Monday, August 17, 2026

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က်...

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး...

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...
HomeNewsLocal Newsအနီးစခန်းလေဆိပ်သည် ရတနာပုံဆိုက်ဘာစီးတီးကို ကမ္ဘာ့အဆင့်မီ...

အနီးစခန်းလေဆိပ်သည် ရတနာပုံဆိုက်ဘာစီးတီးကို ကမ္ဘာ့အဆင့်မီ Silicon Valley ဖြစ်စေရေး၏ အဓိကလေကြောင်းတံခါးပေါက်ဖြစ်လာမည်ဟု နိုင်ငံတော်သမ္မတ ပြော

ပြင်ဦးလွင်မြို့ရှိ အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးခဲ့သည့် အနီးစခန်းလေဆိပ်သည် ရတနာပုံဆိုက်ဘာစီးတီးကို ကမ္ဘာ့အဆင့်မီ Silicon Valley တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် အဓိကကျသည့် လေကြောင်းဆက်သွယ်ရေးတံခါးပေါက် ဖြစ်လာမည်ဖြစ်ပြီး အနာဂတ်တွင် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် ခေတ်မီလေဆိပ်တစ်ခုအဖြစ် ဆက်လက်အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ (ဇူလိုင် ၁၁ ရက်) တွင် ပြောကြားခဲ့သည်။

အနီးစခန်းလေဆိပ်ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတက ပြင်ဦးလွင်မြို့သို့ ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်နိုင်ရေးနှင့် လေဆိပ်တစ်ခု၏ အင်္ဂါရပ်များ ပြည့်စုံစေရေးအတွက် ၂၀၂၃ ခုနှစ်မှစတင်ကာ အဆင့်မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းအရ တစ်နှစ်လျှင် ခရီးသည် ၁၀၀,၀၀၀ ဝင်ထွက်အသုံးပြုနိုင်သည့် နှစ်ထပ်လေဆိပ်အဆောက်အဦသစ်၊ Boeing 737-800 အမျိုးအစား လေယာဉ်သုံးစီး တစ်ပြိုင်နက်ရပ်နားနိုင်သည့် လေယာဉ်ရပ်နားနေရာ၊ လေကြောင်းထိန်းမျှော်စင်သစ်တို့ကို တည်ဆောက်ခဲ့သည့်အပြင် လေယာဉ်ဆင်းသက်မှုအထောက်အကူပြု လမ်းညွှန်စက်များ၊ လေယာဉ်ပြေးလမ်း မီးအလင်းရောင်စနစ်များနှင့် လေကြောင်းလမ်းညွှန်စနစ်များကိုလည်း တပ်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အနီးစခန်းလေဆိပ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ပြည်တွင်း၊ ပြည်ပမှ နည်းပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများသည် ရတနာပုံဆိုက်ဘာစီးတီးသို့ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကာ နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့အတူ ပြင်ဦးလွင်ဒေသမှ ပန်းမန်များ၊ ကော်ဖီ၊ စတော်ဘယ်ရီနှင့် အခြားလတ်ဆတ်မှုလိုအပ်သည့် အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များကို လေကြောင်းကုန်စည်ပို့ဆောင်ရေးစနစ်ဖြင့် ပြည်တွင်းသာမက ပြည်ပဈေးကွက်များသို့ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက အနာဂတ်တွင် အနီးစခန်းလေဆိပ်ကို လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် ခေတ်မီလေဆိပ်တစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်ထားပြီး လေယာဉ်များ အမြန်ဝင်ထွက်နိုင်သည့် Taxiway များ၊ ကုန်တင်လေယာဉ်ရပ်နားနေရာများ၊ ကုန်စည်သိုလှောင်ရုံများ အပါအဝင် အခြေခံအဆောက်အအုံများကိုလည်း အဆင့်ဆင့် တည်ဆောက်အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းသည် နိုင်ငံတော်၏ အရေးပါသည့် အခြေခံအဆောက်အအုံစီမံကိန်းများအနက် တစ်ခုဖြစ်ပြီး အစိုးရသစ်၏ ပထမရက်(၁၀၀)စီမံကိန်းအတွင်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားကာ လေဆိပ်ကို ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ သြဂုတ် ၁၆ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ဘယ်လာရုစ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာသုံးဆောင်ပြီးချိန်တွင် ရန်ကုန်တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌတို့က ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/သူများအား...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071