Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeInternationalအမိမြေကိုကာကွယ်ရန် တိုက်ပွဲဝင်ရမည်ဟုထိုင်ဝမ်သမ္မတဆို

အမိမြေကိုကာကွယ်ရန် တိုက်ပွဲဝင်ရမည်ဟုထိုင်ဝမ်သမ္မတဆို

အမိမြေကိုကာကွယ်ရန် တိုက်ပွဲဝင်ရမည်ဟုထိုင်ဝမ်သမ္မတဆို

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်သည် ထိုင်ဝမ်အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်ကလည်း တရုတ်စစ်တပ်ကိုခုခံတွန်းလှန်ခဲ့ဖူးသကဲ့သို့ယခုတစ်ကြိမ်တွင်လည်း အမိမြေကို‌ ကာကွယ်ရန် အသင့်ရှိနေကြောင်း ပြောကြားပြီးတရုတ်ကိုသတိပေးခဲ့သည်။

စတန်းဖို့ဒ်တက္ကသိုလ်မှ အမေရိကန် ပညာရှင်အဖွဲ့နှင့်တွေ့ဆုံစဉ် သမ္မတဆိုင်သည် ထိုင်ဝမ်နှင့်တရုတ်နိုင်ငံတို့၏  သမိုင်းကြောင်းကိုပြောကြားခဲ့ပြီး ၁၉၅၈ ခုနှစ် သြဂုတ်လက တရုတ်တို့၏ တိုက်ခိုက်မှုအ‌ကြောင်းများကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ခြောက်ဆယ့်လေးနှစ်၊သြဂုတ်လ ၂၃ ရက်တုန်းကတိုက်ပွဲမှာ ဒီနေ့မြင်‌နေရတဲ့ဒီမိုကရက်တစ် ထိုင်ဝမ်ကို ပိုင်ဆိုင်နိုင်စေဖို့ ကျွန်မတို့ ထိုင်ဝမ်စစ်သားတွေနဲ့ အရပ်သားပြည်သူတွေဟာ စည်းလုံးညီညွတ်စွာနဲ့ ထိုင်ဝမ်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တာပါ” ဟု သူကပြောကြားခဲ့သည်။

“အမိနိုင်ငံကိုကာကွယ်ဖို့ တိုက်ခိုက်ခဲ့တဲ့အဲ့ဒီစစ်ပွဲကနေ ထိုင်ဝမ်နိုင်ငံသူ/သားတွေရဲ့ တိုင်းပြည်ကာကွယ်ချင်စိတ်ကို ဘယ်လိုသောခြိမ်းခြောက်မှုမျိုးကမှ မတားဆီးနိုင်ဖူးဆိုတာ ကမ္ဘာသိအောင်ချပြနိုင်ခဲ့ပါတယ်။ပြီးတော့ ထိုင်ဝမ်ပြည်သူတွေရဲ့ အဲ့ဒီလိုတိုင်းပြည်ချစ်စိတ်ဟာ ဟိုအရင်အချိန်ကတင်ရှိခဲ့တာမဟုတ်ပဲ အခုရော၊နောင်ရောအထိဆက်လက်ရှင်သန်နေဦးမှာဆိုတာ ကျွန်မယုံကြည်ပါတယ်” ဟုဆိုခဲ့သည်။

“ထိုင်ဝမ်ပြည်သူတွေဟာ ကိုယ့်တိုင်းပြည်အတွက် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လွတ်လပ်မှုနဲ့ သာယာဝပြောရေးကို ကာကွယ်ဖို့ သန္နိဋ္ဌာန်နဲ့ယုံကြည်မှု နှစ်ခုလုံးရှိတယ်ဆိုတာကို ကမ္ဘာကိုပြသသွားမှာပါ” ဟု သမ္မတက ရိုက်တာသတင်းတွင်ဖော်ပြခဲ့သည်။

၁၉၅၈ ခုနှစ်ကတရုတ်စစ်တပ်သည် ထိုင်ဝမ်ထိန်းချုပ်ထားသော Kinmen နှင့် Matsu ကျွန်းများကို တိုက်ခိုက်ခဲ့သော်လည်း ထိုအချိန်တွင် ထိုင်ဝမ်သည် ၎င်းတို့အား လက်နက်များကူညီပေးအပ်ခဲ့သည့် အမေရိကန်၏အကူအညီဖြင့် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။

“ထိုင်ဝမ်အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုသာ ခိုင်ခိုင်မာမာဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အဲ့လိုအကောင်အထည်ဖော်နိုင်ဖို့ အမေရိကနဲ့ဆက်လက်လက်တွဲဆောင်ရွက်သွားပါမယ်၊အာဏာရှင်ရဲ့နယ်မြေချဲ့ထွင်မှုကို လက်မခံပါဘူး” ဟု ဆိုင်ကဆိုသည်။

ယခုလအစောပိုင်းကလည်း ထိုင်ဝမ်သည် တရုတ်နိုင်ငံအား မခံချိမခံသာဖြစ်စေခဲ့သော ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ၏ ခရီးစဉ်အပါအဝင် ကန်နိုင်ငံရေးသမားအများအပြားအား လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုအချက်ကိုအကြောင်းပြကာ တရုတ်စစ်တပ်ကလည်း ထိုင်ဝမ်ရေလက်ကြားနယ်စပ်တွင် နေရာယူထားသော လေယာဉ်များနှင့်သင်္ဘောများဖြင့် စစ်ရေးလေ့ကျင့်မှုများစွာကိုပြုလုပ်ခဲ့သည်။

Source – Wio News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071