Monday, June 23, 2025

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့...

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United...

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန်...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊...
HomeInternationalအင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို...

အင်ဒိုနီးရှားသမ္မတ ထိုင်းသွားမည်အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် တနင်္လာနေ့တွင် ထိုင်းနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ကာ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် တရားဝင်မြှင့်တင်သွားမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ Panidone Pachimsawat က ယမန်နေ့က သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်နှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့ပြီး ခရီးစဉ်သည် ဗိုလ်ချုပ်ကြီးပရာဘိုဝို ၂၀၂၄ ခုနှစ်တွင် သမ္မတတာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။ ထိုအပြင် နှစ်ပေါင်း ၂၀ အတွင်း အင်ဒိုနီးရှား သမ္မတတစ်ဦး၏ ပထမဆုံး ထိုင်းနိုင်ငံ ခရီးစဉ်လည်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရာဘိုဝိုသည် ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံမည်ဖြစ်ပြီး ၎င်းတို့သည် ထိုင်း-အင်ဒိုနီးရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအစီအစဉ်ကို ပူးတွဲကြေညာသွန်းမည်ဟု မျှော်လင့်ရသည်။

မေလ ၂ ရက်နေ့က ထိုင်းနိုင်ငံ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပွန်ဆာနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီအိုနိုတို့ ပူးတွဲကမကထပြုကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ပူးတွဲကော်မရှင်အစည်းအဝေးအတွင်း မိတ်ဖက်ဆက်ရေးကို သဘောတူညီထားခဲ့ကြသည်။

“နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်နဲ့ တို-က်ဆိုင်နေတာမို့ ဒီခရီးစဉ်က အထူး အဓိပ္ပါယ်ရှိပါတယ်” ဟု မစ္စတာ Panidone က ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း အစိုးရအိမ်တော်၌ ကြိုဆိုခြင်း၊ နှစ်နိုင်ငံအစည်းအဝေးကျင်းပခြင်း၊ သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း၊ ပူးတွဲသတင်းစာရှင်းလင်းခြင်းနှင့် အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့အား ထိုင်းဝန်ကြီးချုပ်က နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခြင်းတို့ ပါဝင်မည်ဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်သံရုံးမှဦးဆောင်၍ China Delegation အဖွဲ့ သီလဝါစက်မှုဇုန်ရှိ Good Brothers(United Agri)တန် ၅၀၀ ကျဆန်စက်ကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှဦးဆောင်၍ China Delegation အဖွဲ့သည် ဇွန် ၂၀ ရက်က ရန်ကုန်တိုင်း၊ သီလဝါစက်မှုဇုန်ရှိ Good Brothers (United Agri) တန် ၅၀၀ ကျဆန်စက်ကို လေ့လာခဲ့ကြသည်။ ၎င်းတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၊ Good Brothers ကုမ္ပဏီမှတာဝန်ရှိသူများသည် ဆန်စပါးလုပ်ငန်းဆိုင်ရာအခြေအနေများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအလားအလာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင် ငံသား (၄၁)ဦးကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ သတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၁) ဦးအနက် မလေးရှားနိုင်ငံသို့ ဆတ်လက်ထွက်ခွာမည့် အမျိုးသား (၃၃) ဦးပါဝင်ပြီး၊ အမျိုးသမီး (၈)ဦးမှာ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှာနိုင်ငံသို့ ဆက်လက် ထွက်ခွာမည့်အမျိုးသား (၃၃)ဦးမှာ တစ်ဦးလျှင် ပွဲစားခဘတ် (၅၅,၀၀၀)ပေးခဲ့ရပြီး ၊ အမျိုးသမီး (၈)ဦးမှာ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁) အဆင့်ရှိ ငလျင်လှုပ်

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု ထိုင်းမြေငလျင် သတင်းဌာနက ဆိုသည်။ ထိုသို့လှုပ်ခတ်မှုကို နေပြည်တော်တွင် နေထိုင်သည့် မြို့ခံများလည်း ခံစားသိရကြောင်း လူမှုကွန်ရက်များတွင် မျှဝေထားကြသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းတစ်စုံတရာ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။ အလားတူ ယနေ့ နံနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်မြို့၏ အရှေ့ဘက် (၉) မိုင်ခန့်အကွာအနက် ၁၇ ကီလိုမီတာကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071