Tuesday, June 23, 2026

ပင်လုတူးမြောင်းစီမံကိန်း ပြီးစီးပါက မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့်...

တရုတ်နိုင်ငံ၏ အနောက်ပိုင်း ကုန်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (New Western Land-Sea Corridor) အတွက် အဓိကမဟာဗျူဟာစီမံကိန်းဖြစ်သည့် ပင်လုတူးမြောင်း (Pinglu Canal)...

“တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” လင်ရှန်ခရိုင်တွင် နှစ်စဉ်...

ဂွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လင်ရှန်ခရိုင် (Lingshan County) သည် “တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” အဖြစ် လူသိများပြီး လိုင်ချီးထွက်ရှိမှုအရ ဂွမ်ရှီးဒေသတွင် အဆင့်...

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊...

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီး ချုပ်များ၊ ခရိုင်/ပြည်နယ်အဆင့်တာဝန်ရှိသူများအနေ ဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လိုကာ ပြည်သူ များ၏အသံကို မှန်မှန်သိရှိအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

ပြည်သူများ၏ လိုလားချက်နှင့် အစိုးရမူဝါဒများ ကိုက်ညီစေရေး...

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်စေရေးနှင့် ပြည်သူများ၏ လိုလားချက်များကို မှန်ကန်စွာ သိရှိနိုင်ရေးအတွက် ပြည်သူ့အသံကို...
HomeMoviesအခွန်ရငွေ ၅ နှစ်အတွင်း...

အခွန်ရငွေ ၅ နှစ်အတွင်း ၃ ဆခန့်တိုးတက်၊ Tax-to-GDP Ratio ၉.၅ ရာခိုင်နှုန်းရရှိရေး ဆောင်ရွက်နေ

မြန်မာနိုင်ငံ၏ အခွန်အကောက်ရငွေသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ၃ ဆခန့် တိုးတက်လာခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အခွန်ရငွေနှင့် GDP အချိုး (Tax-to-GDP Ratio) ကို ၉.၅ ရာခိုင်နှုန်းအထိ ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောကြားသည်။

ဇွန် ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှထွေး၏ မေးခွန်းအား ပြန်လည်ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အခွန်အကောက်ရငွေသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄,၉၁၂ ဘီလီယံခန့်သာ ရရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၄,၀၇၀ ဘီလီယံအထိ တိုးတက်ကောက်ခံနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စု၏ အခွန်အကောက်ရငွေနှင့် GDP အချိုးသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၅.၀၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၈.၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ၉.၅ ရာခိုင်နှုန်းအထိ ရောက်ရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခွန်ဘဏ္ဍာ ပိုမိုတိုးတက်ရရှိစေရေးအတွက် အခွန်ယဉ်ကျေးမှု ပိုမိုခိုင်မာလာစေရေးနှင့် အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်တာဝန်များကို စေတနာဖြင့် ထမ်းဆောင်လာစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပင်လုတူးမြောင်းစီမံကိန်း ပြီးစီးပါက မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် တရုတ်အနောက်ပိုင်းဒေသများအကြား ကုန်သွယ်ရေးချိတ်ဆက်မှု ပိုမိုအားကောင်းလာမည်

တရုတ်နိုင်ငံ၏ အနောက်ပိုင်း ကုန်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (New Western Land-Sea Corridor) အတွက် အဓိကမဟာဗျူဟာစီမံကိန်းဖြစ်သည့် ပင်လုတူးမြောင်း (Pinglu Canal) စီမံကိန်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပင်လုတူးမြောင်းသည် နန်နင်းမြို့ရှိ ရှီကျင်ရေလှောင်ကန်ဧရိယာမှ စတင်ကာ ချင်ကျိုးမြို့နှင့် ဘေ့ပူပင်လယ်ကွေ့ (Beibu Gulf) သို့ ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ပြီး စုစုပေါင်းအရှည် ၁၃၄.၂ ကီလိုမီတာရှိသည်။ တူးမြောင်းကို တန်ချိန် ၅,၀၀၀ အထိရှိသော သင်္ဘောများ သွားလာနိုင်သည့် Class-I...

“တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” လင်ရှန်ခရိုင်တွင် နှစ်စဉ် လိုင်ချီးတန်ချိန် ၁၉၀,၀၀၀ ခန့် ထွက်ရှိ

ဂွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လင်ရှန်ခရိုင် (Lingshan County) သည် “တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” အဖြစ် လူသိများပြီး လိုင်ချီးထွက်ရှိမှုအရ ဂွမ်ရှီးဒေသတွင် အဆင့် (၁)၊ တရုတ်နိုင်ငံတစ်ဝန်းတွင် အဆင့် (၂) နေရာ၌ ရပ်တည်နေသည့် အရေးပါသော လိုင်ချီးထုတ်လုပ်ရေးဒေသတစ်ခုဖြစ်ကြောင်း သိရပါတယ်။ လင်ရှန်လိုင်ချီးသည် အမျိုးသားအဆင့် ပထဝီဝင်ညွှန်းကိန်း ကာကွယ်မှုနှင့် စိုက်ပျိုးရေးထုတ်ကုန် ပထဝီဝင်ညွှန်းကိန်း အသိအမှတ်ပြုလက်မှတ်များ ရရှိထားသည့် ထင်ရှားသော ဒေသထွက်ကုန်တစ်မျိုးဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အထိ လင်ရှန်ခရိုင်၏ လိုင်ချီးစိုက်ဧရိယာမှာ မူ (Mu) ၄၂၂,၆၀၀ ခန့်ရှိပြီး...

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ တာဝန်ရှိသူများ ပြည်သူ့ဆက်ဆံရေးကောင်း မွန်ရန်လို ပြည်သူများအသံကို မှန်မှန်သိရှိအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ပြော

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီး ချုပ်များ၊ ခရိုင်/ပြည်နယ်အဆင့်တာဝန်ရှိသူများအနေ ဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လိုကာ ပြည်သူ များ၏အသံကို မှန်မှန်သိရှိအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇွန် ၂၃ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအ စိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတက အထက် ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူများ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာလုပ်ကိုင်စားသောက်နေထိုင်နိုင်ရန် ၎င်းတို့ကြုံတွေ့နေရသည့် အ ခခက်အခဲများကိုဖြေရှင်းပေးနိုင်သည့်ဘက်မှဖြေရှင်းပေးရမည်ဖြစ်ကာ ပြည်သူများ၏ လိုလားချက်ကိုမှန် ကန်စွာသိမှသာ ဖြေရှင်းပေးနိုင်မည်ဖြစ်၍ ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရမည်ဟု မှာကြားသည်။ " အစိုးရအနေနဲ့ ဖြစ်လိုတာတွေကို မူဝါဒချမှတ်ဆောင် ရွက်ရပေမယ့် ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရှုလို့မဖြစ်ပါဘူး။ ပညာရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071