Sunday, February 1, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomePopular Academy2017 Academyအထူးဆုများလည်း ပေးအပ်သွားမယ့် ယခုနှစ်အကယ်ဒမီဆုပေး

အထူးဆုများလည်း ပေးအပ်သွားမယ့် ယခုနှစ်အကယ်ဒမီဆုပေး

 

ယခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အနုပညာရှင်၊ အတတ် ပညာရှင်များအတွက် အကယ်ဒမီ ၁၁ ဆုအပြင် အထူးဆုများလည်း ပေးအပ် သွားမှာဖြစ်တဲ့အတွက် ဆုများရရှိဖို့ မျှော်လင့်ချက် ပိုရှိနိုင်မယ်လို့ မြန် မာနိုင်ငံအစည်းအရုံး ဒုဥက္ကဌ ဦးအေးကြူလေးက ဆိုပါတယ်။ ”အထူးဆုက မနှစ်ကတည်းကပြောင်းလဲတာပါ။ ဟိုးတုန်းကတော့ကလေး သရုပ်ဆောင် ထူးခြားရင် သူကဇာတ်ပို့ထဲလည်းမပါဘူး။ အဓိက ဇာတ်ဆောင်ထဲလည်းမပါတော့ အထူးဆုပေးတာ။ မနှစ်ကစပြီးတော့ အထူးဆုဆိုတာ တခြားပညာရပ် တွေမှာ ထူးခြားရင်လည်းပေးမယ် ဆိုပြီးဖြစ်လာတာ။ ၁၁ ဆုထဲမှာမပါဘူးပေါ့။ ဥပမာ မိတ်ကပ်မှာထူးခြားရင် မိတ်ကပ်အထူးဆု special effect ပေါ့။ အရင် တုန်းက ကလေးသရုပ်ဆောင်မပါရင် ကျန်တာ မျှော်လင့်ချက်မရှိတော့ဘူး။ အခုက တော့ ဆုရဖို့က မျှော်လင့်ချက်ပိုရှိတာပေါ့” လို့ ပြောပါတယ်။ အရင် နှစ်တွေနဲ့ မတူအပြောင်းအလဲများစွာရှိတဲ့ ယခုနှစ် ပွဲမှာ အကယ်ဒမီအ ကဲဖြတ် အမှတ် ပေးတဲ့ပုံစံလည်းပြောင်းလဲထားတယ်လို့ ဦးအေးကြူလေးက ပြောပါတယ်။

”ဒီနှစ်အမှတ်ပေးတဲ့စနစ်။ မနှစ်ကတုန်းက သရုပ်ဆောင်တွေ ဆိုရင် သရုပ်ဆောင်အကယ်ဒမီ ဘုတ်အဖွဲ့ဝင်အကုန်လုံးက အမှတ် ပေးတာ။ ဒီနှစ်ကျ တော့ သရုပ် ဆောင်အလွှာအတွက် ရွေးထားတဲ့လူ ၅ယောက်က ပဲ ပေးရတယ်။ ဥပမာ ၇ဖွဲ့ရှိတယ်။ ဇာတ်ညွှန်းဆို ဇာတ်ညွှန်းအဖွဲ့ရဲ့ ခေါင်းဆောင် တစ်ယောက်ရှိတယ်။ ဒါရိုက်တာဆို ဒါရိုက်တာ အဖွဲ့ရဲ့ခေါင်းဆောင်တစ် ယောက်ရှိတယ်။ ဓာတ်ပုံဆိုလည်း ဓာတ်ပုံအဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက် ရှိတယ်။ အဲဒီလိုခေါင်းဆောင် ၇ ယောက်ရှိတယ်။ သရုပ်ဆောင်ဆုကို ရွေးမယ် ဆိုရင် သရုပ်ဆောင်တွေရယ် ခေါင်းဆောင် ၇ ယောက်ရယ် ပေးတဲ့မဲပဲ။ ဇာတ်ညွှန်းကိုပေးမယ်ဆိုရင် ဇာတ်ညွှန်းက ၅ယောက်ရှိမယ်ဆိုရင် ခုနက ခေါင်းဆောင် ၇ယောက်ရယ် ပေးတဲ့မဲပဲဆုံးဖြတ်မှာပါ။ မဲအားဖြင့်တော့ပေး မယ့်လူကနည်းသွားတယ်။ ဒါပေမဲ့ ဆုံးဖြတ်ရတာတော့ နည်းနည်းလွယ် တာပေါ့။ ဇာတ်ကားဆုကျတော့ ဘုတ်အဖွဲ့ဝင်တွေ အားလုံးကပေးရမယ်။ အဲဒီလိုပုံစံပြောင်းသွားတယ်” လို့ ဆိုပါတယ်။ ပွဲအခမ်းအနားအတွင်း ကော် ဇောနီလျှောက်လှမ်း တစ်ဖက်တစ်ချက်မှာလည်း ဂန္ထဝင်ရုပ်ရှင် ဇာတ်ကားများကို ပန်းချီရေးဆွဲထားတဲ့ ဘုတ်များထောင် ထားမှာဖြစ်ကြောင်း လည်း သိရပါတယ်။ ဒါ့အပြင် မှတ်တမ်းအနေနဲ့ယူရန်အတွက် ရွှေစာအုပ်၊ ငွေစာအုပ်များကို ထားရှိ သွားမှာဖြစ်ကာ အကယ်ဒမီရရှိပြီးသူများက ရွှေစာအုပ်မှာ လက်မှတ်ထိုး ရမှာဖြစ်ပြီး ကျန်သောအနုပညာရှင်၊ အတတ်ပညာရှင်များက ငွေစာအုပ်မှာ လက်မှတ်ထိုးဖို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071