ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းမှ အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားပွဲကို ယနေ့ စက်တင်ဘာ (၂၂)ရက်မှ စတင်ကျင်းပနေပြီ ဖြစ်သည်။
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်ကြီးသည် သီတင်းကျွတ်လဆန်း (၁) ရက် (စက်တင်ဘာလ (၂၂)ရက်)မှ စတင်ကာ ရှေးအစဉ်အလာတိုင်း အင်းလေးဒေသ (၂၁) ဌာနသို့ အပူဇော်ခံကြွရောက်ခြင်း ဖြစ်သည်။
အင်းလေးဒေသ (၂၁) ဌာနသို့ အပူဇော်ခံကြွရောက်ရာတွင် ယနေ့ စက်တင်ဘာလ (၂၂) ရက်မှ အောက်တိုဘာလ (၉) ရ က်အထိ ကြွရောက်အပူဇော်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – Kalaw Car Rental & Photo Free Zinko Face book
