Tuesday, June 24, 2025

မီးခိုးမြူ တို-က်ဖျ-က်ရေးအတွက် မြန်မာ-လာအို-ထိုင်း (၃)...

နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ...

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ...

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို...

ထိုင်းမှာ တရားမဝင်ကူးပြောင်း ဝင်ရောက်သူမြန်မာ ၄၁...

      ထိုင်းနိုင်ငံတွင် တနင်္လာနေ့(ဇွန်လ၂၃)ရက်နေ့ အစောပိုင်းက မြန်မာအလုပ်သမားများကို တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီးသည် ရဲလက်မှ ထွက်ပြေးရန် ကြိုးပမ်းရင်း ဗွက်နစ်ခဲ့သောကြောင့် တရားမဝင် မြန်မာအလုပ်သမား ၄၁...
HomeCelebrities' Newsအဆိုတော်နဲ့ သရုပ်ဆောင်လုပ်ချင်တယ်ဆိုတာ ...

အဆိုတော်နဲ့ သရုပ်ဆောင်လုပ်ချင်တယ်ဆိုတာ မေမေနဲ့ ဖေဖေတို့ကို ကျေးဇူးဆပ်ချင်လို့ပါ လို့ ဆိုလာတဲ့ Mini Miss ဖြူစင်ဟိန်းထက် နဲ့ နေလဝါဝါ

ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှစတဲ့ နိုင်ငံပေါင်း ၄၂ နိုင်ငံက ပြိုင်ပွဲဝင်ပေါင်း တစ်ရာကျော် ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ Prince and Princess International 2018ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ ဇူလိုင်လ ၃ဝ ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့ရာမှာတော့ မြန်မာနိုင်ငံကိုယ်စားပြု Miss တွေနဲ့ Mister တွေ ဆု တံဆိပ်ေ တွ အတော်များများရရှိခဲ့ကြပြီျးွှငညညနမ ဆုတွေလည်း သိမ်းပိုက်နိုင်ခဲ့ကြပါ တယ်။ အဲဒီအထဲမှာမှ မြန်မာပြည်ကိုယ်စားပြု Mini Miss လေး နှစ်ဦးကလည်း ဆုတံဆိပ်တွေ ရယူနိုင်ခဲ့ကြပါတယ်။ သူတို့ကတော့ အသက် ၆ နှစ်အရွယ်သာရှိ သေးတဲ့ နေလဝါဝါနဲ့ ဖြူစင်ဟိန်းထက်တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာလည်း လာရောက်ယှဉ်ပြိုင်သူတွေရဲ့ ချစ် ခင်မြတ်နိုးခြင်းတွေကိုခံခဲ့ရသူ တွေလည်း ဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ ကြိုးစားအား ထုတ်မှုတွေကြောင့် ဖြူစင်ဟိန်းထက် က Mini Miss South East Asia ဆုကို ရယူနိုင်ခဲ့ပြီး နေလဝါဝါက တော့ Mini Miss AfriAsia ဆုတွေ ကို အမိမြန်မာနိုင်ငံတော်အတွက် သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။ နေလဝါဝါရော ဖြူစင်ဟိန်းထက်ရော နှစ်ဦး စလုံးက ဆုတံဆိပ်တွေ ရယူနိုင်ခဲ့ကြတဲ့အတွက် အလွန်ပျော်ရွှင်ကြည်နူးမိ တယ်လို့ ဆိုပြီး မြန်မာနိုင်ငံရဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီ အပြုံးပန်း တွေနဲ့ လျှောက်လှမ်းနိုင်ခဲ့ ကြပါတယ်။ ရန်ကုန်ကို ပြန်လည် ရောက်ရှိလာခဲ့ကြ တဲ့ Mini Miss လေးနှစ်ဦးနဲ့ ပေါ်ပြူလာတို့ ထပ်မံဆုံ ဖြစ်ချိန်မှာတော့ သူတို့နှစ်ဦးဟာ ကျောင်းတက်တဲ့ တာဝန်ကိုယ်စီနဲ့ စာကြိုးစားနေလျက်ရှိကြပြီး ပြိုင်ပွဲယှဉ်ပြိုင်စဉ် ကာလ တုန်းက နိုင်ငံခြားကသူငယ်ချင်းတွေကိုတော့ လွမ်းမိနေတယ်လို့ ဆိုပါတယ်။ သူတို့လေး တွေ ပြိုင်ပွဲကာလမှာ အဓိကတွဲဖက်တဲ့ သူငယ်ချင်းလေးတွေကတော့ ကာဇက်စတန်၊ ဗင်နီဇွဲလားစတဲ့ အရှေ့အလယ်ပိုင်းက Mini Miss လေးတွေနဲ့ အတွဲများခဲ့တာဖြစ်ပါ တယ်။

“အတွေ့အကြုံတွေ အများကြီး ရခဲ့တယ်ရှင့်။ ဘာလို့လဲဆိုတော့ သူတို့တွေနဲ့က အင်္ဂလိပ်လိုပြောရတာ လေ။ မြန်မာလိုပြောလို့မရဘူးလေ။ အင်္ဂလိပ်စာနဲ့ စကားပြောကိုနောက် ပိုင်းမှာ ကြိုးစားလေ့လာသွားမှာ ဖြစ်ပါတယ်ရှင့်” လို့ နေလဝါဝါကတော့ အမှတ်တရစကား ဆိုပါတယ်။

Mini Miss လေး နှစ်ဦးစလုံးရဲ့ လက်ရှိရည်မှန်း ချက်ကတော့ စာကိုကြိုးစားသင်ယူမှာဖြစ်ပြီး အရွယ် ရောက်ခါကျမှ Miss ပြိုင်ပွဲတွေကိုဆက်လက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားကြတယ် လို့ ဆိုပါတယ်။

“ဘာလို့လဲဆိုတော့ တစ်ခါတစ်ခါသွားရောက်ယှဉ်ပြိုင်ရတာ ပိုက်ဆံလည်း တအားကုန်ပါတယ်ရှင့်။ ပြီးတော့ အင်္ဂလိပ် စကားကိုလည်း အများကြီး ပြောချင်တယ်။ အဲဒီအတွက်လည်း ကြိုးစားသွားပါ့ မယ်ရှင့်” လို့ ဖြူစင်ဟိန်းထက်က ပြောပြပေးပါတယ်။

သူတို့နှစ်ဦးစလုံးရဲ့ ဘုံရည်ရွယ် ချက်တွေက တူညီလှပါ တယ်။ နှစ်ယောက်စလုံးက သရုပ်ဆောင်နဲ့ အဆိုတော် ဖြစ်ချင်ကြတာပါပဲ။ ပြီး တော့ အရွယ်ရောက်မယ့်အချိန်ကျမှ Miss ပြိုင်ပွဲကြီးတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ကြ မယ် ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း သူတို့နှစ်ဦးစလုံးဆီမှာ ရှိနေပါတယ်။

“အဆိုတော်နဲ့ သရုပ်ဆောင် လုပ်ချင်တယ်ဆိုတာ မေမေနဲ့ ဖေဖေ တို့ကို ပြန်ကျေးဇူးဆပ်ချင်လို့ပါ။ တကယ်ဖြစ်ခွင့်ရ လာမယ်ဆိုရင် ပျော်မိမှာပါ” လို့ ဖြူစင်ဟိန်းထက်က သူ့ရဲ့ဆန္ဒကို ပြောပြပေးပါတယ်။ နေလဝါဝါကလည်း အဲဒီလိုပါပဲ။ သရုပ်ဆောင်နဲ့ အဆိုတော်သာ ဖြစ်ခွင့်ရလာမယ်ဆိုရင် ပျော်ရွှင်မိမှာ အမှန်ဖြစ်ပြီး လက်ရှိမှာလည်း မြန်မာအကတွေကို လေ့လာသင်ယူနေဖြစ်ပါတယ်။ ဒါ့အပြင် စန္ဒာရားတီးခတ်မှုကို ကြိုက်နှစ်သက်တာမို့ စန္ဒာရား လည်း တီး ဖြစ်မယ်လို့ ဆိုပါတယ်။

ထက်လူ၊

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

မီးခိုးမြူ တို-က်ဖျ-က်ရေးအတွက် မြန်မာ-လာအို-ထိုင်း (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက်နေ

နယ်စပ်ဖြ-တ်ကျော် မီးခိုးမြူပြဿနာအား မြန်မာ - လာအို - ထိုင်း (၃)နိုင်ငံအနေဖြင့် မီးခိုးမြူတို-က်ဖျ-က်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို တက်တက်ကြွကြွ လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းကပြောသည်။ International Symposium on Haze Governance in Thailand အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်၍ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ချင်းမိုင်မြို့၊ ရှန်ဂရီလာဟိုတယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာဖြေရှင်းနိုင်ရေးနည်းလမ်းများ ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က ကမကထပြု၍ ထိုင်းနိုင်ငံ၊ သဘာဝသယံဇာတနှင့်...

မုတ်သုံလေအားအလွန်ကောင်းလာနိုင်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင်ဖြစ်ပေါ်နေသော မုတ်သုံ‌လေသည်အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဇွန် ၂၃ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့သည်။ မိုးဇလ၏ အသိပေးထုတ်ပြန်ချက်အရ မုတ်သုံ‌လေအားအလွန်ကောင်းလာနိုင်ခြင်း၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်တို့ကြောင့် ယနေ့ ဇွန် ၂၃ ရက်ညမှ ဇွန် ၂၉ ရက်အတွင်း ရန်ကုန်တိုင်းနှင့် နေပြည်တော်တို့အပါအဝင် တိုင်းနှင့်ပြည်နယ်အနှံ့၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။ ထို့အတူ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးမည်ဖြစ်ကာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး...

ဆိုးလ်မှာအရပ်သားကို ကာကွယ်ရေးဝန်ကြီးအဖြစ်အမည်စာရင်းတင်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်သည် အငြိမ်းစားစစ်ဗိုလ်ချုပ်များကို ခန့်အပ်ခြင်း အစဉ်အလာကို ချိုးဖောက်၍ လွှတ်တော် သက်တမ်း ၅ ကြိမ်ရှိသော ဝါရင့် လစ်ဘရယ် အမတ်တစ်ဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် တနင်္လာနေ့တွင် အမည်စာရင်းတင်ခဲ့သည်။ ဖြုတ်ချခံလိုက်ရသော သမ္မတ ယွန်းဆွတ်ယိုးလ်လက်ထက် ပြီးခဲ့သည့်နှစ်က စစ်အုပ်ချုပ်ရေးဥပဒေပြန်ဌာန်းခဲ့မှုတွင် ၎င်းတို့ပါဝင်ပတ်သက်သော အခန်းကဏ္ဍအတွက် ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်းအပါအဝင် ထင်ရှားသော ကာကွယ်ရေးအရာရှိများစွာက ရာဇဝတ်မှုများကို ရင်ဆိုင်နေရချိန်တွင် ယခု ကြေညာချက်ထွက်လာခြင်းဖြစ်သည်။ သမ္မတရုံး၏ အဆိုအရ ဝါရင့် နိုင်ငံရေးသမားဖြစ်ပြီး လွှတ်တော်အမတ်အဖြစ် ငါးကြိမ်တာဝန်ထမ်းဆောင်ခဲ့သူ အန်ဂူဘက်ကို ကာကွယ်ရေးဝန်ကြီးရာထူးအတွက် အမည်စာရင်းတင်ခဲ့သည်ဟု ဆိုသည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071