မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်ချော- ရဲရွာသွားကားလမ်းတွင် ဒုဌဝတီမြစ်ဘေးရှိ အ ပန်းဖြေစခန်းမှ မန္တလေးမြို့သို့ပြန်လာသည့် Light Truck ကား ဧပြီ ၁၈ ရက်(ယနေ့)နေ့လည် ၃ နာရီခန့်က တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဒုဌဝတီအပန်းဖြေစခန်းမှ ကျောက်ချော-ရဲရွာသွားကားလမ်းအတိုင်းပြန်လာသည့် Light Truck ကား သည် ၆ မိုင်အပန်းဖြေစခန်းအနီးအရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့သဖြင့် အမျိုး သား ၁ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ကာ အမျိုးသား၊အ မျိုးသမီး ၁၆ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရ ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချောနှင့်မိတ်ဖက်အသင်းများ၊ခရီး သွားကားများဖြင့် ကျောက်မီးတိုက်နယ်ဆေးရုံနှင့်မန္တလေးပြည်သူ့ဆေးရုံကြီးတို့သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
