Monday, April 20, 2026

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့်...

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့...

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို...

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှတောင်သူများကို ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင် (၁၀၀,၅၀၀)ကျပ်ဖြင့်ရောင်းချပေး

နေပြည်တော်ရှိ ကျေးရွာ(၆)ရွာမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား မြန်မာ့သြဘာကောမတ် G-46 ပုလဲဓာတ်မြေသြဇာတစ်အိတ်လျင်(၁၀၀,၅၀၀)ကျပ်နှုန်း တိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့် လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာစင်တာ၌ ယနေ့ ဧပြီ ၁၉...
HomeNewsအခွန်ကိစ္စ အာဆီယံ စီးပွားရေးဝန်ကြီးများ...

အခွန်ကိစ္စ အာဆီယံ စီးပွားရေးဝန်ကြီးများ ဆွေးနွေး

မြင့်မားသော အခွန်စည်းကြပ်မှုများအတွက် အမေရိကန်ပြည်ထောင်စုအပေါ် လက်တုန့်ပြန် အခွန်ကောက်မှုများ လုပ်ဆောင်မည်မဟုတ်ကြောင်း အာဆီယံ စီးပွားရေးဝန်ကြီးများက ယနေ့(ဧပြီလ ၁၀ရက်နေ့) တွင် ကတိပြုလိုက်ပြီး ၎င်းတို့အနေဖြင့် ဆွေးနွေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် အာဆီယံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အတွက် အကြီးဆုံး အရင်းမြစ်ဖြစ်ကာ ၂၀၂၄ ခုနှစ်တွင် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သောကြောင့် လက်တုန့်ပြန်ခြင်းသည် အကျိုးရှိလိမ့်မည်မဟုတ်ဟု ဝန်ကြီးများက ပြောဆိုခဲ့သည်။

ကမ္ဘာ့ပဉ္စမမြောက်အကြီးဆုံး စီးပွားရေးအစုအဖွဲ့ဖြစ်သည့် အာဆီယံအနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်တွင် ကြေညာခဲ့ပြီး ယင်းနောက်မကြာမီ ဧပြီ ၉ ရက်တွင် ဆိုင်းငံ့ထားလိုက်သော ထပ်တိုးအခွန်စည်းကြပ်မှုများအပါအဝင် အမေရိက၏ တစ်ဖက်သတ်အခွန်စည်းကြပ်မှုများနှင့် ပတ်သက်၍ လွန်စွာစိုးရိမ်မိကြောင်း အွန်လိုင်းအစည်းအပြီး ထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်တွင် ဝန်ကြီးများက ပြောကြားထားသည်။

သို့သော်လည်း ကုန်သွယ်မှုဆိုင်ရာ စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် အမေရိကနှင့် ပွင့်လင်းပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုတွင် ပါဝင်ရန် အသင့်ရှိသည်ဟု ဝန်ကြီးများက ပြောကြားခဲ့သည်။

ပွင့်လင်းသော ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဟန်ချက်ညီ၍ ရေရှည်တည်တံ့သော ဆက်ဆံရေးအတွက် အရေးကြီးပါကြောင့် ထိုသဘောတရားအရ အမေရိက အခွန်စည်းကြပ်မှုများကို လက်တုန့်ပြန်သည့် အစီအမံများကို မချမှတ်ရန် အာဆီယံက ကတိပြုလိုက်ကြောင်း ၎င်းတို့က ပြောဆိုခဲ့သည်။

အာဆီယံအဖွဲ့ဝင်အားလုံးက “လက်တုန့်ပြန်ခြင်းသည် ရွေးချယ်စရာ မဟုတ်ဟု ညီညွတ်သော သဘောထားအမြင်ရှိခဲ့သည်” ဟု မလေးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၏ သီးခြား သတင်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြခဲ့သည်။

အထူးအစည်းအဝေးကို မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Datuk Seri Tengku Zafrul Abdul Aziz က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ မလေးရှားနိုင်ငံသည် အာဆီယံ၏ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူထားသည်။

ဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်အကြီးအကဲများပါဝင်သော သီးခြား လူချင်းတွေ့ဆုံ ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူရ်၌ ယနေ့ ပြုလုပ်လျက်ရှိသည်ဟုလည်း သိရသည်။

Ref: မလေးမေးလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့

ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကို လျှပ်စစ် နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားရောက်ခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ခရီးစဉ်အတွင်း မြန်မာ-ရုရှား-တရုတ် သုံးနိုင်ငံ ပူးပေါင်း၍ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်ဖူလုံရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်သည် ဧပြီ ၁၉ ရက်၊ နေ့လယ်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့သည်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ အတွက် ရေနံ နှင့် ရေနံထွက်ပစ္စည်းများ ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် သဘောတူညီမှုလက်မှတ်ရေးထိုးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့်...

ပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်၍ လမ်း များပေါ်သို့ သစ်ပင်အများအပြားလဲကျ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ ဧပြီ ၁၉ ရက်ညနေ ၅ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်၍ လမ်းများပေါ်သို့ သစ်ပင်များလဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပွင့်ဖြူ-ရှောက်တော-ကုန်းဇောင်းသွားကားလမ်း၊ ရှောက်တော-မဲဇလီ ကျေးရွာချင်းဆက်ကားလမ်း၊ ပွင့်ဖြူ-စလင်းသွားကားလမ်းမပေါ်တို့သို့ ကုက္ကိုပင်၊ ကု လားမန်ကျည်းပင်၊ ကင်ပွန်းခါးပင်၊ ထနောင်းပင်၊ ယူ ကလစ်ပင်များလဲကျခြင်း၊ သစ်ကိုင်းကျိုးပဲ့ကျခြင်းများဖြစ်ပေါ်ကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ‌မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျေးရွာနေသူများက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားသစ်(အပြန်လမ်း)အား ဇွန်လတွင်ပြန်လည်အသုံးပြုနိုင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတား(အပြန်လမ်း)မှာ ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ ပြန်လည်တည်ဆောက်မှုများပြုလုပ်လျက်ရှိရာ လာမည့် ဇွန်လအတွင်း၌ ပြန်လည်အသုံးပြုနိုင်မည်ဖြစ် သည်။ ထိုသို့ ပြန်လည်တည်ဆောက်နေခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်မှ ဧပြီ ၁၉ ရက်ကကြည့်ရှုစစ်ဆေး၍ တည်ဆောက်ရေးတာဝန်ယူထားသူများအနေဖြင့် တံတားအသစ်ပြန်လည်တည်ဆောက်ရာတွင် ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာကြပ်မတ်ဆောင်ရွက်ရန်၊ အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုအားအမြဲမပြတ်စစ်ဆေးရန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံတားလုပ်ငန်းခွင်၌ P-1 မှ P-9 အထိ Steel Plate Girder များတပ်ဆင်ပြီးစီး၍ တံတားကြမ်းခင်း ကွန်ကရစ်လောင်းပြီးမှု၊ Bearing များအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071