နေ့အပူချိန်မြင့်တက်မှုများကြောင့် အပူဒဏ်ခံနေရသည့် ရန်ကုန်မြို့တွင် ယနေ့ မေလ (၁၁) ရက် နေ့လယ်ပိုင်းက စတင်ကာ မြို့နယ်အများအပြား၌ မုန်သုန်အကြိုအနေဖြင့် မိုးထစ် ချုန်းရွာသွန်းမှုများ ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံက မြို့ကြီးအများစု၌ ရ က်သတ္တပတ်များစွာ အပူချိန်မြင့်တက်ခဲ့သည့်နောက် မိုးရွာသွန်းမှုများ ဖြစ်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းကလ ည်း ယခုကဲ့သို့ နေရာကွက်၍ မိုးထစ်ချုန်းရွာသွန်းမှုများ ရှိခဲ့ပြီး မိုးကြိုးပစ်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီး လက်ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားခဲ့သေးသည်။
“တာမွေမှာ ရွာတယ်၊ ခဏပဲ။ မြို့ထဲမှာလည်း ရွာတယ်။ လှို င်သာယာ ၊ ရွှေပြည်သာနဲ့ အင်းစိန်ဘက်လည်း ရွာတယ်လို့ ကြားတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ယနေ့ မေလ (၁၁) ရက် နေ့လယ် (၁၂)နာရီဝန်းကျင်က စ တ င်ကာ ရန်ကုန်မြို့တွင် နေရာကွက်၍ မိုးရွာသွန်းနေခြင်း ဖြစ်ပြီး ရန်ကုန်မြို့တွင်း မြို့နယ်များ ဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ ၊ ဗိုတထောင်၊ တာမွေ၊ ပုဇွန်ထော င် မြို့နယ်များ အပါအဝင် ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လှိုင်သာ ယာ၊ အင်းစိန်မြို့နယ်များတွင်လည်း နေရာကွက်ကြား မိုးရွာသွန်းခဲ့ကြောင်း သိရသည်။
မိုးဇ/လ၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြ ည်နယ်(အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသ ည် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
ထို့ပြင် ယနေ့ မေလ (၁၁) ရက်တွင် တင်္နသာရီ တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် နေရာကျဲ ကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇ/လက ခန့်မှန်းထားသည်။






