Sunday, January 25, 2026

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့်...

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeNewsLocal Newsအနာဂတ်ပညာရေးကိုပုံဖော်ရာတွင် မူဝါဒချမှတ်သူများ၊ဆရာများ၊မိဘများနှင့်ကျောင်းသားများသည် အဓိကအခန်းကဏ္ဍမှပါဝင်

အနာဂတ်ပညာရေးကိုပုံဖော်ရာတွင် မူဝါဒချမှတ်သူများ၊ဆရာများ၊မိဘများနှင့်ကျောင်းသားများသည် အဓိကအခန်းကဏ္ဍမှပါဝင်

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေမှ ဇွန် ၉ ရက်နံနက်ပိုင်းက ရုရှားနိုင်ငံ ပညာရေးဝန်ကြီးဂုဏ်ပြုတည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့တက်ရောက်စဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

Shaping the Future ဆိုသည့်ခေါင်းစဉ်သည် မိမိတို့၏လူ့အဖွဲ့အစည်းများနှင့်ကမ္ဘာကြီးကိုပုံဖော်ရာတွင် ပညာရေးသည် အဓိကအခန်းမှ ပါဝင်နေသည်ကို သတိပေးနေသည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေကပြောသည်။

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးတိုင်း အနည်းဆုံး KG+9 ပြီးမြောက်စေရေး မူဝါဒကိုချ မှတ်ဆောင်ရွက်နေကာ KG+9 ပြီးမြောက်သည့် ကျောင်းသားများအနေဖြင့် ခရိုင် ၅၀ တွင်ဖွင့်လှစ်ထားသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများဖြစ်သည့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းများသို့ တက်ရောက်နိုင်သည်ဟု ပြောသည်။

ကမ္ဘာ့အဆင့်မီသင်ရိုးများဖြင့်သင်ကြားသည့် တက္ကသိုလ်များက အရည်အချင်းပြည့်ဝသော ဘွဲ့ရ ပညာတတ်များမွေးထုတ်ပေးနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ တက္ကသိုလ်များနှင့်မိတ်ဖက် တက္ကသိုလ်များကြား ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်လို​ကြောင်းပြောသည်။

“အနာဂတ်ပညာရေးဟာ မူဝါဒချမှတ်သူတွေ ပညာပေးဝေသူ ဆရာတွေ မိဘတွေနဲ့ကျောင်းသားတွေရဲ့ လက်ထဲမှာရှိပါတယ်၊ အဲဒီအစုအဖွဲ့တွေဟာ လျင်မြန်စွာပြောင်းလဲနေတဲ့ ကမ္ဘာကြီးရဲ့အနာဂတ်ပညာရေးကိုပုံဖော်ရာမှာ အဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာညွှန့်ဖေက ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ အလုပ်သဘောနေ့လယ်စာစားပွဲတက်ရောက်လာသည့် နိုင်ငံအသီးသီးမှပညာရေးဝန်ကြီးများ၊ကိုယ်စားလှယ်များကလည်း ၎င်းတို့၏ အတွေ့အကြုံများ၊ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများနှင့်အမြင်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ရုရှားနိုင်ငံ၊ပညာရေးဝန်ကြီး Sergey Sergeevich Kravstov က တက်ရောက်လာသည့် နိုင်ငံအသီးသီးမှပညာရေးဝန်ကြီးများ၊ကိုယ်စားလှယ်များနှင့် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၃)၏ မဲပေးမှုများ ပြီးစီးပြီဖြစ်သဖြင့် ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက်၊ မဲရုံအမှတ်(၂)တွင် တွေ့ရသည့် မဲရုံပိတ်သိမ်းကာ မဲရလာဒ်များ စတင်ရေတွက်မှုမြင်ကွင်းများ

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်(ယနေ့)တွင် ကျင်းပခဲ့သည့် ​ရွေးကောက်ပွဲအပိုင်း(၃)ကို နံနက် ၆နာရီမှစတင်ကာ မဲရုံများ စတင်ဖွင့်လှစ်ခဲ့ပြီး မဲပေးမှုများ ပြုလုပ်ခဲ့ရာ ညနေ ၄နာရီအချိန်တွင် မဲပေးမှုများ ပြီးစီးကာ မဲရုံများ ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲအပိုင်း(၃)ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင်ကျင်းပခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသ​ကြီးတွင် ဒဂုံ၊ လမ်းမတော်၊ ဆိပ်ကြီး/ခနောင်တို၊ ဒလ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာ တောင်ညွန့်၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ရန်ကင်း၊ ကျောက်တန်း၊ ခရမ်း၊ စမ်းချောင်း၊...

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီ (၂၅) ရက် ၊ နံနက် (၇)နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်ပေါ်ပါ ခရီးသည် (၂၂)ဦးအနက် အဆိုပါ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ခြင်းဖြစ် သည်။ ဒဏ်ရာရသူ အမျိုးသမီးအား စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071