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပြောင်းမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြပြီး၊ စိုက်ပျိုးရေးဌာနမှလည်း လိုအပ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးမွှားကာကွယ်ရေးဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071