အစ္စရေးနှင့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် တပ်မှူးများနှင့် သိပ္ပံပညာရှင်များကို အီရန်က နိုင်ငံတော်ဈာပနအဖြစ် စနေနေ့တွင် ကျင်းပပြုလုပ်ပေးခဲ့သည်။
တို-က်ခို-က်မှုတွင် ေ-သဆုံးခဲ့သူများ၏ ကျန်ရစ်သူ မိသားစုများအပြင် သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်၊ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဌ၊ အီရန်ခေါင်းဆောင်ကြီး၏ အကြီးတန်းအကြံပေးဖြစ်သူတို့ အပါအဝင် အဆင့်မြင့် အီရန် အရပ်ဖက်နှင့် စစ်ဖက်အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
အစ္စရေးသည် ဇွန်လ ၁၃ ရက် နေ့တွင် နျူကလီးယားနှင့် စစ်ရေးနယ်မြေများအပါအဝင် အီရန်၏ နေရာဒေသအသီးသီးကို လေကြောင်းမှတို-က်ခို-က်ခဲ့သည်။ အဆိုပါတို-က်ခို-က်မှုတွင် အကြီးတန်းတပ်မှူးများ၊ နျူကလီးယားသိပ္ပံပညာရှင်များနှင့် အရပ်သားများ ေ-သဆုံးခဲ့ကာ အီရန်က ဒုံးကျည်နှင့် ဒရုန်းအများအပြားဖြင့် အစ္စရေးကို တုန့်ပြန် တို-က်ခို-က်ခဲ့သည်။
စစ်ပွဲသည် ၁၂ ရက်ကြာပြီးနောက် အင်္ဂါနေ့တွင် အစ္စရေးနှင့် အီရန်အကြား အပ-စ်အခ-တ်ရပ်စဲရေးသဘောတူညီချက်ကို ရရှိခဲ့သည်။
ဝမ်းနည်းပူဆွေးကြသည့် အသုဘပို့သူများသည် အီရန်အလံများကို ဝှေ့ယမ်းကာ အစ္စရေးနှင့် အမေရိက ဆန့်ကျင်ရေး ကြွေးကြော်သံများကို ကျူးရင့်ခဲ့ကြသည်။ ၎င်းတို့သည် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်(အိုင်အာဂျီစီ) ၏ ဦးစီးချုပ် ဟူစိန် ဆလာမီ၊ အီရန်လက်နက်ကိုင်တပ်ဖွဲ့ အကြီးအကဲ မိုဟာမက် ဘာ့ဟီရီ၊ အိုင်အာဂျီစီ၏ လေကြောင်းအာကာသတပ်ဖွဲ့ဦးစီးချုပ် အမီရာ အလီဟာဂျီဇာဒက်၊ Khatam al-Anbiya ဗဟိုဌာနချုပ် ဦးစီးချုပ်နှင့် ဒုဦးစီးချုပ် ဂိုလမ် အလီရာရှစ်နှင့် အလီ ရှတ်မန်နီတို့အပါအဝင် ကျဆုံးခဲ့သည့် တပ်မှူးများနှင့် နျူကလီးယားသိပ္ပံပညာရှင်များ၏ ဓါတ်ပုံများကို ကိုင်ဆောင်ထားခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့သည် ၎င်းတို့၏ ကတိကဝတ်များကို လေးစားမှု မရှိခဲ့ကြဟု အီရန်ပြည်ထဲရေးဝန်ကြီး အက်စ်ကန်ဒါ မိုမန်နီက အခမ်းအနားတွင် ပြောကြားခဲ့သည်။
အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် ရန်သူ၏ ကတိကဝတ် ချိုးဖေ-ာက်မှုများ သို့မဟုတ် အန္တရာယ်ပြုသည့် လုပ်ရပ်များကို ပြတ်သားစွာ တုန့်ပြန်ရန် အထူးနိုးကြားစွာရှိနေကြောင်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။
ရုပ်အလေ-ာင်းများကို တနင်္ဂနွေနေ့(ဇွန်လ ၂၉ရက်နေ့) တွင် မြေမြှုပ်သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။
Ref: ဂလိုဘယ်တိုင်းမ်စ်