Sunday, July 27, 2025

မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ပန်ဆန်းမြို့ရှိ သစ်ဂိုဒေါင်တွင်မီးလေ-ာင်မှုဖြစ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း သစ်ဂိုဒေါင်တစ်လုံး၌ ယနေ့ ဇူလိုင် ၂၇ ရက်နံနက် ၁၁ နာရီကျော်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပန်ဆန်းမြို့၊ Cung...

မြန်မာလူငယ်များကို  ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပေးမည်

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့်ပတ်သက်ပြီး အသက်(၁၈)နှစ်နှင့်(၃၅)နှစ်ကြား ထူးချွန်သည့်မြန်မာလူငယ်(၃၀)ကို (၆)လကြာသင်တန်ပေးမည်ဖြစ်ကြောင်း ဗြိတိသျှသံရုံး( UK in Myanmar) ကနေ သိရသည်။ “Brighter Youth For...

မဲဆွယ်ရာတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေဟုPPP ပါတီဥက္ကဋ္ဌပြော

ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကပြောသည်။ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ်...

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် မော်စကို-ပြုံယမ်း တိုက်ရိုက်လေကြောင်းခရီးစဉ်...

ရုရှားနိုင်ငံသည် မော်စကိုမြို့မှ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ တိုက်ရိုက်ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခြင်းကို တနင်္ဂနွေနေ့တွင် စတင်တော့မည်ဖြစ်ကြောင်း ရုရှားအာဏာပိုင်များက ပြောကြားခဲ့သည်။ မြို့တော်များအကြား ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ခြင်းသည် ၁၉၉၀...
HomeInternationalအင်ဒိုနီးရှား၏ဂဠုန်ဒိုင်း ပူးတွဲစစ်‌​ရေးလေ့ကျင့်မှုတွင် ဂျပန်ကာကွယ်ရေး...

အင်ဒိုနီးရှား၏ဂဠုန်ဒိုင်း ပူးတွဲစစ်‌​ရေးလေ့ကျင့်မှုတွင် ဂျပန်ကာကွယ်ရေး တပ်ဖွဲ့ပါဝင်မည်

အင်ဒိုနီးရှား၏ဂဠုန်ဒိုင်း ပူးတွဲစစ်‌​ရေးလေ့ကျင့်မှုတွင် ဂျပန်ကာကွယ်ရေး တပ်ဖွဲ့ပါဝင်မည်

တိုကျို၊ ဇူလိုင် ၂၇ ရက်

ဂျပန်ကာကွယ်ရးတပ်ဖွဲ့များသည် လာမည့်လတွင် အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်မည့်စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံးအကြိမ် ပါဝင်သွားမည် ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင် တွေ့ဆုံဆွေးနွေးမှုအပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဇူလိုင်လ ၂၇ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် ယခုနှစ်အတွင်း ၎င်းတို့၏ ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်သည့် အဆိုပါ အစည်းအဝေးတွင် စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပြီး ကီရှီဒါက အင်ဒိုနီးရှားသည် ဂျပန်အတွက် ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိက၊ ဩစတြေးလျနှင့် အခြားနိုင်ငံများနှင့်အတူ အင်ဒိုနီးရှား၌ ဩဂုတ်လ ၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သော ဂဠုန်ဒိုင်း အမည်ရ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များ ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံတို့ကြား နှစ်စဉ် ပုံမှန်ပြုနေသည့် စစ်ရေးလေ့ကျင့်မှုများသည် ပြီးခဲ့သည့် နှစ်များထက် ပို၍ သိသိသာသာ ကြီးမားကျယ်ပြန့်လာမည်ဖြစ်သည်ဟု အမေရိကန်က ဆိုသည်။

ယင်းကဲ့သို့ ဂျပန်နိုင်ငံမှ ပါဝင်လာမှုသည် ဝါရှင်တန်နှင့် ၎င်း၏ ဒေသတွင်း မဟာမိတ်များက အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးမားလာမှုအပေါ် တန်ပြန်ရန် ကြိုးပမ်းမှုများ အရှိန်မြှင့်တင်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထို့အပြင် ဂျပန်နိုင်ငံသည် အင်ဒိုနီးရှားအစိုးရအား အခြေခံအဆောက်အဦး စီမံကိန်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၃၁၈ သန်း ချေးပေးမည်ဖြစ်ကြောင်း ကီရှီဒါက ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံသို့ ကုန်ကြမ်းပစ္စည်းများ တင်ပို့မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅ ဘီလီယံ အထိရှိလာပြီး ဂျပန်နိုင်ငံ၏ ၁၂ ကြိမ်မြောက် အကြီးဆုံးပို့ကုန်ဈေးကွက် ဖြစ်လာသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးသည်းထန်စွာရွာသွန်းနေသော်လည်း ပန်ဆန်းမြို့ရှိ သစ်ဂိုဒေါင်တွင်မီးလေ-ာင်မှုဖြစ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေသော်လည်း သစ်ဂိုဒေါင်တစ်လုံး၌ ယနေ့ ဇူလိုင် ၂၇ ရက်နံနက် ၁၁ နာရီကျော်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပန်ဆန်းမြို့၊ Cung Yua တွင်သစ်များသိုလှောင်ထားသည့် ဂိုဒေါင်တစ်လုံး၌ မီးလောင်မှုဖြစ်ပွား၍ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့များက ငြိမ်းသတ်မှုများပြုလုပ်ခဲ့ကြပြီး စတင်လေ-ာင်ကျွမ်းရသည့်အ ကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြန်မာလူငယ်များကို  ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းပေးမည်

ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့်ပတ်သက်ပြီး အသက်(၁၈)နှစ်နှင့်(၃၅)နှစ်ကြား ထူးချွန်သည့်မြန်မာလူငယ်(၃၀)ကို (၆)လကြာသင်တန်ပေးမည်ဖြစ်ကြောင်း ဗြိတိသျှသံရုံး( UK in Myanmar) ကနေ သိရသည်။ “Brighter Youth For Better Climate (BYBC) သင်တန်းကို ထူးချွန်သည့်မြန်မာလူငယ်(၃၀)ဦးကို ရွေးချယ်ပြီး ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နယ်ပယ်များတွင် အနာဂတ်ခေါင်းဆောင်များဖြစ်လာရန် လိုအပ်သည့် အသိပညာနှင့်အရည်ချင်းများမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအခွင့်အလမ်းများ နှင့် စိန်ခေါ်မှုများအကြောင်း၊ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များကို ပြည်ပတက္ကသိုလ်များတွင် ပညာဆက်လက်ဆည်းပူးရန် တက္ကသိုလ်ဝင်ခွင့်နှင့်ပညာသင်ဆုလျှောက်လွှာပြင်ဆင်ခြင်းဆိုင်ရာ လမ်းညွှန်သင်ကြားမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို အခမဲ့သင်ပေးမည်ဖြစ်ပြီး...

မဲဆွယ်ရာတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေဟုPPP ပါတီဥက္ကဋ္ဌပြော

ပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးတွင် အခက်ခဲဆုံးက လုံခြုံရေးဖြစ်နေကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကပြောသည်။ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ " မဲဆွယ်စည်းရုံးရေးမှာ အခက်ခဲဆုံးက လုံခြုံရေးဖြစ်ပါတယ်။ အဓိကတော့ ပါတီတစ်ခုကို ကိုယ်စားပြုပြီးတော့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ပြည်သူကြားထဲဆင်းတဲ့အချိန်မှာ သာမန်ပြည်သူလူထုတွေရှိနိုင်တယ်။ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေရှိမယ်။ လုံခြုံရေးကို ပျက်ပြားအောင်လုပ်မယ်။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဘယ်နိုင်ငံရေးပါတီကဖြစ်ဖြစ် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေကြားထဲဆင်းလို့မရအောင်လုပ်မယ်၊ အဖျက်အမှောင့်လုပ်ချင်တဲ့သူတွေလည်း ရှိတဲ့အခါကျတော့ လုံခြုံရေးအရ စိန်ခေါ်မှုတော့များပါတယ်။ ကျွန်မတို့ပါတီမှမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေအကုန်လုံးရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ ကိုယ်စားလှယ်လောင်းတွေရဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071