Thursday, August 14, 2025

ပြည်သူတစ်ရပ်လုံးအတွက် အကျိုးကျေးဇူးများရရှိနိုင်မည့်GAP စနစ်

ခေတ်သစ်ကမ္ဘာကြီးသည် စားသုံးမှုတွင် ပို၍ အလေးထားလာကြပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်မှု၊ စားသုံးကုန်များ၏ အရည်အသွေးနှင့် ဘေးကင်းမှုတို့ကိုပိုသတိထားလာကြသည်။ ထို့​ကြောင့်  စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ထုံးများဖြင့်  GAP...

ကမ္ဘာ့ဆင်များနေ့၌ ဆင်စခန်း(၂၂)ခုတွင် ဆင်စာဘူဖေးကျွေး

၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်ကကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ဂုဏ်ပြုအခမ်းအနားကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော ဆင်စ ခန်း(၂၂)ခု၌ ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကိုကြိုဆိုခဲ့ကြသည်။ ဆင်စခန်း(၂၂)ခုလုံးရှိ ဆင်များအား နာနတ်သီး၊...

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်...

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP)...

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ...
HomeInternationalအစွန်းရောက်ကြိုးကိုင်မှုများကိုတားဆီးရန် CLV ဖွံ့ဖြိုးတိုးတက်ရေးတြိဂံဒေသမှ...

အစွန်းရောက်ကြိုးကိုင်မှုများကိုတားဆီးရန် CLV ဖွံ့ဖြိုးတိုးတက်ရေးတြိဂံဒေသမှ ကမ္ဘောဒီးယားနှုတ်ထွက်

ဖနွမ်းပင်၊စက်တင်ဘာ ၂၁

ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဌ မစ္စတာဟွန်ဆန်၊ဝန်ကြီးချုပ် ဟွန်မာနက်နှင့် အခြားအကြီးတန်းအရာရှိများက ၎င်းတို့နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား – လာအို – ဗီယက်နမ် ဖွံ့ဖြိုးတိုးတက်ရေးတြိဂံနယ်မြေ (CLV-DTA) မှ နှုတ်ထွက်ကြောင်းထုတ်ပြန်ကြေငြာခဲ့ကြသည်။

အထက်လွှတ်တော် ဥက္ကဋ္ဌက စက်တင်ဘာ ၂၀ ရက်ညပိုင်းတွင် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အဆိုပါ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေငြာရာ၌ စက်တင်ဘာ ၂၀ ရက်မှစ၍ အကျုံးဝင်သည်ဟုဆိုသည်။

ကမ္ဘောဒီးယား၏ထုတ်ပြန်ချက်၌ CLV ‌ဒေသကို ၂၅ နှစ်တိုင်တိုင် အတူလက်တွဲဖော်ဆောင်နိုင်ခဲ့ပြီး Kratie၊ Stung Treng၊Mondulkiri နှင့် Ratanakkiri ဒေသများတွင် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင်မြင်ခဲ့သည်ဟုဖော်ပြထားသည်။

သို့သော် အစွန်းရောက်သမားများက CLV ဒေသကိုအသုံးချကာ ပြည်သူများဇဝေဇဝါဖြစ်စေရန် အစိုးရကို ဆဲဆိုတိုက်ခိုက်ဖို့ နိုင်ငံရေးလက်နက်အဖြစ်အသုံးပြုခဲ့ကြသဖြင့် ယခုကဲ့သို့ နှုတ်ထွက်ရခြင်းလည်းဖြစ်ကြောင်းပြောကြားထားသည်။

ကမ္ဘောဒီးယားဘက်ကအတည်ပြုထုတ်ပြန်ကြေငြာပြီးနောက် ကမ္ဘောဒီးယားနိုင်ငံခြား‌ရေးဝန်ကြီးက လာအိုနှင့်ဗီယက်နမ်မှ သက်ဆိုင်သည့် နိုင်ငံခြားရေးဝန်ကြီးများထံ စာပေးပို့ဆက်သွယ်အကြောင်းကြားခဲ့သည်ဟုလည်းသိရသည်။

CLV ဖွံ့ဖြိုးတိုးတက်ရေးတြိဂံဒေသဆိုသည်မှာစီးပွားရေး၊အခြေခံအဆောက်အဦ၊ကျန်းမာရေးစောင့်ရှောက်မှု၊ပညာရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ရည်ရွယ်လျက်တည်‌ထောင်ခဲ့ကြခြင်းဖြစ်သည်။

Source : ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူတစ်ရပ်လုံးအတွက် အကျိုးကျေးဇူးများရရှိနိုင်မည့်GAP စနစ်

ခေတ်သစ်ကမ္ဘာကြီးသည် စားသုံးမှုတွင် ပို၍ အလေးထားလာကြပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်မှု၊ စားသုံးကုန်များ၏ အရည်အသွေးနှင့် ဘေးကင်းမှုတို့ကိုပိုသတိထားလာကြသည်။ ထို့​ကြောင့်  စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ထုံးများဖြင့်  GAP ကိုလူသိများလာကြသည်။ ကောင်းမွန်သော စိုက်ပျိုးရေးအ​လေ့အကျင့် (Good Agricultural Practices GAP )ဖြင့်စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေး၊ ဘေးကင်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို မြှင့်တင်ရန်၊သဘာဝပတ်ဝန်းကျင်၊စီးပွားရေးနှင့် လူမှုရေး ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းရဲ့လားဟု ​စောင့်ကြည့်လာကြသည်။ မ​ကွေးတိုင်းတွင်လည်း GAP ကို​ဖော်​ဆောင်​နေရာ မြင့်မြတ်​တော်ဝင် လယ်ယာထွက်ကုန်​ရောင်းဝယ်​ရေးစက်ရုံဖွင့်ပွဲတွင် သီးနှံစု​ပေါင်း​ရောင်းချပွဲကိုပါကျင်းပရာ မ​ကွေးတိုင်း​ဒေသကြီးဝန်ကြီးချုပ်လည်း တက်​ရောက်​အားပေးခဲ့သည်။ GAP စနစ်ကို ကျယ်ပြန့်စွာအသုံးပြုပါက လယ်ယာထွက်ကုန်များ၏ အရည်အသွေးတိုးတက်ပြီး...

ကမ္ဘာ့ဆင်များနေ့၌ ဆင်စခန်း(၂၂)ခုတွင် ဆင်စာဘူဖေးကျွေး

၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်ကကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ဂုဏ်ပြုအခမ်းအနားကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော ဆင်စ ခန်း(၂၂)ခု၌ ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကိုကြိုဆိုခဲ့ကြသည်။ ဆင်စခန်း(၂၂)ခုလုံးရှိ ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ဌက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေဗီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့ကို ဆင်စာဘူဖေးအဖြစ်ကျွေးမွေးခဲ့ကြသည်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များကိုလည်း ဆင်စာဘူဖေးကျွေးမွေးခြင်းအပြင် ပလင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ဆင်များအကြောင်း၊ အာဖရိဆင်နှင့် အာရှဆင်များ၏ မတူကွဲပြားမှုအမူအကျင့်များ၊ မြန်မာ့ဆင်များထိန်းသိမိးထားရှိမှုတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြသည်။ ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိဆင်များကိုကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ်၊ သြဂုတ်...

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်ကာ ယနေ့ သြဂုတ် ၁၃ ရက်မွန်းလွဲပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ လေ့ကျင့်မှုကိုအထောက်အကူပြုမည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာများ၊ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် အားကစားနည်းများအလိုက် လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ လေ့ကျင့်ဆောင်ရွက်နေမှု၊  စံချိန်/ စံညွှန်းတိုးတက်မှု၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းလိုအပ်မှုများကို ပြည်ထောင်စုဝန်ကြီး ကဆွေးနွေးပြောကြားခဲ့သည်။ နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071