Saturday, August 8, 2026

ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတွင် ငါး/ပုစွန်မွေးမြူရေးကန်...

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ တွင် ငါး/ပုစွန်မွေးမြူရေးကန် ဧက ၄ သိန်း ၇ သောင်းကျော်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ငါးမွေးမြူရေးကန်များအနက်...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...
HomeNewsLocal Newsအတိုက်အခံများကို အကြမ်းဖက်ဟု သတ်မှတ်နေခြင်းသည်...

အတိုက်အခံများကို အကြမ်းဖက်ဟု သတ်မှတ်နေခြင်းသည် တွေ့ဆုံဆွေးနွေးရေးကို အဟန့်အတား ဖြစ်စေသည်ဟု အာဆီယံ အထူးကိုယ်စားလှယ်ပြော

အတိုက်အခံများကို အကြမ်းဖက်ဟု သတ်မှတ်နေခြင်းသည် တွေ့ဆုံဆွေးနွေးရေးကို အဟန့်အတား ဖြစ်စေသည်ဟု အာဆီယံ အထူးကိုယ်စားလှယ်ပြော


နစကအ‌နေဖြင့် အတိုက်အခံများကို အကြမ်းဖက်အဖြစ်သတ်မှတ်ခြင်းသည် အားလုံးပါဝင်သည့် ဆွေးနွေးမှုကို အဟန့်အတားဖြစ်စေကြောင်း အာဆီယံအထူး ကိုယ်စား လှယ်ပြောကြားလိုက်သည်။

၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်‌တွေ့ဆုံစဉ်ပြောကြားခဲ့သည့် အကြံပြုချက်နှင့် ပတ်သက်၍ ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို တောင်းဆိုရာမှာ အဖွဲ့အစည်းတစ်ခုကိုအကြမ်းဖက်ဆိုပြီး သတ်မှတ်ခြင်းက ငြိမ်းချမ်းပြီးအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို မရရှိစေနိုင်ကြောင်းလည်းမျှဝေခဲ့ပါတယ်” ဟု အာဆီယံအထူးကိုယ်စားလှယ် ကပြောသည်။

၎င်းအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်ရန်မည်သည့် ပါတီကိုမဆို ကြိုဆိုတံခါးဖွင့်ထားရန် နစက ခေါင်းဆောင်များအား တိုက်တွန်းခဲ့ပြီး နစက အနေဖြင့်လည်း အကြမ်းဖက်သမားများဟု သတ်မှတ်ခံထားရသူများနှင့် တွေ့ဆုံဆွေးနွေးရန် ကြိုဆိုတံခါးဖွင့်ထား‌ သ ည်ဟု ပြန်လည် ပြောကြားခဲ့သည်ဟု ဆိုသည်။

နစက အစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေသည့်အပြင် NUG ၊ CRPH ကဲ့သို့သော အတိုက်အခံအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စကားဦးသန်းသည့် ပြောဆိုမှုများ ယခုနောက်ပိုင်းတွင် ပြောဆိုလာခြင်းများ ရှိနေလည်းသည်။

အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် နစက အစိုးရ ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အဓိက တာဝန်ရှိနေသည့် ဗိုလ်ချုပ်ကြီး ရာပြည့်ဦး‌ဆောင်သည့်အဖွဲ့နှင့် တွေ့ ဆုံစဉ်၌လည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်နှင့် ပတ် သက်၍ မေးခွန်းတစ်ခု မေးမြန်းခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

“ငြိမ်းချမ်းရေးဆွေးနွေးဖို့အစီအစဉ်အစကမရှိပေမဲ့ တ ကယ်လို့များ နစက ကအကြမ်းဖက်ပါလို့သတ်မှတ်ထားတဲ့သူ၊အဖွဲ့အစည်းတွေထဲကတစ်ချို့ကသာ ဆက်မတိုက်ချင်တော့လို့ ဆွေးနွေးချင်တဲ့ သူတွေရှိနေရင် ဗိုလ်ချုပ်ကြီး တို့ ဘယ်လိုလုပ်မလဲ” ဟု မေးမြန်းခဲ့ကြောင်း မစ္စတာ ပရပ်ဆွန်ခွန်းက ပြောသည်။

ထိုသို့ မေးမြန်းခဲ့ရာတွင် အတိုက်အခံများနှင့် တွေ့ဆုံရန် အဖြေရှိသော်လည်း ၎င်းတို့၏ အတွေးအမြင်များကို ပြောင်းလဲရန်လိုအပ်ပြီး အခြေအနေသုံးခုကို လိုက်နာရန် လိုအပ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟုလည်း ဆိုသည်။

ယင်းအချက် (၃) ချက်မှာ လက်ရှိအစိုးရအား ဖျက်သိမ်းရန် ကြိုးစားနေမှုများကို ရပ်တန့်ရန်၊ လက်ရှိအစိုးရအဖွဲ့အား အစားထိုးဖို့ မကြိုးစားရန်၊ ၂၀၀၈ အခြေခံ ဥပဒေကို ငြိမ်းချမ်းရေးဆွေးနွေးမှု ဆိုင်ရာအခြေခံမူအဖြစ် ဆက်လက်ထားရှိရန် စသည့် အချက်များကို လိုက်နာရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် NUG အပါအဝင် အတိုက်အခံ အင်အားစုများနှင့် နစက တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်း ထန်နေပြီး အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝို င်းမှ တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းဖြင့် လက်ရှိမြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် ဖျောင်းဖြမှုများလည်း ရှိနေသည်။

နိုင်ငံတကာအသိုင်းအဝိုင်းမှ ယခုကဲ့သို့ ကြိုးစားနေသော် လည်း အဆုံးအဖြတ်ပေးရမည့် အခန်းကဏ္ဍသည် နှစ်ဖက် သက်ဆိုင်သူများ၏ ဆုံးဖြတ်ချက်သည်သာ အဓိကဖြစ်ကြောင်းလည်း မစ္စတာ ပရပ်ဆွန်ခွန်းက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတွင် ငါး/ပုစွန်မွေးမြူရေးကန် ဧက ၄ သိန်း ၇ သောင်းကျော်ရှိ

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ တွင် ငါး/ပုစွန်မွေးမြူရေးကန် ဧက ၄ သိန်း ၇ သောင်းကျော်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ငါးမွေးမြူရေးကန်များအနက် ဧရာဝတီတိုင်းဒေသကြီးတွင် ဧက ၁ သိန်း ၇ သောင်း ၇ ထောင်ကျော်ဖြင့် အများဆုံး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဧက ၉ သောင်း ၇ ထောင်ကျော်ဖြင့် ဒုတိယအများဆုံးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ဧက ၃ သောင်းကျော်ဖြင့် တတိယအများဆုံး မွေးမြူထားခြင်းဖြစ်သည်။ မွေးမြူသည့် အမျိုးအစားများတွင် ပြည်ပသို့ တင်ပို့မှုအများဆုံးဖြစ်သည့်...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ သံရုံးသို့ စာရွက်စာ တမ်းအထောက်အထားဆိုင်ရာများလာရောက်ပြုလုပ်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နှုတ်ဆက်အားပေးစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြပြီး လုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေးအကူအညီတောင်းခံကြရန်၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်း ကမ်းများနှင့်အညီဖြစ်စေရေးအတွက် စနစ်တကျနေ ထိုင်လုပ်ကိုင်ကြရန် ပြောကြားသည်။ " မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အခွင့်အ ရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံအချင်းချင်းဆက်ဆံရာမှာ သံတမန်ဆက်ဆံရေးက များစွာအရေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာခွဲခြားမရနိုင်သည့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကြား၊ တပ်မတော်နှစ်ရပ်ကြားတွေမှာ ခိုင်မာတဲ့ချစ်ကြည်ရေးနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေရှိခဲ့တယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ နိုင်ငံတော်တွင် လက်နက်ကိုင်အကြမ်းဖက်မှုများကြုံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071