Wednesday, December 17, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeEntertainmentအင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ရေးသားထုတ်ဝေသည့် အကြီးကိုကို...

အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ရေးသားထုတ်ဝေသည့် အကြီးကိုကို (ကသာ)၏ ‘လူငယ်တွေအတွက် အောင်မြင်မှု အတွေးစကား ၆၆ ‘ စာအုပ် မိတ်ဆက်

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖြင့် ရေးသားထုတ်ဝေသည့် စာရေး ဆရာ အကြီးကိုကို (ကသာ) ၏ ‘လူ ငယ်တွေအတွက် အောင်မြင်မှု အတွေးစကား ၆၆ ‘ စာအုပ်မိတ်ဆက် ပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပ ပြု လုပ်ခဲ့သည်။ အဆိုပါ စာအုပ်မိတ် ဆက်ပွဲတွင် အကြီးကိုကို (ကသာ)က စာပေလောကအတွင်း ရောက်ရှိခဲ့ပုံ နှင့် စာအုပ်အကြောင်းများ မိတ် ဆက်ပြောကြားခဲ့ပြီး စာရေးဆရာ ဒါရိုက်တာ ကြည်စိုးထွန်း၊ စာရေး ဆရာဆောင်းဝင်းလတ်၊ ဟိန်းလတ်၊ ကောင်းသန့်တို့က မုဒိတာဝမ်းမြောက် စကားများ ပြောကြားခဲ့ကြသည်။

”သားဖတ်ဖို့စာဆိုပြီး ဗလာ စာအုပ်လေးတစ်အုပ်နဲ့ ကျွန်တော် ရေးခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ ရေးခဲ့တဲ့ အဲဒီပေးစာလေးတွေကို စာအုပ်စထုတ်ရင်းနဲ့ စာပေလောက ထဲကို ရောက်လာတယ်။ စာတစ် ကြောင်း၊ စာတစ်ပုဒ်၊ စာတစ်အုပ်ဟာ လူ့ဘဝကို ပြောင်းလဲဖို့ လုံလောက် ပါတယ်။ ကျွန်တော်က ငယ်ငယ်က ဆိုးဆိုးပေပေနေခဲ့တဲ့ အနေအထား ကနေ ဆရာချစ်စံဝင်းရဲ့ အမေနဲ့ အမေ့အကြောင်းဆိုတဲ့ စာအုပ်ကို ဖတ်ပြီး မိဘတွေကို လုပ်ကျွေးချင် တဲ့စိတ်နဲ့ ကြိုးစားရင်း ကုမ္ပဏီပိုင်ရှင် တစ်ယောက် ဖြစ်လာခဲ့တဲ့သူ တစ် ယောက်ဆိုတော့ လူငယ်တွေနဲ့ ကျွန် တော် စကားပြောချင်လာတယ်။ အကြီးကိုကိုလောက်လေးပဲ ကြိုးစား၊ အကြီးကိုကိုလောက်တော့ ဖြစ်နိုင် တယ်ဆိုတာလေးကို ကျောင်းတွေမှာ ကျွန်တော် လိုက်လံဟော ပြောပါ တယ်။ အဲဒီနောက် ကျွန်တော့်ရဲ့ အတွေးစကား ၅၅ ဆိုတဲ့စာအုပ်ကို ဆောင်းစုရတီစာပေကနေ ထုတ်ပါ တယ်။ အခုဆို တတိယအကြိမ်ထိ ထုတ်ဝေပြီးပါပြီ။ နောက်အတွေး သီ အိုရီ ၁ဝဝ ဆိုပြီး ထုတ်ပါတယ်။ အဲဒီ နောက်မှာ စာအုပ်တွေ ရေးဖြစ်ထုတ် ဖြစ်ခဲ့တာ အခုဒီစာအုပ်ကတော့ ကျွန်တော့်ရဲ့ ၇ အုပ်မြောက် စာအုပ် ဖြစ်ပါတယ်”ဟု စာရေးဆရာ အကြီး ကိုကို (ကသာ) က ပြောသည်။

ထိပ်ဆုံးတွင် နေရာရလိုပါက ‘လူငယ်တွေအတွက် အောင်မြင်မှု အတွေးစကား ၆၆’ စာအုပ်ထဲမှ မြန်မာလူငယ်များ မတိုးတက်ရခြင်း ၁၆ ချက်ကို ဖတ်ရှုပြီး ပြင်ဆင်ကြိုး စားကာ အကောင်အထည်ဖော်လျှင် နေရာတစ်ခု ရလာပါလိမ့်မည်ဟု အကြီးကိုကို(ကသာ)က လူငယ်များ အတွက် လမ်းညွှန်အကြံပြုထားသည်။ ‘လူငယ်တွေအတွက် အောင်မြင်မှု အတွေးစကား ၆၆ စာစုများသည် စာဖတ်သူ၏ နှလုံးသားအား တစ်စုံ တစ်ရာ ထိမိရှမိ ရှိချင်မှ ရှိပါလိမ့် မည်။ သို့သော် ကျွန်တော့်အတွက် မူကား နှလုံးသွေးစက်များ ဖြစ်သည် ဟု ဆိုချင်ပါသည်’ ဟုလည်း အမှတ် တရစကားဆိုထားသည်။

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ဖြင့် ရေးသားထားသည့် ‘လူငယ် တွေအတွက် အောင်မြင်မှုအတွေး စကား ၆၆’ စာအုပ်ကို ဆောင်း စုရတီစာပေက ထုတ်ဝေပြီး ငွေလစာ ပေနှင့် ၇၇၇၇ စာပေတို့က တန်ဖိုး ကျပ်၂ဝဝဝ ဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့် ချိလိုက်ပြီ ဖြစ်သည်။

စုမွန်

Ads Space Available


Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071