Friday, August 7, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်...

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား...

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်...

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU...

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု...
HomeInternationalအနှိပ်ခန်း သုံးကြိမ်ဝင်ပြီးနောက် ထိုင်းအဆိုတော်...

အနှိပ်ခန်း သုံးကြိမ်ဝင်ပြီးနောက် ထိုင်းအဆိုတော် ‌ေ-သဆုံး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် ဥထုံသနီရှိ ထိုင်းဆိုင်တစ်ဆိုင်တွင် လည်ပင်းအနှိပ်ခံမှု နှစ်ကြိမ်အပါအဝင် အနှိပ်ခန်းသုံးကြိမ်ဝင်ခဲ့သော အဆိုတော်တစ်ဦးသည် တနင်္ဂနွေနေ့(နိုဝင်ဘာ ၈) မနက်ပိုင်းတွင် ‌ေ-သဆုံးခဲ့ကြောင်း သိရသည်။

Guitar Record အဖွဲ့မှ အဆိုတော် Chayada Prao-hom သည် သွေးတွင်းပိုးဝင်ခြင်းနှင့် ဦးနှောက်ရောင်ရမ်းမှုဝေဒနာများဖြင့် ဥထုံသနီပြည်နယ်ရှိ ဆေးရုံအရေးပေါ်ခန်း၌ နံနက် ၆ နာရီခန့်၌ ‌ေ-သဆုံးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၅ ရက်က ဖျော်ဖြေပွဲတစ်ခုအပြီးတွင် သူ ခါးနာနေကြောင်းနှင့် ဥထုံသနီရှိ ထိုင်းအနှိပ်ဆိုင်သို့ ခေါ်သွားပေးရန် Chayada က တောင်းဆိုခဲ့သည်ဟု သူ၏ ရည်းစားက ပြောကြားခဲ့သည်။

“အနှိပ်ခန်းဝင်အပြီးမှာ ကိုယ်တစ်ပိုင်းထုံကျင်လာတာကို သူ စခံစားခဲ့ရတယ်၊ ဘယ်ဘက်လက်မောင်းကို မလှုပ်နိုင်တော့ပါဘူး။ နောက်တော့ သူ တစ်ကိုယ်လုံး မလှုပ်နိုင်တော့ပါဘူး” ဟု သူ့ရည်းစားက ပြောသည်။

နိုဝင်ဘာ ၆ ရက်တွင် Chayada က အဆိုပါ အနှိပ်ခန်းသို့ သူ သုံးကြိမ်တိုင် သွားရောက်အနှိပ်ခံခဲ့ကြောင်းနှင့် သူခံစားခဲ့ရသော ဝေဒနာများနှင့် ပတ်သက်၍ ဖေ့စ်ဘုတ်တွင် ပို့စ်တင်ကာ ပရိသတ်ကို အသိပေးခဲ့ပြီး အနှိပ်ခံရခြင်းကို အရမ်းကြိုက်သူများ သူ့ဖြစ်ရပ်ကို သင်ခန်းစာယူစေလိုကြောင်းလည်း ဆိုခဲ့သည်။ သူပြန်နေကောင်းရမည်ဖြစ်ကြောင်းနှင့် အလုပ်တွေ ပြန်လုပ်ချင်နေပြီဖြစ်ကြောင်းလည်း ရေးသားထားခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်တွင် အဆိုတော်၏ အခြေအနေသည် ပိုမိုဆိုးဝါးလာခဲ့ပြီး လုံးဝမလှုပ်ရှားနိုင်တော့ဘဲ အိပ်ယာထဲတွင်သာ တစ်ချိန်လုံး နေရတော့သည်။

ရည်းစားဖြစ်သူသည် အနှိပ်ဆိုင်ကို ဥပဒေကြောင်းအရ တရားစွဲဆိုချင်သော်လည်း ယင်းသို့လုပ် ဆောင်ရန်အတွက် အထောက်အထားခိုင်လုံမှုရှိမရှိမှာ မသေချာဟု ဝန်ခံသည်။

တစ်ချိန်တည်းမှာပင် ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူပြုဌာန(HSS) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Arkom Praditsuwan က Chayada သွားခဲ့သော အနှိပ်ဆိုင်သည် ဝန်ဆောင်မှုပေးရန် လိုင်စင်ရ အသိအမှတ်ပြုဆိုင် ဟုတ်မဟုတ်ကို ဌာနမှ တာဝန်ရှိသူများက စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညို

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်၍ နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညိုခဲ့သည်။

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071