Monday, February 17, 2025

တရုတ်လေယာဉ် ၂၄ စီး ကို...

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း...

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို...

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅)...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်...

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath...

ပူတာအို ရေခဲတောင်တက်ခရီးစဥ်တွင် အဓိကအားထားရသည့် ဖုန်ရင်ချောင်းကူးတံတား...

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းရှိ ဖုန်ရင်ရာဇီနှင့် ဖန်ဂရမ်ရာဇီ ရေခဲတောင်တက်ခရီးစဉ်များအတွင်း အဓိက အားထားသွားလာရသည့် ဖုန်ရင်ချောင်းကူးတံတား ပြင်ဆင်ပြီးစီးပြီဖြစ်သဖြင့် ပြန်လည်ဖြတ်သန်းခွင့်ပြုပြီဖြစ်ကြောင်း ‌အဆိုပါ တံတားပြုပြင်ရေးတွင် ပါဝင်သူဒေသခံတစ်ဦးက...
HomeInternationalအစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က...

အစ္စရေး စစ်သမီးလေးဦးကို ဟားမတ်စ်က ထပ်လွှတ်ပေး

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်သည် အစ္စရေးအမျိုးသမီးစစ်သည် လေးဦးကို ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီကော်မတီ(အိုင်စီအာစီ) သို့ စနေနေ့တွင် လွှဲပြောင်းပေးလိုက်ပြီး အပြန်အလှန်အားဖြင့် ပါလက်စတိုင်းအကျဉ်းသား ၂၀၀ ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းလူမျိုးများစွာနှင့် ဟားမတ်စ်လက်နက်ကိုင် ဒါဇင်များစွာ ဝိုင်းရံထားခဲ့သည့် ဓ-ါးစာခံလေးဦးကို ဂါဇာစီးတီးရှိ စင်မြင့်တစ်ခုပေါ် ပို့ဆောင်ပေးခဲ့သည်။ စင်မြင့်ထက်မှ သူတို့လေးဦးက ပြုံးပြကာ လက်ပြနှုတ်ဆက်ခဲ့ပြီးနောက် အိုင်စီအာစီ ယာဉ်ဆီသို့ ခေါ်ဆောင်သွားခဲ့ကာ ယင်းနောက် အစ္စရေးတပ်ဖွဲ့များထံ ပို့ဆောင်ပေးခဲ့သည်။

ဂါဇာတွင် စစ်သမီးလေးဦးကို လက်ခံရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ၁၅ လကြာလာပြီဖြစ်သော ဂါဇာစစ်ပွဲ အဆုံးသတ်ရေးရည်ရွယ်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ပါလက်စတိုင်း အကျဉ်းသား ၂၀၀ နှင့် သူတို့လေးဦးကို အလဲအလှယ်လုပ်ခဲ့ခြင်းဖြစ်သည်။

ဂါဇာအစွန်ပိုင်းရှိ စောင့်ကြည့်ရေးစခန်းတစ်ခုတွင် တာဝန်ကျခဲ့သော အဆိုပါ အမျိုးသမီးစစ်သည် လေးဦးသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ဟားမတ်စ်တို့၏ ဖ-မ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ် ၂၄ စီး ကို ကျွန်းတစ်ဝိုက်၌ တွေ့ရှိရဟုထိုင်ဝမ်ပြော

တိုင်ပေ၊ဖေဖော်ဝါရီ ၁၆ ကနေဒါစစ်သင်္ဘောတစ်စီးသည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းစဉ် တရုတ်လေယာဉ် ၂၄ စီး ကိုကျွန်းတစ်ဝိုက်တွေ့ရှိခဲ့ရသည်ဟု ထိုင်ဝမ်ဘက်ကပြောကြားခဲ့သည်။ အဆိုပါကနေဒါရေတပ်သင်္ဘောသည် ပထမဆုံးအကြိမ် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသည့်သင်္ဘောဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။အဆိုပါသင်္ဘောသည် အမေရိကန်သင်္ဘောနှစ်စင်းဖြတ်သန်းပြီးရက်ပိုင်းအကြာတွင်ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။ ပေကျင်းသည် ထိုင်ဝမ်အား မအုပ်ချုပ်ခဲ့ဖူးသော်လည်း ထိုင်ဝမ်အား၎င်း၏ပိုင်နက်အဖြစ်ယူဆထားပြီး လိုအပ်လာပါက တစ်ချိန်တွင် အင်အားသုံးသိမ်းမည်ဟုလည်းပြောကြားထားသည်။ ကနေဒါရေတပ်သင်္ဘောသည် ထိုင်ဝမ်ရေလက်ကြား၏လွတ်လပ်မှုနှင့် ငြိမ်းချမ်းပွင့်လင်းမှုကိုထိန်းထားနိုင်ရန်အတွက် ၎င်း၏အခိုင်အမာရပ်တည်ချက်ကို ဖော်ပြသည့်အနေနှင့်သာမက ထိုင်ဝမ်ရေလက်ကြားသည် နိုင်ငံတကာရေပိုင်နက်ဖြစ်သည်ဟူသောအချက်ကိုပါ ပြသနိုင်ရန်အတွက် ယခုကဲ့သို့ဖြတ်သန်းခဲ့ခြင်းလည်းဖြစ်သည်ဟုသိရသည်။ ယင်းသို့ကနေဒါရေတပ်သင်္ဘောဖြတ်သန်းစဉ်တွင် တရုတ်ဘက်မှ တိုက်လေယာဉ်များနှင့်မောင်းသူမဲ့လေယာဉ်များအပါအဝင် လေယာဉ် ၂၄ စီးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

ထိုင်းနိုင်ငံမှ ကုန်စည်တင်သွင်းမှုကို ထပ်မံ ကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေ

ထိုင်းနိုင်ငံမှ ‌အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကြောင့် လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း ကုန်စည်တင်သွင်းမှုများကိုပါ ထပ်မံကန့်သတ်လာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြောင်း သိရသည်။ ယမန်နေ့ ဖေဖော်ဝါရီ (၁၅) ရက်နေ့၌ ထိုင်းအာဏာပိုင်များက ဘုရားသုံးဆူနယ်စပ်သို့ စစ်ဆေးရေးပြုလုပ်ရန်သတင်းများထွက်ပေါ်နေပြီး ယင်းအတွက် နှစ်နိုင်ငံကုန်စည်ဖြတ် သန်းခွင့်ကိုပါ ကန့်သတ်ပိတ်ဆို့လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးထံက သိရသည်။ လက်ရှိတွင် ဘုရားသုံးဆူမြို့၌ လျှပ်စစ် မီးဖြတ်တောက်ထားသည့်အတွက် ဒေသထုတ်ကုန်ပစ္စည်းများဈေးမြင့်တက်လာကာ နယ်စပ်ကုန်သွယ်မှုကိုထပ်မံ ကန့်သတ်လိုက်မည်ဆိုပါက အလုပ်အကိုင်များအပြင် တစ်ပိုင်တနိုင်ကုန်စည် ကူးသန်းရောင်းဝယ်သူများပါ အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း ဆိုသည်။ " အခုလောလောဆယ်တော့ ကန့်သတ်တာတွေ ပိတ်ဆို့တာတွေမရှိသေးပါဘူး။ ဖြစ်လာမှာကို...

နီပေါ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း ယနေ့ Official Training ပြုလုပ်

နီပေါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် မွန်းလွဲပိုင်းအချိန်က ပြိုင်ပွဲကျင်းပမည့် Dasharath ကွင်းတွင် Official Training ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် ဖေဖော်ဝါ ရီ(၁၇)ရက် မွန်းလွဲ(၂)နာရီအချိန်၌ လက်ဘနွန် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗိုလ်စွဲနိုင်ရေး ရေပန်းအစားဆုံးအသင်းတစ်ခုအဖြစ် စိတ်ဝင်စားမှုမြင့်တက် နေသည်။ ထို့အတူ ဖေဖော်ဝါရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော် ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071