Monday, December 15, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsအခွန်နှင့်ပတ်သက်၍အမေရိက, က မလိုတစ်မျိုးလိုတစ်မျိုးလုပ်ဟုဆို

အခွန်နှင့်ပတ်သက်၍အမေရိက, က မလိုတစ်မျိုးလိုတစ်မျိုးလုပ်ဟုဆို

ပေကျင်း၏ မြေရှားသတ္တုများအပေါ် တိုးချဲ့ကန့်သတ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကသို့တင်ပို့သည့် ပို့ကုန်များအပေါ် နောက်ထပ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည်ဟု ဝါရှင်တန်က ကြေညာခဲ့သည်။
အလွန်တရာ ရန်လိုသော တရုတ်၏ မြေရှားသတ္တုပြည်ပတင်ပို့မှု ကန့်သတ်ချက်အသစ်ကို တုန့်ပြန်သောအားဖြင့် အရေးကြီး‌သော ဆော့ဖ်ဝဲတင်ပို့မှုအပေါ် အခွန်တိုးကောက်မည့်အပြင် ပို့ကုန်ထိန်းချုပ်မှုသည်လည်း နိုဝင်ဘာလ (၁)ရက်နေ့တွင် စတင်အကျိုးသက်‌ရောက်မည်ဖြစ်ကြောင်း ထရမ့်ပ်က သောကြာနေ့တွင် ပြောကြားလိုက်သည်။

တရုတ်သမ္မတ ရှိကျင့်ဖျင်နှင့် တောင်ကိုရီယားမှာနောက် သုံးပတ်အကြာတွင် အစည်းအဝေးကျင်းပမည်ဟု ကြေညာထားသော အစည်းအဝေး၏ ကျင်းပန်ုင်ချေကိုလည်း ယခုအခါ အစည်းအ‌ဝေးကိုကျင်းပစရာ အကြောင်းမရှိတော့ဟု ထရုသ် ဆိုရှယ်တွင်ပြောကြားခဲ့သည်။ ကျွန်တော် မဖျက်သိမ်းပါဘူး ဟု ထရမ့်ပ်က အိမ်ဖြူတော်တွင် သတင်းထောက်များအား နောက်ပိုင်းတွင် ပြောကြားခဲ့ပြန်သည်။ ပေကျင်းက အစည်းအဝေးကို မည်သည့်အခါကမှ အတည်မပြုခဲ့ပေ။

တနင်္လာနေ့တွင် ပေကျင်းက အမေရိကသည် စက်တင်ဘာလကတည်းက တရုတ်ကို ထိခို-က်စေသော စီးပွားရေး ဆောင်ရွက်ချက်များကို တစတစ တိုးမြှင့်နေသည်ဟု စွပ်စွဲခဲ့သည်။

“ဒီလုပ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ဆိုးဆိုးရွားရွားထိခို-က်စေပြီး နှစ်ဘက်ကြား စီးပွားရေးနဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲတွေကိုလည်း ဆိုးရွားစွာ ထိခိုက်စေပါတယ်” ဟု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“အကြိမ်တိုင်းမှာ စည်းကြပ်ခွန်တွေကို မြင့်တင်ဖို့ ခြိမ်းခြောက်တာဟာ တရုတ်နဲ့ ထိတွေ့ဆက်ဆံဖို့ မှန်ကန်တဲ့ ချဉ်းကပ်မှုနည်းလမ်း မဟုတ်ဘူး”ဟု‌ပေကျင်းက ပြောသည်။

Ref: ချန်နယ်နူးစ်အေးရှား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071