Monday, August 17, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊...

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့...

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်...

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ...

လဝက ဒု-ဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ်ပြောင်းလဲတာဝန်ပေး 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒု -ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော ဒေါက်တာ ခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ်(၆၃ /၂၀၂၆)ဖြင့် ယနေ့ ဩဂုတ်...
HomeNewsLocal Newsအခွန်ရှောင်သူများနှင့် အခွန်လျှော့ဆောင်သူများကို အခွန်...

အခွန်ရှောင်သူများနှင့် အခွန်လျှော့ဆောင်သူများကို အခွန် ဥပဒေ အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့်ပါ အရေးယူတော့မည်

အခွန်ရှောင်ခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်နှင့်ပတ်သက်သည့် အချက်အလက် အမှားပေးသူများကို လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ စတင်ကာ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခွန်ရှောင်တိမ်းခြင်းနှင့် စပ်လျဉ်း၍ ပြည်သူအား အသိပေး ကြေညာချက်ကို ပြီးခဲ့သည့် နိုဝင်ဘာ (၁၆) ရက် ကတည်းက ထုတ်ပြန် ကြေညာထားခြင်းဖြစ်ပြီး နိုဝင်ဘာ (၂၁) ရက်က ထပ်မံအသိပေးထားခြင်းလည်း ဖြစ်သည်။

အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရရန်ပိုင်ခွင့် ၊ ပစ္စည်း၊ဝန်ဆောင်မှု သို့မဟုတ် အကျိုးခံစားခွင့် တစ်ခုခုကို ပြင်ပပေါက်ဈေးအတိုင်း မဖော်ပြခြင်း၊ နယ်စပ်ဖြတ်ကျော် ဈေးလွှဲပြောင်းခြင်းတွင် လက်တစ်ကမ်း မဟုတ်သည့် လွှဲ ပြောင်းခြင်း ၊ ဝင်ငွေအပေါ်ပေးဆောင်ရန်ရှိသည့် စုစုပေါ င်းအခွန်ကို လျှော့နည်းစေရန် ရည်ရွယ်ချက်ဖြင့် အခွန်ထမ်းနှင့် တွဲဖက်လုပ်ကိုင်သူများအကြား အခွန်ကို စိတ်ပိုင်းခြင်း၊ အခွန်ဆိုင်ရာအကျိုးခံစားခွင့် ရရှိစေရန် ပုဂ္ဂိုလ်စုများ၏ ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း ၊ပြည်ထောင်စုအချင်းချင်းချုပ်ဆိုသည့် အခွန်ဆိုင်ရာ သဘောတူ စာချုပ်များအား အလွဲသုံးစားပြု၍ အခွန်ရှောင်ခြင်းတို့သည် အခွန်တိမ်းရှောင်မှု ဖြင့်ညှိစွန်းနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကြိုတင်ကြံရွယ်ချက်ဖြင့် ကာလရှည်ကြာစွာ ကြေညာလွှာတင်သွင်းရန် ပျက်ကွက်ခြင်း ၊ ဝင်ငွေ ၊ ရငွေ၊ ရောင်းရငွေများကို ‌ လျှော့နည်းတင်ပြခြင်း၊ သက်သာ ခွင့်များကို လိမ်လည်တောင်းခံခြင်း၊ တန်ဖိုးလျှော့ငွေများကို မရိုးဖြောင့်သော နည်းများဖြင့် တောင်းခံခြင်း၊ စာရင်းအထောက်အထားများ မှားယွင်းဖော်ပြခြင်း ၊ ပေးဆောင် ခဲ့ရသည့် အခွန်များကို မမှန်မကန် ခုနှိမ်ခွင့်တောင်းခြင်း ၊ ပေးဆောင်ရမည့် အခွန်ကို ထိန်ချန်ခြင်း ၊အခွန်အမှတ်တံဆိပ်ကပ်ရန် ပျက်ကွက်ခြင်းစသည်တို့သည် မရိုးဖြောင့်သောနည်းဖြင့် အခွန်ကိုလျှော့နည်း ပေးဆောင်သည့် ပြစ်မှုနှင့် ငြိစွန်းကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းခြင်း သို့ မဟုတ် တင်ပို့ခြင်း ၊ အခွန်ကောက်ခံမှုကို ရှောင်လွှဲနိုင်ရန် ပိုင်ဆိုင်မှုများကို လွှဲပြောင်းခြင်း ၊ ဘဏ်စာရင်းဖွင့်လှစ်ထားခြင်းကို ထိမ်ချန်ထားခြင်း ၊ ဘဏ္ဍာရေး ရှင်းတမ်းများကို တစ်ခုထက် ပိုမို ထားရှိခြင်းတို့သည်လည်း အခွန်ဆိုင်ရာ အချက်အလက်များကို မှားယွင်းစွာ သို့မဟုတ် လမ်းလွှဲ ဖော်ပြရာရောက်သည်ဟု အခွန်ဦးစီးဌာနက ဖော် ပြသည်။

အဆိုပါ အချက်များကို မည်သူမဆို တမင်ကြံရွယ်၍ ဖောက်ဖျက်ပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေပုဒ် မ (၇၇) အရ အခွန်ရှောင်တိမ်းမှုမြောက်သော ကျူးလွန်မှုအဖြစ် သတ်မှတ်ကာ ရာဇဝတ်ကြောင်းအရ အရေးယူခြ င်း ခံရမည့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမည် ဖြစ်ကြော င်း သိရသည်။

ထို့အပြင် အဆိုပါ အခွန်ရှောင်တိမ်းမှုဖြင့် အရေးယူခြင်း ခံရသူသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့်ပါ ထပ်မံအရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း ပြည်တွင်း အခွန်များ ဦးစီဌာနက အသိပေး ကြေညာထားခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်ကို ပြည်တွင်းအခွန် ဦးစီးဌာနက ပြီးခဲ့သည့် နိုဝင်ဘာ (၁၆) ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) တွင် စတင်အ သက်ဝင်မည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီးနှင့်တွေ့ဆုံ၊ မြန်မာ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရေးဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၇ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့၌ ခေတ္တရပ်နားစဉ် ရာဂျာစတန်ပြည်နယ် ဆေးဝါးနှင့်ကျန်းမာရေးဝန်ကြီး ဂါဂျန်ဒရာဆင်းနှင့် တွေ့ဆုံ၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရင်းနှီးမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်နိုင်ရေးတို့ကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ၊ ရာဂျာစတန်ပြည်နယ်၊ ဂျေပူရ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ရာဂျာစတန်ပြည်နယ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးမည် နေပြည်တော်၊ ဩဂုတ် ၁၇ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊...

ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဒု-ဝန်ကြီးအဖြစ် ဦးရဲထွန်းဦးအား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၆၄/ ၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၇ ရက်တွင်ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉)တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးရဲထွန်းဦး ကို လဝက ဒု-ဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။ လဝက ဒု-ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာခိုင်ခိုင်စိုးအား နိုင်ငံတော်သမ္မတရုံး ဒု-ဝန် ကြီးအဖြစ်ပြောင်းလဲတာဝန်ပေးခဲ့၍ လစ်လပ်သွားသော ဒု-ဝန်ကြီးနေရာတွင် အစားထိုးခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071