ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ အသက် (၁၆) နှစ်အရွယ် အထက်တန်းကျောင်းသူကို အဓမ္မကျင့်သ-တ်ဖြတ်သူနှစ်ဦးကို ေ-သဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ယမန်နေ့ မေလ (၂၂)ရက်တွင် တောင်ငူခရိုင်တရားရုံးက ေ-သဒဏ်ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။
အထက်တန်းကျောင်းသူသည် မိခင်ဖြစ်သူနှင့် နေထိုင်သူဖြစ်ပြီး မတ် (၁၉)ရက်၊ နံနက်ပိုင်းက အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မိခင်ဖြစ်သူ အပြင်သွားနေစဉ် အဓမ္မပြုကျင့် သ-တ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ေ-သဆုံးသူ၏ နေအိမ်နှင့် ကျောချင်းကပ် နေထိုင်သည့် အိမ်နီးချင်း အမျိုးသားကို မင်္သကာမှုဖြင့် ရဲတပ်ဖွဲ့က ခေါ်ယူစစ်မေးရာမှ ဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်တွင် တရားခံနှင့် တစ်ရွာတည်းနေသူ နောက်ထပ်အမျိုးသားတစ်ဦးတို့က ကျောင်းသူကို အတင်းအဓမ္မ သားမယားပြုကျင့်ပြီး နေအိမ်၌ပင် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူ နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးပြီး တောင်ငူခရိုင်တရားရုံးကို တရားစွဲဆို တင်ပို့ခဲ့ကာ တောင်ငူခရိုင်တရားရုံးက သေဒ-ဏ်ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။
