ဂျကာတာ၊ဇွန် ၁ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ မြေပြို၍ သေဆုံးသူ ၁၇ ဦးအထိ ရှိလာပြီး ၈ ဦးပျောက်ဆုံးနေသေးကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ “ဒီနေ့မှာ ရုပ်အလောင်း ၃ လောင်းကို ကယ်ဆယ်ရေးသမားတွေရှာတွေ့ခဲ့ပြီးတော့ နောက်ထပ် ၈ ဦးကိုလည်း ဆက်ရှာသွားမှာပါ” ဟု ပြည်နယ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဌာန အကြီးအကဲကပြောကြားခဲ့သည်။ ဒေသတွင်းရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး၏ သတင်းထုတ်ပြန်မှုအရ ကယ်ဆယ်ရေးသမားအရေအတွက်အား သောကြာနေ့တွင် ၁၀ ယောက်သာရှိခဲ့ရာမှစနေနေ့တွင် ၂၇ ဦးအထိ ရှိလာခဲ့ကြောင်းလည်းတာဝန်ရှိသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။ နောက်ထပ် မြေပြိုမှုများသည် Cirebon Regency ၏ Boos ရွာတွင်ရှိသော Gunung Kuda သတ္တုတွင်း၌ ကယ်ဆယ်ရေး ကြိုးပမ်းမှုများကို အန္တရာယ်ပြုနေကြောင်း ခေတ္တ ဌာန အကြီးအကဲ က ပြောကြားခဲ့သည်။ Source : ရှင်းဟွာ
