Thursday, May 22, 2025

အမေရိကန်တွင် ‌ေ-သဆုံးခဲ့သော သံတမန်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်...

အမေရိကန်ပြည်ထောင်စုတွင် အစ္စရေးသံတမန်နှစ်ဦး လုပ်-ကြံခံရပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ သံရုံးအဆောက်အအုံများတွင် အစ္စရေးအလံများကို တိုင်တစ်ဝက်ချလွှင့်ထူထားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က...

ဘက်တီးရီးယားများကိုအသုံးပြု၍လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်တရုတ်

မေ ၂၂ တရုတ်နိုင်ငံရှိ သုတေသနပညာရှင်များသည် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်နိုင်ပြီး အကြိမ်ပေါင်း များစွာ အလိုအလျောက်အားပြန်သွင်းနိုင်သည့်ဘက်တီးရီးယားများကိုအခြေခံထားသော ဇီဝဘက်ထရီ ပုံစံသစ်ကို တီထွင်ခဲ့သည်။ သေးငယ်သော ဇီဝဘက်ထရီများအတွက် ဤအဓိကအရေးကြီးသော ရှာဖွေတွေ့ရှိမှုကို...

အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရန် မားကို့စ် အမိန့်ပေး

၎င်း၏ အာဏာထိန်းချုပ်မှု အားနည်းသွားသည်ဟု လေ့လာသူများက သုံးသပ်သည့် လူကြိုက်များမှု လျော့ကျသွားသော ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များထွက်ပေါ်ပြီး တစ်ပတ်ကျော်အကြာတွင် အစိုးရတစ်ဖွဲ့လုံးကိုနုတ်ထွက်ကြရန် ဖိလစ်ပိုင် သမ္မတ...

မန္တ‌လေးငလျင်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် ကျောင်းသား/သူ...

မန္တလေးငလျင်ကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် ကျောင်းသား/ကျောင်သူ (၂၅၀)ဦးအား မြန်မာ့ခရီးဘဏ် (MTB)က ကျောပိုးအိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ငလျင်ဘေးပြန်လည်ထူထောင်ရေးကာလအတွင်း ယာယီကယ်ဆယ်ရေးစခန်းများဖြစ်သော...
HomeNewsLocal Newsအစိုးရအဖွဲ့ကို တာဝန်ယူ ဦးဆောင်သည့်ကာလ...

အစိုးရအဖွဲ့ကို တာဝန်ယူ ဦးဆောင်သည့်ကာလ အကန့်အသတ်အတွင်း တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်​နေဟုနစက ဥက္ကဌ ဆို

အစိုးရအဖွဲ့ကို တာဝန်ယူ ဦးဆောင်သည့်ကာလ အကန့်အသတ်အတွင်း တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်​နေဟုနစက ဥက္ကဌ ဆို

နိုလင်း​ဟေဇာက မြန်မာနိုင်ငံအား မည်ကဲ့သို့ပုံဖော်၍ မည်သည့်လမ်းစဉ်များနှင့် ဆောင်ရွက်သွား မည်ဆိုသည့်အချက်ကို အဆွေတော်ချမှတ်ထားသော ဦးတည်ချက် ၉ ရပ်တွင် သိသာထင်ရှားစွာ မြင်တွေ့ရပါသည်ဟု ဦးစွာ​ပြောကြားခဲ့မူအ​ပေါ် နစက ဥက္ကဌ က ​အောက်ပါအတိုင်း ပြန်လည်​ပြောကြားခဲ့သည်။

 

မိမိအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေစဥ် မြန်မာနိုင်ငံ အားမည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်။

 

သို့ရာတွင် မိမိအနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ကိုဦးဆောင်၍ တာဝန်ယူ ဆောင်ရွက်သည့်ကာလသည် အကန့်အသတ်ရှိပါသည်။

 

နိုလင်း​ဟေဇာပြောကြားခဲ့သည့်ကိစ္စရပ်များအား လာမည့်ကာလတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

ဥပဒေကြောင်းအရပြောကြားရမည်ဆိုလျှင် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလအဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ပါသည်။

 

အဆိုပါကိစ္စများသည် ၁၀ နှစ်တာကာလအတွင်း အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိမည့် သမ္မတကသာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဖြစ်ပါသည်။

 

လက်ရှိအခြေအနေ၌ နိုင်ငံတော်အရေးပေါ် အခြေအနေကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည်။

 

အဓိကအားဖြင့် အဆိုပါကိစ္စများထက် ပိုမိုအရေးကြီးသည့်ကိစ္စမှာ အဆွေတော်နှင့် မိမိတို့အကြား မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်မည်ဆိုသည့်ကိစ္စများကိုသာ ပထမဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဆိုလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။

အထက်ပါ အချက်များအား ဩဂုတ်လ (၁၉) ရက်တွင် နစကဘက်မှ တွေ့ဆုံဆွေးနွေးမှုအပြည့်အစုံကို ထုတ်ပြန်ခဲ့

သည့်ပြောကြားချက်များမှ ​ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်တွင် ‌ေ-သဆုံးခဲ့သော သံတမန်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အစ္စရေးသံရုံးများတွင် အလံများ တိုင်တစ်ဝက်ချထားမည်

အမေရိကန်ပြည်ထောင်စုတွင် အစ္စရေးသံတမန်နှစ်ဦး လုပ်-ကြံခံရပြီးနောက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကမ္ဘာတစ်ဝန်းရှိ ၎င်းတို့၏ သံရုံးအဆောက်အအုံများတွင် အစ္စရေးအလံများကို တိုင်တစ်ဝက်ချလွှင့်ထူထားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Gideon Sa’ar က ပြောကြားခဲ့သည်။ “ဂျေရုဆလင်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကမ္ဘာတစ်ဝန်းရှိ အစ္စရေးသံရုံးတွေဟာ ကျွန်တော်တို့ ဝန်ထမ်းတွေ အသ--တ်ခံရပြီးနောက် သူတို့ရဲ့အလံတွေကို တိုင်တစ်ဝက်ချထားမှာပါ” ဟု သူက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ ကွယ်လွန်သွားသော သံရုံးဝန်ထမ်းများသည် Yaron Lischinsky နှင့် Sarah Milgrim တို့ဖြစ်ကြောင်း ၎င်းက အတည်ပြုခဲ့သည်။ ယင်းမတိုင်မီ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က...

ဘက်တီးရီးယားများကိုအသုံးပြု၍လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်တရုတ်

မေ ၂၂ တရုတ်နိုင်ငံရှိ သုတေသနပညာရှင်များသည် လျှပ်စစ်ဓာတ်အားကိုထုတ်လုပ်နိုင်ပြီး အကြိမ်ပေါင်း များစွာ အလိုအလျောက်အားပြန်သွင်းနိုင်သည့်ဘက်တီးရီးယားများကိုအခြေခံထားသော ဇီဝဘက်ထရီ ပုံစံသစ်ကို တီထွင်ခဲ့သည်။ သေးငယ်သော ဇီဝဘက်ထရီများအတွက် ဤအဓိကအရေးကြီးသော ရှာဖွေတွေ့ရှိမှုကို တရုတ်သိပ္ပံအကယ်ဒမီအဖွဲ့အစည်းနှင့် ရှန်ကျန်းတက္ကသိုလ်ရှိ Shenzhen Institutes of Advanced Technology (SIAT) မှ သုတေသီများက တီထွင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ သုတေသနကို Advanced Materials သုတေသနဂျာနယ်တွင် ဖော်ပြထားသည်။ ဤတီထွင်မှုအသစ်ဖြစ်သော ဇီဝဘက်ထရီသည် လျှပ်စစ်ထုတ်လုပ်ရန် လျှပ်စစ်ဓာတ်အားသုံး ဘက်တီးရီးယားများကို အယ်လ်ဂျင်နိတ်အခြေခံ ဟိုက်ဒရိုဂျယ်လ်အတွင်းထဲတွင် ထုပ်ပိုးပြီး အသုံးပြုထားသည်။ ဤသက်ရှိ...

အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရန် မားကို့စ် အမိန့်ပေး

၎င်း၏ အာဏာထိန်းချုပ်မှု အားနည်းသွားသည်ဟု လေ့လာသူများက သုံးသပ်သည့် လူကြိုက်များမှု လျော့ကျသွားသော ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များထွက်ပေါ်ပြီး တစ်ပတ်ကျော်အကြာတွင် အစိုးရတစ်ဖွဲ့လုံးကိုနုတ်ထွက်ကြရန် ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အမိန့်ထုတ်လိုက်သည်။ စီမံခန့်ခွဲမှုပိုင်း ပြန်လည်ပြင်ဆင်ခြင်းအဖြစ် အကြောင်းပြချက်ပေးသော်လည်း မေလ ၁၂ ရက် နေ့ကြားဖြတ်ရွေးကောက်ပွဲများအပြီး ထွက်ပေါ်လာသော မစ္စတာ မားကို့စ်၏ အစိုးရအဖွဲ့နုတ်ထွက်ရန် တောင်းဆိုမှုသည် ဒုတိယသမ္မတ ဆာရာ ဒူတာတေးနှင့် ၎င်း၏ သဘောထားတင်းမာမှုများကြီးမား‌နေချိန်တွင် ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်ဖြစ်သည်။ သမ္မတထောက်ခံသော အထက်လွှတ်တော် ကိုယ်စားလှယ်လောင်းများစွာမဲရှုံးခဲ့သော်လည်း ဒူတာတေးသစ္စာခံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071