ဂျကာတာ၊မေ ၁၆
နိုင်ငံတွင်းသို့ မူး ယ-စ်ဆေးမှေ-ာင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့ပြီး ဆေးတန်ချိန် ၂ တန်နီးပါးတင်ဆောင်လာသည့် နိုင်ငံခြားသင်္ဘောတစ်စီးကို အင်ဒိုနီးရှားရေတပ်ကင်းလှည့်သင်္ဘောက ကြားဖြ-တ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
အောင်တိးတိုး ၉၉ အမည်ရှိ အဆိုပါသင်္ဘောပေါ်၌ ကိုကင်း ၁ ဒသမ ၂ တန်နှင့် ခရစ်စတယ်မက်သာဖက်တမင်း ၇၀၀ ကီလိုဂရမ်ကိုသယ်ဆောင်လာခဲ့ကြောင်းသိရသည်။
အဆိုပါသင်္ဘောသည် ငါးဖမ်းသင်္ဘောအသွင်ဆောင်လာခြင်းဖြစ်ပြီး ထိုင်းအလံတင်သင်္ဘောဖြစ်သည်ဟုလည်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သင်္ဘောပေါ်၌တင်ဆောင်လာသည့်မူးယစ်ဆေးများကို လက်ဖက်ခြောက်အထုပ်များထဲတွင်ဝှက်ကာ သယ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း အာဏာပိုင်များကပြောကြားခဲ့သည်။
သင်္ဘောပေါ်တွင် ထိုင်းနိုင်ငံသားတစ်ဦးနှင့်မြန်မာနိုင်ငံသားလေးဦးပါဝင်ပြီး ၎င်းတို့သည် တရားဝင်ခရီးသွားလာခွင့်အထာက်အထားစာရွက်စာတမ်းများလည်း မပြည့်စုံကြဟု သိရသည်။
“ဒီအချက်ကိုကြည့်ခြင်းအားဖြင့် အခုသင်္ဘောဟာ ငါးဖမ်းတာအတွက်မဟုတ်ပဲ မှောင်ခိုလုပ်ငန်းအတွက်သာအသုံးပြုတယ်ဆိုတာသိသာပါတယ်၊ ဒါကြောင့် အင်ဒိုပြည်သူတွေမထိခို-က်ရဖို့ အခုလိုအချိန်မီဖမ်းဆီးအရေးယူနိုင်ဖို့ကလိုအပ်ပါတယ်” ဟုလည်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Source : ရှင်းဟွာ