Wednesday, April 15, 2026

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင်...

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့်...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ်...

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော...

ဂျပန်က အရေးပါသော စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်

ဧပြီလ ၁၁ ရက် အမေရိက-ဖိလစ်ပိုင် နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုများတွင် ဂျပန်နိုင်ငံ ပါဝင်လာခြင်းသည် “အလွန်အရေးပါသော ကိစ္စရပ်” တစ်ခုဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော်...
HomeNewsLocal Newsအခွန်ဆောင်ရာတွင် အွန်လိုင်းငွေပေးချေမှုဖြင့်သာ အခွန်ဆောင်ကြရန်...

အခွန်ဆောင်ရာတွင် အွန်လိုင်းငွေပေးချေမှုဖြင့်သာ အခွန်ဆောင်ကြရန် စီမံ/ဘဏ္ဍာ ကြေညာ

အခွန်ထမ်း ပြည်သူများ အခွန်ပေးဆောင်ရာတွင် အွန်လိုင်းငွေပေးချေမှုစနစ်ဖြင့်သာ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး အခွန်ပေးဆောင်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည့် Taxpayer Portal အား တိုးချဲ့ ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင်လ (၁၁) ရက်တွင် အသိပေးကြေညာထားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ထမ်းပြည်သူများ အခွန်ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စေရန် ရည်ရွယ်၍ ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများ၊ မိုဘိုင်းငွေပေးချေမှုနည်းလမ်းများ (Mobile Banking, Mobile Payment)တို့ဖြင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ယက်စနစ် CBM – Net မှ တဆင့်လည်းကောင်း၊ MPU Debit Card အသုံးပြု၍ အွန်လိုင်းမှလည်းကောင်း အခွန်ပေးဆောင်နိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှစ၍ နိုင်ငံပိုင်ဘဏ်များတွင် ဘဏ်ငွေစာရင်းဖွင့်လှစ်ထားသော အခွန်ထမ်းများမှအပ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးများနှင့် ရန်ကုန်မြို့ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများတွင် အခွန်ထမ်း ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် အီလက်ထရောနစ် ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးဆောင်ရန် တပြေးညီ လက်ခံကျင့်သုံးဆောင်ရွက်လျက်ရှိရာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံအသိပေးထားရှိပြီးဖြစ်ကြောင်း သိရသည်။

အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများ၊ မိုဘိုင်းငွေပေးချေမှု နည်းလမ်းများ (သို့မဟုတ်) MPU Debit Card ကို အသုံးပြု၍ အခွန်ပေးဆောင်ရာတွင် သက်ဆိုင်ရာ အီလက်ထရောနစ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများမှ အခွန်ပေးသွင်းပြီးကြောင်း အထောက်အထားကို ကနဦးထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာ အခွန်ရုံးများ၏ ငွေစာရင်းများတွင် အခွန်ငွေလွှဲပြောင်းလက်ခံရရှိပြီးပါက ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းပြီးကြောင်း အထောက်အထား (ပတခ(e-payment)) ကို အခွန်ထမ်းထံကို Email ပေးပို့အကြောင်းကြားလျက်ရှိသည်။

တစ်ဦးချင်းအခွန်ထမ်းများအပါအဝင် တစ်နိုင်ငံလုံးရှိ အခွန်ထမ်းများအနေဖြင့် ဘဏ်များ၏ ငွေပေးချေမှုစနစ် (Payment Channel) အသီးသီးမှတစ်ဆင့် အီလက်ထရောနစ်ငွေပေးချေမှု နည်းလမ်းများဖြင့် လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်ရန်အတွက် အီလက်ထရောနစ် အခွန်ပေးဆောင်မှုစနစ်သစ်များနှင့် အခွန်ထမ်းတစ်ဦးချင်းအနေဖြင့် မိမိတို့သက်ဆိုင်သည့် အခွန်ပေးဆောင်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်မည့် Taxpayer Portal ကို တိုးချဲ့အကောင်အထည်ဖော်ရန် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်းလည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ အခွန်ထမ်းကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်သို့ ငွေသား/ချက်လက်မှတ်/ငွေပေးအမိန့်လွှာဖြင့် အခွန်ငွေပေးသွင်းမှုအစား ပိုမိုလွယ်ကူလျင်မြန်ပြီး လုံခြုံမှုရှိသည့် အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့်သာ အခွန်ပေးနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထပ်မံ၍ တိုက်တွန်းနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီး ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွား

အီရန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်မည့် သင်္ဘောများကို အမေရိကန်က စတင်ပိတ်ဆို့သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ အရေးယူမှုခံထားရသော တရုတ်ကုန်တင်သင်္ဘောတစ်စီးနှင့် အခြားသင်္ဘောတစ်စီးအပါအဝင် အနည်းဆုံး သင်္ဘောသုံးစီးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ပင်လယ်ကွေ့အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ Rich Starry ဟု အမည်ရသော တရုတ်သင်္ဘောသည် အမေရိကန်၏ ပိတ်ဆို့မှုစတင်ပြီးကတည်းက ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ကာ ပင်လယ်ကွေ့အတွင်းမှ ထွက်ခွာနိုင်ခဲ့သည့် သင်္ဘောဖြစ်ကြောင်း LSEG၊ MarineTraffic နှင့် Kpler တို့၏ အချက်အလက်များတွင် ဖော်ပြထားသည်။ အဆိုပါသင်္ဘောနှင့် ၎င်း၏ပိုင်ရှင်ဖြစ်သော Shanghai Xuanrun Shipping...

ဟူသီတို့ရန်မှလွတ်ရန် အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု အာဖရိကတိုက်ကိုပတ်၍ ခုတ်မောင်းနေရ

အမေရိကန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရပ်ပင်လယ်အတွင်း အင်အားတိုးချဲ့မည်ဆိုသည့် အမေရိကန်လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတစ်စုသည် ဟူသီတို့၏ တိုက်ခိုက်မှုမှလွတ်ရန် အာဖရိကတိုက်ကို တောင်ပိုင်းမှပတ်၍ ခုတ်မောင်းနေရကြောင်း တနင်္လာနေ့ထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်တင်သင်္ဘော USS George H.W. Bush နှင့် ၎င်း၏ အရန်စစ်သင်္ဘောများဖြစ်ကြသော USS Donald Cook (DDG-75)၊ USS Mason (DDG-87) နှင့် USS Ross (DDG-71) တို့ ပါဝင်သော စစ်သင်္ဘောအုပ်စုသည် မြေထဲပင်လယ်လမ်းကြောင်းကို ရှောင်ရှား၍ အာဖရိကတိုက်ကို တစ်ပတ်ပတ်ကာ...

GPS မလိုသော သိုရီယမ်နာရီအတွက် တရုတ်ထုတ် ‘ခရစ်စတယ်’ က လမ်းသစ်စထွင်

ဧပြီလ ၁၁ ရက် ရှင်ကျန်း မှ သိပ္ပံပညာရှင်များသည် အနာဂတ်တွင် အသုံးပြုမည့် သိုရီယမ် နျူကလီးယားနာရီ များအတွက် လိုအပ်သည့် ခရမ်းလွန်ရောင်ခြည်ကို ထုတ်လွှတ်ပေးနိုင်သော ကမ္ဘာ့ပထမဆုံး ခရစ်စတယ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါနည်းပညာသည် နောင်တစ်ချိန်တွင် ရေငုပ်သင်္ဘောများနှင့် အာကာသအနက်ပိုင်း စူးစမ်းရှာဖွေရေးယာဉ်များကို GPS မပါဘဲ လမ်းညွှန်ပေးနိုင်မည် ဖြစ်သည်။ ဖလိုရင်းပါဝင်သော ဘိုရိတ်ဒြပ်ပေါင်းသည် လေဆာရောင်ခြည်၏ လှိုင်းအလျားကို စံချိန်တင်အဆင့်ဖြစ်သော ၁၄၅.၂ နာနိုမီတာ အထိ ရောက်ရှိစေနိုင်ကြောင်း ဇန်နဝါရီလထုတ် Advanced Materials ဂျာနယ်တွင် အဖွဲ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071