ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ် ကားတို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
လှည်းကူးမြို့နယ်ရှိ အမှတ် (၂) လမ်းမကြီးအတိုင်းမောင်းနှင်လာသော အထည်ချုပ်စက်ရုံဖယ်ရီကားသည် အင်းတိုင်ကျေးရွာအရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောရှိ မီနီဘတ်စ်ကားကိုဝင်တို-က်မိခဲ့ကြောင်း သိရသည်။
ထိုသို့ တို-က်မိမှုကြောင့် အထည်ချုပ်စက်ရုံဖယ်ရီကားမောင်းသူနှင့် စက်ရုံဝန်ထမ်းအမျိုးသမီး (၁) ဦးတို့မှာ အခင်းဖြစ်နေရာတွင် ေ-သဆုံးသွားခဲ့ပြီး ဖြစ်စဥ်အား လှည်းကူးမြို့နယ်မီးသ-တ်စခန်း၊ မင်္ဂလာဒုံမြို့နယ်မီးသ-တ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်မှုများပြုလုပ်ပေးခဲ့ကြပြီး ထိခိုက်ဒ-ဏ်ရာရသူများကို လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ထိခိုက်ဒ-ဏ်ရာရသူများရရှိ၍ ဆေးရုံပို့ဆောင်ပေးခဲ့ရသူများအနက် အမျိုးသမီး (၂) ဦးမှာ ထပ်မံေ-သဆုံးသွားခဲ့ကာ စိုးရိမ်ရသည့်အခြေအနေဖြင့် ဆေးကုသမှုခံယူနေရသူများလည်းရှိနေကြောင်း သိရသည်။
Photo-အင်းစိန်ကြက်ခြေနီ
