Wednesday, August 13, 2025

ပြည်သူတစ်ရပ်လုံးအတွက် အကျိုးကျေးဇူးများရရှိနိုင်မည့်GAP စနစ်

ခေတ်သစ်ကမ္ဘာကြီးသည် စားသုံးမှုတွင် ပို၍ အလေးထားလာကြပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်မှု၊ စားသုံးကုန်များ၏ အရည်အသွေးနှင့် ဘေးကင်းမှုတို့ကိုပိုသတိထားလာကြသည်။ ထို့​ကြောင့်  စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ထုံးများဖြင့်  GAP...

ကမ္ဘာ့ဆင်များနေ့၌ ဆင်စခန်း(၂၂)ခုတွင် ဆင်စာဘူဖေးကျွေး

၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်ကကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ဂုဏ်ပြုအခမ်းအနားကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော ဆင်စ ခန်း(၂၂)ခု၌ ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကိုကြိုဆိုခဲ့ကြသည်။ ဆင်စခန်း(၂၂)ခုလုံးရှိ ဆင်များအား နာနတ်သီး၊...

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်...

နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး နှင့် (WFP)...

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူညီပေးရေးကိစ္စများနှင့် ရွေးကောက်ပွဲကိစ္စများဆွေးနွေးခဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိင်းရေးမှူး/ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ...
HomeInternationalအစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန်...

အစ္စရေး-အီရန်စစ်ပွဲဆဌမမြောက်နေ့ရောက်လာ၊ အီရန်ကိုချွင်းချက်မရှိ အညံ့ခံရန် ထရမ့်ပ်တောင်းဆို

   
အီရန်နိုင်ငံအနေဖြင့် မည်သည့်တစုံတရာသော စည်းကမ်းသတ်မှတ်ချက်မှမထားဘဲ အညံ့ခံရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ်ပ့်က တို-က်တွန်းခဲ့သော်ငြားလည်း အစ္စရေးနှင့် အီရန်တို့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ဒုံးကျည်များ ဖြင့် အပြန်အလှန် ဆက်လက် ပ-စ်ခတ်ခဲ့ပြီး ကာလကြာရှည် ရန်ဘက်များအကြား လေကြောင်းမှ စစ်ခင်းမှုသည် ခြောက်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည်။
        
အီရန်သည် ဗုဒ္ဓဟူးနေ့နံနက်အစောပိုင်း နှစ်နာရီအတွင်း အစ္စရေးကို နှစ်ကြိမ်တိုင် ဒုံးမိုးရွာခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ တယ်လဗီ ဝေဟင်တွင် ပေါ-က်ကွဲသံများထွက်ပေါ်ခဲ့သည်။
       
မိမိတို့ လေတပ်သည် အီရန်စစ်စခန်းများကို တို-က်ခို-က်မည်ဖြစ်၍ တေရန်မြို့ခံများ ဘေးလွတ်ရာရွှေ့ကြရန် အစ္စရေးက ပြောကြားခဲ့သည်။ တေရန်မြို့တော်နှင့် ယင်းအနောက်ဘက်ကာရပ်ဂ်ျမြို့တို့တွင် ပေါ-က်ကွဲသံများကြားရသည်ဟု အီရန်သတင်းဝက်ဘ်ဆိုက်များက ဖော်ပြခဲ့သည်။
         
အမေရိကသည် စိတ်မရှည်‌တော့ဟု အင်္ဂါနေ့တွင် ထရမ့်ပ်က ဆိုရှယ်မီဒီယာပေါ်မှ သတိပေးခဲ့သည်။ လက်ရှိအခြေအနေတွင် အီရန်ခေါင်းဆောင်ကို သ-တ်ဖြ-တ်ရန် ရည်ရွယ်ချက်မရှိဟု ၎င်းက ပြောဆိုသော်လည်း အမေရိက၏ ပါဝင်ပတ်သက်မှု နက်ရှိုင်းစေမည်လား ဆိုသည်ကို ချိန်ဆနေချိန်တွင် ၎င်း၏ မှတ်ချက်ပြု ပြောကြားချက်များက အီရန်အပေါ် ပိုမိုတင်းမာလာသည်ဟု ယူဆရသည်။
         
  “အဓိပတိခေါင်းဆောင်ကြီး” လို့ ဆိုတဲ့သူက ဘယ်နေရာမှာ ပုန်းနေတယ်ဆိုတာ ငါတို့ အတိအကျသိတယ်” ဟု အီရန်ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီကို ရည်ညွှန်းကာ ၎င်းက ထရုဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။ “ငါတို့သူ့ကို ရှင်းပစ်မှာတော့ မဟုတ်ပါဘူး။ လောလောဆယ်ပေါ့။ ငါတို့ သိပ်စိတ်မရှည်‌ တော့ဘူး” ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။
       
ယင်းနောက် သုံးမိနစ်အကြာတွင် “ချွင်းချက်မရှိ အညံ့ခံပါ” ဟု ထရမ့်ပ်က ပို့စ်တင်ခဲ့သည်။
            
ထရမ့်ပ်သည် အင်္ဂါနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ဖုန်းပြောခဲ့ကြောင်း အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Ref: အာရပ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူတစ်ရပ်လုံးအတွက် အကျိုးကျေးဇူးများရရှိနိုင်မည့်GAP စနစ်

ခေတ်သစ်ကမ္ဘာကြီးသည် စားသုံးမှုတွင် ပို၍ အလေးထားလာကြပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်မှု၊ စားသုံးကုန်များ၏ အရည်အသွေးနှင့် ဘေးကင်းမှုတို့ကိုပိုသတိထားလာကြသည်။ ထို့​ကြောင့်  စံချိန်စံညွှန်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်ထုံးများဖြင့်  GAP ကိုလူသိများလာကြသည်။ ကောင်းမွန်သော စိုက်ပျိုးရေးအ​လေ့အကျင့် (Good Agricultural Practices GAP )ဖြင့်စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေး၊ ဘေးကင်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို မြှင့်တင်ရန်၊သဘာဝပတ်ဝန်းကျင်၊စီးပွားရေးနှင့် လူမှုရေး ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းရဲ့လားဟု ​စောင့်ကြည့်လာကြသည်။ မ​ကွေးတိုင်းတွင်လည်း GAP ကို​ဖော်​ဆောင်​နေရာ မြင့်မြတ်​တော်ဝင် လယ်ယာထွက်ကုန်​ရောင်းဝယ်​ရေးစက်ရုံဖွင့်ပွဲတွင် သီးနှံစု​ပေါင်း​ရောင်းချပွဲကိုပါကျင်းပရာ မ​ကွေးတိုင်း​ဒေသကြီးဝန်ကြီးချုပ်လည်း တက်​ရောက်​အားပေးခဲ့သည်။ GAP စနစ်ကို ကျယ်ပြန့်စွာအသုံးပြုပါက လယ်ယာထွက်ကုန်များ၏ အရည်အသွေးတိုးတက်ပြီး...

ကမ္ဘာ့ဆင်များနေ့၌ ဆင်စခန်း(၂၂)ခုတွင် ဆင်စာဘူဖေးကျွေး

၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၂ ရက်ကကျရောက်သည့် ကမ္ဘာ့ဆင်များနေ့ဂုဏ်ပြုအခမ်းအနားကို တိုင်းနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသော ဆင်စ ခန်း(၂၂)ခု၌ ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကိုကြိုဆိုခဲ့ကြသည်။ ဆင်စခန်း(၂၂)ခုလုံးရှိ ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ဌက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေဗီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့ကို ဆင်စာဘူဖေးအဖြစ်ကျွေးမွေးခဲ့ကြသည်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များကိုလည်း ဆင်စာဘူဖေးကျွေးမွေးခြင်းအပြင် ပလင်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ဆင်များအကြောင်း၊ အာဖရိဆင်နှင့် အာရှဆင်များ၏ မတူကွဲပြားမှုအမူအကျင့်များ၊ မြန်မာ့ဆင်များထိန်းသိမိးထားရှိမှုတို့ကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြသည်။ ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိဆင်များကိုကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်၍ ၂၀၁၂ ခုနှစ်၊ သြဂုတ်...

အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက်နိုင်ငံတိုင်းက အပြင်းအထန်ပြင်ဆင်​နေကြပြီ

ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုများအရေးကြီး၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဦးဆောင်ကာ ယနေ့ သြဂုတ် ၁၃ ရက်မွန်းလွဲပိုင်းက လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။ လေ့ကျင့်မှုကိုအထောက်အကူပြုမည့် အုပ်ချုပ်မှုပိုင်းဆိုင်ရာများ၊ မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် အားကစားနည်းများအလိုက် လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ လေ့ကျင့်ဆောင်ရွက်နေမှု၊  စံချိန်/ စံညွှန်းတိုးတက်မှု၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းလိုအပ်မှုများကို ပြည်ထောင်စုဝန်ကြီး ကဆွေးနွေးပြောကြားခဲ့သည်။ နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရုစလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071