Wednesday, May 6, 2026

တိုင်းဒေသကြီး (၆) ခုတွင် Smart...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...
HomeCelebrities' Newsအနုပညာခရီးလမ်းရှည်ထက်က အောင်မြင်မှုတွေနဲ့ အကယ်ဒမီနေတိုး

အနုပညာခရီးလမ်းရှည်ထက်က အောင်မြင်မှုတွေနဲ့ အကယ်ဒမီနေတိုး

အကယ်ဒမီ ၃ ဆုရှင် မင်းသားနေတိုးဖြစ်လာဖို့အတွက် ရင်းနှီးပေးဆပ်ခဲ့ရတဲ့အချိန်ကာလတွေက အင်မတန်မှများပြားလွန်း လှပါတယ်။ အကယ်ဒမီဆုရမင်းသားဖြစ်လာဖို့အတွက် နေတိုး ဘယ် လိုဖြတ်ကျော်လာခဲ့ရသလဲဆိုတာ ပရိသတ်အားလုံးမသိသူ မရှိသ လောက်ပါပဲ။ အနုပညာခရီးလမ်းကြမ်းကို အချိန်ကာလပေါင်း များစွာဖြတ်ကျော်လာခဲ့ပြီးမှ နေတိုးဆိုတဲ့ ကမ္ပည်းအက္ခရာကို ပရိသတ်တွေ နှလုံးသားထဲမှာ စိုက်ထူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

နေတိုး အခုလိုဘာကြောင့် အောင်မြင်လာရတာလဲ ဆို တော့ နေတိုးပြန်ပြောပြတဲ့စကားလုံးလေးက အရမ်းရိုးရှင်းလွန်းလှပါ တယ်။ စေတနာကြောင့်ပါတဲ့။ အောင်မြင်ဖို့ဆိုတာက စေတနာက အဓိကကျတယ်လို့ ရိုးရှင်းစွာနဲ့ နေတိုးက ပြောပြပေးခဲ့တယ်။

”အနုပညာရဲ့ ဆိုလိုရင်းကို အဓိကသိပြီး အကြောင်းအရာ တစ်ခုပေါ်မှာ ရိုးရိုးသားသားကြိုးစားမှုနဲ့ ဖြတ်သန်းနိုင်ဖို့လိုတယ်။ စေတနာလည်းထားရမယ်၊ ကိုယ်လုပ်လိုက်တဲ့ အနုပညာတစ်ခုမှာ ကြည့်ရှုသူ ပရိသတ်အပေါ် စေတနာထားပြီး ကိုယ့်ဇာတ်လမ်းရဲ့ သရုပ်ဆောင်မှုတွေမတူအောင် မတူညီတဲ့ခံစားချက်တွေနဲ့ ကိုယ့် ပရိသတ်ကိုပေးနိုင်အောင် ကြိုးစားလုပ်ဆောင်ရမယ်”လို့ နေတိုး က ထပ်လောင်းပြောပြပါတယ်။

အမှန်ပါပဲ။ နေတိုး အကယ်ဒမီဆုကို ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ ၃ ကားစလုံးမှာ စရိုက်တစ်ခုနဲ့တစ်ခု မတူညီကြတဲ့အပြင် လေ ယူလေသိမ်းနဲ့ ဟန်ပန်အမူအရာတွေက ကွဲပြားနေခဲ့ပါတယ်။ ပထမဦးဆုံး ‘မိုးညအိပ်မက်မြူ’နဲ့ အကယ်ဒမီရတယ်။ နောက် တော့’နက္ခတ်မှားတဲ့တိုက်ပွဲ’။ ၂ဝ၁၇ခုနှစ်မှာတော့ ‘တာတေကြီး’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက မမတာဆိုတဲ့ဇာတ်ရုပ်နဲ့အကယ် ဒမီရရှိခဲ့ပါတယ်။

အကယ်ဒမီဆုတွေ တသီတတန်းကြီးရလာလို့ အကယ်ဒမီ နေတိုးက အောင်မြင်မှုအပေါ် သာယာနေပြီလားဆိုတဲ့ အဲဒီမှတ် ချက်ပြု အယူအဆတွေကို နေတိုးက ရိုးရှင်းတဲ့ ဖြေဆိုမှုနဲ့အတူ ပယ်ချသွားခဲ့ပါတယ်။ အဲဒါကတော့ နေတိုးက အောင်မြင်မှု အပေါ်ကို သာယာမနေဘဲ အများပြည်သူအတွက် အကျိုးရှိတဲ့ အရာမျိုးကို လုပ်ဆောင်အသုံးချတတ်ရမယ်လို့ သူ့ရဲ့ဆန္ဒကို ဖြေကြားခဲ့တာပဲ ဖြစ် ပါတယ်။

”ကိုယ်ဘာပဲလုပ်လုပ် နူးညံ့တဲ့ စိတ်နဲ့ပုံဖော်ယူရမယ်။ ကိုယ်လုပ်ရမယ့် အလုပ် တစ်ခုကို စေတနာအပြည့်ပါပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိုင်ပင်ဆွေးနွေးတတ်ရမယ်။ အောင်မြင်မှုအပေါ်မှာ မသာယာဘဲ ရှေ့ဆက်အဲဒီအောင်မြင်မှုကို အသုံးချပြီး အများ ပြည်သူတွေအတွက် အကျိုးရှိမယ့် အရာမျိုး လုပ်ဆောင်တတ်ဖို့ လိုအပ်တယ်”လို့ နေ တိုးကတော့ မှတ်ချက်ပြုဆိုပါတယ်။

နေတိုးက အခုလိုမျိုးသူအကယ်ဒမီဆုတွေ ရရှိလာတယ်။ ပြီးတော့ အောင်မြင်မှုတွေ ရရှိလာတယ်ဆိုတာက ပံ့ပိုးပေးတဲ့သူတွေရှိခဲ့လို့သာ ဒီအခြေအနေမျိုးကို ပိုင်ဆိုင်နိုင်တာ ဖြစ်တယ်လို့ဆိုပါတယ်။ သူအောင်မြင်လာမှုအပေါ် နောက်ကွယ်ကပံ့ပိုးပေးသူ ကျေးဇူး ရှင်တွေထဲမှာ သူ့ရဲ့ အဖေနဲ့အမေပါဝင်သလို သူ့ကို စင်တင်ပေးခဲ့တဲ့ ဂျော်လီဆွေနဲ့ သားများကတော့ အနုပညာခရီးလမ်းအတွက် အဓိကအကျဆုံးပံ့ပိုးကူညီသူတွေဖြစ်ခဲ့ တယ်လို့ ပြောပြခဲ့ဖူးပါ တယ်။

အဲဒါကြောင့်လည်း အကယ်ဒမီနေတိုးက အနုပညာလောကမှာ နောက်ထပ်ပေါ် ပေါက်လာမယ့် မျိုးဆက်သစ်တွေအတွက် အသိပေးစကားဆိုခဲ့တာကတော့ …

”အခုခေတ်က ရွေးချယ်မှုတွေ တအားများတယ်။ စိတ်ကို ဒွိဟမထားဘဲ ဝါသနာ ပါရာ အလုပ်တစ်ခုကို ဖြစ်မြောက်အောင်လုပ်ရမယ်။ အခုက အရင်ကထက်စာရင် သင်တန်းတွေ တအားများလာတယ်။ အဲဒါက ဒီရုပ်ရှင်လောက ကောင်းကျိုးတွေ အများကြီးပါလာမယ်။ အနုပညာနဲ့ပတ်သက်ပြီး ကြိုးစားတဲ့ နေရာမှာ စိတ်ဓာတ်ပိုင်း၊ စည်းကမ်းပိုင်း အင်တာနေရှင်နယ်ဖြစ်ဖို့ မဖြစ်ဖို့ဆိုတာက လိုအပ်နေသေးတယ်လို့ မြင် တယ်။ အခုသင်တန်းမှာ မိမိတို့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကို မျှဝေပေးတဲ့ သဘောပဲ ရှိသေးတယ်။ တကယ် သက်ဝင်လှုပ်ရှားပြီး ဒီသရုပ်ဆောင် မှုပညာရပ်တွေကို အပြုံး၊ အငို၊ ရှက်တာ၊ ကြောက်တာတွေ အသေးစိတ်ခွဲခြားပြီး သင်ရိုးညွှန်းတမ်းလို စာတွေ့ လက်တွေ့ ကိုယ်ပိုင်ဟန်နဲ့ သင်ကြားနိုင်တဲ့ ကျောင်းမျိုးပေါ်လာဖို့ မျှော်လင့်တယ်”လို့ မှတ်ချက်ပြုစကားဆိုခဲ့ပါတယ်။

အကယ်ဒမီ နေတိုးက လက်ရှိမှာတော့ အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးအတွက် ‘နိုင်ငံကြီးသား’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ဇင်ဝိုင်း၊ နေထက်လင်း၊ နေမျိုး အောင်၊အကယ်ဒမီမင်းမော်ကွန်း၊ အကယ် ဒမီထွန်းထွန်း၊ မင်းသွေး၊ ထူးခြား၊ မိုးယံဇွန်၊ စည်ဖြိုး၊ ထွန်းကိုကို၊ သိန်းလင်းစိုး၊ နေရဲ၊ ရွှေသမီး၊ အောန်ဆိုင်း တို့နဲ့အတူတွဲ ဖက်သရုပ်ဆောင်လျက်ရှိနေပါတယ်။ ဒါရိုက်တာကတော့ စတီးလ်(ဒွေးမေတ္တာ) ဖြစ်ပါတယ်။

ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071